သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းစစ်တပ်အကျိုးရှိစေမယ့် အထောက်အပံ့ရပ်ဆိုင်းဖို့ ဂျပန်ကို HRW တိုက်တွန်း


မှတ်တမ်းဓါတ်ပုံ- ဧပြီလ ၁ ရက်နေ့တုန်းက ဂျပန်နိုင်ငံခြားရေးသံရုံးရှေ့ ဆန္ဒပြစဉ် (ဓါတ်ပုံ- © The Yomiuri Shimbun via AP Images)
မှတ်တမ်းဓါတ်ပုံ- ဧပြီလ ၁ ရက်နေ့တုန်းက ဂျပန်နိုင်ငံခြားရေးသံရုံးရှေ့ ဆန္ဒပြစဉ် (ဓါတ်ပုံ- © The Yomiuri Shimbun via AP Images)

(Zawgyi/Unicode)

မြန်မာနိုင်ငံ အတွက် ဂျပန်က ပေးအပ်နေတဲ့ အထောက်အပံ့တွေကို ပြန်သုံးသပ်ပြီး အာဏာသိမ်း စစ်တပ်ကို အကျိုးရှိစေမယ့် လူသားချင်း စာနာထောက်ကူမှု မဟုတ်တဲ့ အကူအညီတွေကို ရပ်ဆိုင်းရေး HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက အင်္ဂါနေ့မှာ တိုက်တွန်းပါတယ်။

မြန်မာ အစိုးရ ဝန်ကြီး ဌာနတွေက လုပ်ကိုင်နေတဲ့ အခြေခံ အဆောက်အဦးတည်ဆောက်ရေး ဆိုင်ရာ ဖွံ့ဖြိုးမှု အကူအညီတွေနဲ့ စစ်တပ် ထိန်းချုပ်တဲ့ လုပ်ငန်းကြီးတွေ ပတ်သက်နေတဲ့ တခြား အထောက်အပံ့တွေကို ဂျပန်ဘက်က ချက်ချင်း ရပ်ဆိုင်းပေးဖို့ HRW က တောင်းဆိုတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အတွက် လူသားချင်း စာနာထောက်ကူမှု မဟုတ်တဲ့ အကူအညီသစ်တွေ ထပ်ပေးတာမျိုး မလုပ်ဘူးလို့ ဂျပန် အစိုးရက ပြောဆိုထားတာပါ။

ဒါပေမယ့်လည်း လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ရှိနေပြီးသား စီမံကိန်းတွေ အရေးကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုမထားပါဘူး။ ၂၀၁၉ ခုနှစ် အတွင်း ဂျပန်က မြန်မာကို ချေးငွေ ဒေါ်လာ သန်း ၁၆၀၀ ချထားပေးခဲ့ပြီး ထောက်ပံ့ကူညီမှု အဖြစ် ဒေါ်လာ သန်း ၁၄၀၊ လေ့ကျင့် သင်တန်းပေးမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၆၂ သန်းထိ ပေးခဲ့ကြောင်း နောက်ဆုံးထုတ် စာရင်းတွေမှာ ဖော်ပြပါတယ်။

လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်နေတဲ့ အခြေအနေမှာ ဂျပန် အနေနဲ့ စောင့်ကြည့် သုံးသပ်မယ့် ချဉ်းကပ်မှုမျိုး မဟုတ်ဘဲ မြန်မာဆိုင်ရာ အကူအညီတွေကို ချက်ချင်း တာဝန်ယူမှု ရှိရှိ ပြန်လည် သုံးသပ်ဖို့ HRW ရဲ့ အာရှဆိုင်ရာ အစီအစဉ် တာဝန်ခံ Teppei Kasai က ထုတ်ပြန်ချက်မှာ တိုက်တွန်း ထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးရသူ ၇၅၀ ကျော် ရှိပြီး ဒီထဲမှာ အနည်းဆုံး ကလေးငယ် ၄၅ ယောက် ပါဝင်ကြောင်း၊ နိုင်ငံရေးသမားတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူ ခန့်မှန်းခြေ ၃၄၃၁ ဦး ဖမ်းဆီးခံထားရကြောင်း HRW က ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG