သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NATO တပ္ဖဲြ႔ေတြ အာဖဂန္က ရုပ္သိမ္းခ်ိန္တန္ၿပီ (ကန္၀န္ႀကီး Antony Blinken)


(Zawgyi/Unicode)

အာဖဂန္နစၥတန္ႏုိင္ငံမွာ တပ္စြဲထားတဲ့ ေျမာက္အႏၱလန္တိန္စာခ်ဳပ္ NATO တပ္ဖြဲ႔၀င္ေတြကို ျပန္ေခၚဖို႔ အခ်ိန္ေရာက္လာၿပီလို႔ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken က ဗုဒၶဟူးေန႔မွာေျပာပါတယ္။

တပ္ေတြေစလႊတ္ခဲ့ရတဲ့ ရည္မွန္းခ်က္ေတြ ျပည့္မွီသြားၿပီျဖစ္တဲ့အတြက္ အာဖဂန္နစၥတန္ႏုိင္ငံေရာက္ေနတိုး တပ္ေတြကို လာမယ့္လေတြအတြင္း ေဘးကင္းလုံၿခဳံစြာျပန္႐ုပ္သိမ္းႏုိင္ဖို႔ အေသအခ်ာပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္တယ္လို႔လည္း ဘယ္လ္ဂ်ီယံႏုိင္ငံဘရပ္ဆဲလ္ၿမိဳ ႔မွာ ေနတိုးအၾကီးအကဲ Jens Stoltenberg နဲ႔ပူးတြဲလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ၀န္ႀကီး Blinken ကအဲဒီလို ေျပာဆိုခဲ့တာပါ။ တပ္ေတြကို ျပန္ရုပ္မွာျဖစ္ေပမယ့္ အာဖဂန္နစၥတန္အေပၚထားရွိတဲ့ ကတိက၀တ္ေတြေတာ့ ေျပာင္းလဲသြားမွာမဟုတ္ဘူးလို႔လည္း ေျပာပါတယ္။

ေနတိုးအႀကီးအကဲ Stolenberg အေမရိကန္ကာကြယ္ေရး၀န္ႀကီး Lloyd Austin၊ ဂ်ာမန္ႏုိင္ငံျခားေရး၀န္ႀကီး Heiko Maas ၊ အီတလီႏုိင္ငံျခားေရး၀န္ႀကီး Luigi DiMaio နဲ႔ တူရကီႏုိင္ငံျခားေရး၀န္ႀကီး Mevlut Cavusoglu အျပင္ ၿဗိတိန္ႏုိင္ငံျခားေရး၀န္ႀကီး Domonic Raab တို႔နဲ႔လည္း ၀န္ႀကီး Blinken ဗုဒၶဟူးေန႔မွာ ေတြ႔ဆုံေဆြးေႏြးဖို႔လည္း စီစဥ္ထားပါတယ္။

အာဖဂန္နစၥတန္မွာတပ္စြဲထားတဲ့ေနတိုးတပ္ဖြြဲ ႔ေတြရဲ ႔ အေရးကိစၥမွာ အေမရိကန္နဲ႔ အနီးကပ္တုိင္ပင္ ပူးေပါင္းေဆာင္ရြက္ခြင့္ရတဲ့အေပၚ ႀကိဳဆိုပါတယ္လို႔ Stolenberg ကေျပာပါတယ္။ အာဖဂန္က အေမရိကန္တပ္ေတြကို ျပန္႐ုပ္ဖို႔ကိုလည္း ေနတိုးတပ္ဖြဲ႔၀င္ မဟာမိတ္ႏုိင္ငံ ေတြနဲ႔ လက္တြဲၿပီး ဆုံးျဖတ္မွာျဖစ္တယ္လို႔ အေမရိကန္အရာရွိေတြကေျပာဆိုထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

NATO တပ်ဖွဲ့တွေ အာဖဂန်က ရုပ်သိမ်းချိန်တန်ပြီ (ကန်ဝန်ကြီး Antony Blinken)
(Unicode)

အာဖဂန်နစ္စတန်နိုင်ငံမှာ တပ်စွဲထားတဲ့ မြောက်အန္တလန်တိန်စာချုပ် NATO တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ဖို့ အချိန်ရောက်လာပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။

တပ်တွေစေလွှတ်ခဲ့ရတဲ့ ရည်မှန်းချက်တွေ ပြည့်မှီသွားပြီဖြစ်တဲ့အတွက် အာဖဂန်နစ္စတန်နိုင်ငံရောက်နေတိုး တပ်တွေကို လာမယ့်လတွေအတွင်း ဘေးကင်းလုံခြုံစွာပြန်ရုပ်သိမ်းနိုင်ဖို့ အသေအချာပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဘယ်လ်ဂျီယံနိုင်ငံဘရပ်ဆဲလ်မြို့မှာ နေတိုးအကြီးအကဲ Jens Stoltenberg နဲ့ပူးတွဲလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Blinken ကအဲဒီလို ပြောဆိုခဲ့တာပါ။ တပ်တွေကို ပြန်ရုပ်မှာဖြစ်ပေမယ့် အာဖဂန်နစ္စတန်အပေါ်ထားရှိတဲ့ ကတိကဝတ်တွေတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

နေတိုးအကြီးအကဲ Stolenberg အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin၊ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Heiko Maas ၊ အီတလီနိုင်ငံခြားရေးဝန်ကြီး Luigi DiMaio နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu အပြင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Domonic Raab တို့နဲ့လည်း ဝန်ကြီး Blinken ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။

အာဖဂန်နစ္စတန်မှာတပ်စွဲထားတဲ့နေတိုးတပ်ဖွဲ့တွေရဲ့ အရေးကိစ္စမှာ အမေရိကန်နဲ့ အနီးကပ်တိုင်ပင် ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အပေါ် ကြိုဆိုပါတယ်လို့ Stolenberg ကပြောပါတယ်။ အာဖဂန်က အမေရိကန်တပ်တွေကို ပြန်ရုပ်ဖို့ကိုလည်း နေတိုးတပ်ဖွဲ့ဝင် မဟာမိတ်နိုင်ငံ တွေနဲ့ လက်တွဲပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့ အမေရိကန်အရာရှိတွေကပြောဆိုထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG