သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု သြစတြေးလျ ထောက်ခံကူညီမည်


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne. (ဇူလိုင် ၂၈၊ ၂၀၂၀)
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne. (ဇူလိုင် ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

အာဆီယံရဲ့ ဆွေးနွေးဘက်နိုင်ငံတခုဖြစ်တဲ့ သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာ့အရေး အာဆီယံကြိုးပမ်းမှုကို အပြုသဘောနဲ့ ထောက်ခံပေးသွားမှာဖြစ်ပြီး အချက် ၅ ချက်ပါ အာဆီယံခေါင်းဆောင်များ ဘုံသဘောထားကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခ ပြေလည်ရေးအတွက် အာဆီယံအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ သြစတြေးလျက ယူဆကြောင်းလည်း အမျိုးသမီးရေးရာဝန်ကြီးလည်းဖြစ်တဲ့ Marise Payne က ပြောပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲက ထွက်ပေါ်လာတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ထောက်ခံတဲ့အနေနဲ့ မြန်မာနိုင်ငံအတွက် အာဆီယံက လုပ်ဆောင်ပေးမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်တွေအတွက် သြစတြေးလျဒေါ်လာ ၅ သန်း ကူညီ ပံ့ပိုးပေးသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်းက တင်းမာမှုတွေ လျော့ကျရေးအတွက် သြစတြေးလျအနေနဲ့ အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သြစတြေးလျ မူဝါဒတွေထဲမှာ ပိတ်ဆို့ အရေးယူရေး အပါအဝင် မြန်မာပြည်သူတွေရဲ့ဆန္ဒကို ပံ့ပိုးပေးမယ့် ပေါ်လစီတွေကို ပြင်ဆင် ချမှတ်သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Marise Payne ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူပဲ အချက် ၅ ချက်ပါ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်ကို ကြိုဆိုကြောင်း အီးယူ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က ပြောကြားလိုက်ပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ ပြေလည်ရေးအတွက် အားရစရာကောင်းတဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း စနေနေ့မှာ ပြောပါတယ်။

----------------------

(Unicode)







XS
SM
MD
LG