သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ႏိုင္ငံျခားေရးဝန္ႀကီး ေနတိုး မဟာမိတ္ေတြနဲ႔ Belgium မွာ ေတြ႔ဆုံ ေဆြးေႏြး


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken၊ ဥေရာပနဲ႔ NATO ေျမာက္အတၱလႏၲိတ္စစ္စာခ်ဳပ္အဖြဲ႔ မဟာမိတ္ေတြနဲ႔ ေဆြးေႏြးေနတဲ့ ျမင္ကြင္း။ (ဧၿပီ ၁၃၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ၿမဳိ႕ေတာ္မွာေရာက္ရွိေနၿပီး ဥေရာပနဲ႔ NATO ေျမာက္အတၱလႏၲိတ္စစ္စာခ်ဳပ္အဖြဲ႔ မဟာမိတ္ေတြနဲ႔ အေၾကာင္းရပ္မ်ဳိးစံုကို ေဆြးေႏြးေနပါတယ္။ ယူကရိန္းနယ္စပ္တေလွ်ာက္ ႐ုရွားတပ္ေတြ အားျဖည့္ခ်ထားေနတဲ့ကိစၥ၊ အာဖဂန္နစၥတန္ႏိုင္ငံက ညြန္႔ေပါင္းတပ္ဖြဲ႔ေတြရဲ႕ လုပ္ေဆာင္မႈမ်ား၊ အစရွိသျဖင့္ပါဝင္ပါတယ္။

Mr. Blinken ဟာ လြန္ခဲ့တဲ့ သီတင္း ၃ ပတ္ကပဲ NATO အဖြဲ႔ဝင္ႏိုင္ငံေတြနဲ႔ အဲဒီမွာ ထိပ္သီးေဆြးေႏြးပြဲ က်င္းပခဲ့ၿပီး အခု ေနာက္တေခါက္ ျပန္သြားေရာက္တာ ျဖစ္ပါတယ္။ အဲဒီတုန္းကတည္းက မဟာမိတ္ႏိုင္ငံေတြနဲ႔ ဆက္ဆံေရး ပိုအားေကာင္းေအာင္ လုပ္ေဆာင္ဖို႔ အေမရိကန္ျပည္ေထာင္စုက အေလးထားလုပ္ေဆာင္ေနပါတယ္လို႔ Mr. Blinken ေျပာသြားတာပါ။

ဒီကေန႔မွာေတာ့ သူ႔ရဲ႕ အစီအစဥ္မွာ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေဆြးေႏြးဖို႔လည္း ထည့္သြင္းထားတာ ေတြ႔ရပါတယ္။ ရုရွားတပ္ေတြ ယူကရိန္းနဲ႔ နယ္စပ္ေဒသေတြမွာ တိုးျမွင့္ခ်ထားတာအေပၚ အေမရိကန္နဲ႔ တျခားႏိုင္ငံေတြ စိုးရိမ္မႈေတြ တိုးလာေနတာျဖစ္ပါတယ္။ ယူကရိန္းနယ္စပ္တေလွ်ာက္ ႐ုရွားက ဒီလို စစ္အင္အားျဖည့္တင္းေနတာကို ရပ္မွရမယ္လို႔လည္း Mr. Blinken က ေျပာပါတယ္။ NATO အႀကီးအကဲ Jens Stoltenberg ကလည္း ႐ုရွားရဲ႕ လုပ္ရပ္ဟာ စိုးရိမ္စရာျဖစ္ၿပီး ခ်က္ခ်င္းရပ္ပါလို႔ အလားတူေျပာသြားပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံအေျခအေနနဲ႔ ပတ္သတ္ၿပီး ေဆြးေႏြးရာမွာေတာ့ သမၼတ ထရမ့္ လက္ထက္က တာလီဘန္နဲ႔ သေဘာတူထားခဲ့တဲ့ ေမလ ၁ ရက္ေန႔ မတိုင္ခင္သီတင္းပတ္ေတြမွာ အာဖဂန္မွာ က်န္ေနေသးတဲ့ အေမရိကန္တပ္ေတြ ႐ုပ္သိမ္းေရးကိစၥ ေဆြးေႏြးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန် နိုင်ငံခြားရေးဝန်ကြီး နေတိုး မဟာမိတ်တွေနဲ့ Belgium မှာ တွေ့ဆုံ ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာရောက်ရှိနေပြီး ဥရောပနဲ့ NATO မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ မဟာမိတ်တွေနဲ့ အကြောင်းရပ်မျိုးစုံကို ဆွေးနွေးနေပါတယ်။ ယူကရိန်းနယ်စပ်တလျှောက် ရုရှားတပ်တွေ အားဖြည့်ချထားနေတဲ့ကိစ္စ၊ အာဖဂန်နစ္စတန်နိုင်ငံက ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်မှုများ၊ အစရှိသဖြင့်ပါဝင်ပါတယ်။

Mr. Blinken ဟာ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်ကပဲ NATO အဖွဲ့ဝင်နိုင်ငံတွေနဲ့ အဲဒီမှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပြီး အခု နောက်တခေါက် ပြန်သွားရောက်တာ ဖြစ်ပါတယ်။ အဲဒီတုန်းကတည်းက မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုအားကောင်းအောင် လုပ်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုက အလေးထားလုပ်ဆောင်နေပါတယ်လို့ Mr. Blinken ပြောသွားတာပါ။

ဒီကနေ့မှာတော့ သူ့ရဲ့ အစီအစဉ်မှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့လည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။ ရုရှားတပ်တွေ ယူကရိန်းနဲ့ နယ်စပ်ဒေသတွေမှာ တိုးမြှင့်ချထားတာအပေါ် အမေရိကန်နဲ့ တခြားနိုင်ငံတွေ စိုးရိမ်မှုတွေ တိုးလာနေတာဖြစ်ပါတယ်။ ယူကရိန်းနယ်စပ်တလျှောက် ရုရှားက ဒီလို စစ်အင်အားဖြည့်တင်းနေတာကို ရပ်မှရမယ်လို့လည်း Mr. Blinken က ပြောပါတယ်။ NATO အကြီးအကဲ Jens Stoltenberg ကလည်း ရုရှားရဲ့ လုပ်ရပ်ဟာ စိုးရိမ်စရာဖြစ်ပြီး ချက်ချင်းရပ်ပါလို့ အလားတူပြောသွားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံအခြေအနေနဲ့ ပတ်သတ်ပြီး ဆွေးနွေးရာမှာတော့ သမ္မတ ထရမ့် လက်ထက်က တာလီဘန်နဲ့ သဘောတူထားခဲ့တဲ့ မေလ ၁ ရက်နေ့ မတိုင်ခင်သီတင်းပတ်တွေမှာ အာဖဂန်မှာ ကျန်နေသေးတဲ့ အမေရိကန်တပ်တွေ ရုပ်သိမ်းရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG