(Zawgyi/Unicode)
အေမရိကန္သမၼတ Joe Biden က သူ႔လက္ထက္မွာ အိမ္ျဖဴေတာ္ကို ပထမဆုံးေရာက္လာတဲ့ ျပည္ပေခါင္းေဆာင္ တဦးအျဖစ္ ဂ်ပန္၀န္ႀကီးခ်ဳပ္ Yoshihide Suga ကို ေသာၾကာေန႔က လက္ခံေတြ႕ဆုံပါတယ္။
“က်ေနာ့္သမၼတ သက္တမ္းမွာ ပထမဆုံး ျပည္ပက ေခါင္းေဆာင္တဦးအျဖစ္ အခုလို ေရာက္ရွိလာတဲ့ မဟာမိတ္ အရင္းအျခာလည္းျဖစ္၊ မိတ္ဖက္ေကာင္းလည္းျဖစ္တဲ့ ပုဂၢိဳလ္တဦးကို ၀မ္းေျမာက္၀မ္းသာ ႀကိဳဆိုပါတယ္။” လို႔ သမၼတ Biden က အိမ္ျဖဴေတာ္ ေတြ႕ဆုံပဲြမွာ ေျပာလိုက္တာပါ။
၂ ႏိုင္ငံ ေခါင္းေဆာင္ေတြ ေတြ႕ဆုံရာမွာ ေဒသတြင္းမွာ ၾသဇာအရွိန္အဝါ ခ်ဲ႕ထြင္လာေနတဲ့ တ႐ုတ္ႏိုင္ငံအေရးကို ဦးစားေပး ေဆြးေႏြးဖို႔လည္း ရွိေနပါတယ္။ တ႐ုတ္ႏိုင္ငံအေပၚ အားထားေနရတာေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔နဲ႔ တ႐ုတ္ Huawei ကုမၸဏီရဲ႕ 5G ျမန္ႏႈန္းျမင့္ အင္တာနက္ ဆက္သြယ္မႈေနရာမွာ အစားထိုးႏိုင္မယ့္ လုပ္ငန္းေတြအတြက္ အေမရိကန္နဲ႔ ပူးတဲြေဆာင္ရြက္ဖို႔ ဂ်ပန္ႏိုင္ငံက ေဒၚလာသန္း ၂ ေထာင္ သုံးစဲြမယ့္ အစီအစဥ္ေတြကို သေဘာတူညီမႈ ရရွိလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ရေၾကာင္းလည္း အေမရိကန္ အစိုးရ အဆင့္ျမင့္ အရာရွိတဦးက ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံက သူ႔ရဲ႕ အစိတ္အပိုင္းတခုအျဖစ္ ေျပာဆိုထားၿပီး၊ တ႐ုတ္အစိုးရက စစ္ေရးအရ တိုးျမႇင့္ဖိအားေပးခံေနရတဲ့ ထိုင္၀မ္ကၽြန္းနဲ႔ ပတ္သက္လို႔လည္း ၂ ႏိုင္ငံ ေခါင္းေဆာင္ေတြ ေတြ႕ဆုံမႈကေန တရား၀င္ ထုတ္ျပန္ခ်က္တေစာင္ ထြက္ေပၚလာမယ္လို႔ အေမရိကန္ တာ၀န္ရွိသူက ေျပာပါတယ္။
...........
ဂျပန်ဝန်ကြီးချုပ်ကို သမ္မတ Biden အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံ
(Unicode)
အမေရိကန်သမ္မတ Joe Biden က သူ့လက်ထက်မှာ အိမ်ဖြူတော်ကို ပထမဆုံးရောက်လာတဲ့ ပြည်ပခေါင်းဆောင် တဦးအဖြစ် ဂျပန်ဝန်ကြီးချုပ် Yoshihide Suga ကို သောကြာနေ့က လက်ခံတွေ့ဆုံပါတယ်။
“ကျနော့်သမ္မတ သက်တမ်းမှာ ပထမဆုံး ပြည်ပက ခေါင်းဆောင်တဦးအဖြစ် အခုလို ရောက်ရှိလာတဲ့ မဟာမိတ် အရင်းအခြာလည်းဖြစ်၊ မိတ်ဖက်ကောင်းလည်းဖြစ်တဲ့ ပုဂ္ဂိုလ်တဦးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။” လို့ သမ္မတ Biden က အိမ်ဖြူတော် တွေ့ဆုံပွဲမှာ ပြောလိုက်တာပါ။
၂ နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံရာမှာ ဒေသတွင်းမှာ သြဇာအရှိန်အဝါ ချဲ့ထွင်လာနေတဲ့ တရုတ်နိုင်ငံအရေးကို ဦးစားပေး ဆွေးနွေးဖို့လည်း ရှိနေပါတယ်။ တရုတ်နိုင်ငံအပေါ် အားထားနေရတာတွေကို လျှော့ချနိုင်ဖို့နဲ့ တရုတ် Huawei ကုမ္ပဏီရဲ့ 5G မြန်နှုန်းမြင့် အင်တာနက် ဆက်သွယ်မှုနေရာမှာ အစားထိုးနိုင်မယ့် လုပ်ငန်းတွေအတွက် အမေရိကန်နဲ့ ပူးတွဲဆောင်ရွက်ဖို့ ဂျပန်နိုင်ငံက ဒေါ်လာသန်း ၂ ထောင် သုံးစွဲမယ့် အစီအစဉ်တွေကို သဘောတူညီမှု ရရှိလိမ့်မယ်လို့လည်း မျှော်လင့်ရကြောင်းလည်း အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိတဦးက ပြောပါတယ်။
တရုတ်နိုင်ငံက သူ့ရဲ့ အစိတ်အပိုင်းတခုအဖြစ် ပြောဆိုထားပြီး၊ တရုတ်အစိုးရက စစ်ရေးအရ တိုးမြှင့်ဖိအားပေးခံနေရတဲ့ ထိုင်ဝမ်ကျွန်းနဲ့ ပတ်သက်လို့လည်း ၂ နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမှုကနေ တရားဝင် ထုတ်ပြန်ချက်တစောင် ထွက်ပေါ်လာမယ်လို့ အမေရိကန် တာဝန်ရှိသူက ပြောပါတယ်။