သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူကရိန္းကို NATO အဖြဲ႕ဝင္ျဖစ္ေအာင္ ကန္ လုပ္ေဆာင္မည္မဟုတ္


မွတ္တမ္းဓါတ္ပံု -၂၀၁၉ ေအာက္တိုဘာတုန္းက NATO အဖြဲ႕ အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg ႏွင့္ ယူကရိန္း သမၼတ Volodymyr Zelenskiy

(Zawgyi/Unicode)

ယူကရိန္းႏိုင္ငံရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္မႈကို ဆက္လက္ အားေပးေထာက္ခံမယ့္အေၾကာင္း အေမရိကန္က အဂၤါေန႔မွာ ကတိျပဳေျပာၾကားလိုက္ေပမဲ့ ေျမာက္အတၱလန္တိတ္ စာခ်ဳပ္အဖြဲ႕ (NATO) အဖြဲ႕ဝင္အျဖစ္ တရားဝင္ ေထာက္ခံမႈေတာ့ မေပးခဲ့ပါဘူး။

ယူကရိန္းႏိုင္ငံကို အခိုင္အမာ အားေပးေထာက္ခံေပမဲ့ NATO အဖြဲ႕ဝင္အျဖစ္ လက္ခံဖို႔ကေတာ့ မဟာမိတ္အဖြဲ႕ႀကီးကသာ ဆုံးျဖတ္ရမွာျဖစ္ေၾကာင္း အေမရိကန္သမၼတ အိမ္ျဖဴေတာ္ ေျပာခြင့္ရ Jen Psaki က အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာလိုက္တာပါ။

ယူကရိန္းႏိုင္ငံ နယ္စပ္မွာ မၾကာေသးခင္ရက္ေတြက ႐ုရွားတပ္ဖြဲ႕ေတြရဲ႕ လႈပ္ရွားမႈေတြေၾကာင့္ ယူကရိန္းနဲ႔ အေမရိကန္ အပါအဝင္ အေနာက္ႏိုင္ငံေတြက စိုးရိမ္တဲ့ သေဘာထားေတြ ေျပာဆိုထားၾကပါတယ္။

႐ုရွားကို သတိေပးတဲ့ အေနနဲ႔ NATO မဟာမိတ္အဖြဲ႕မွာ ယူကရိန္းႏိုင္ငံကို လက္ခံဖို႔လည္း NATO အဖြဲ႕ အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg ၊ ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau တို႔နဲ႔ အဂၤါေန႔ အေစာပိုင္းက ဆက္သြယ္ေျပာဆိုရာမွာ ယူကရိန္းသမၼတ Volodymyr Zelenskiy ကတိုက္တြန္းခဲ့တာပါ။

ျပဳျပင္ေျပာင္းလဲေရး သက္သက္ေလာက္နဲ႔ ႐ုရွားကို ဟန႔္တားႏိုင္မွာ မဟုတ္ဘဲ NATO ကသာ စစ္ကိုတားႏိုင္မွာ ျဖစ္ေၾကာင္းလည္း ယူကရိန္းသမၼတက ေနာက္ပိုင္း Twitter လူမႈကြန္ရက္မွာ ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ယူကရိန်းကို NATO အဖွဲ့ဝင်ဖြစ်အောင် ကန် လုပ်ဆောင်မည်မဟုတ်

(Unicode)

ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ဆက်လက် အားပေးထောက်ခံမယ့်အကြောင်း အမေရိကန်က အင်္ဂါနေ့မှာ ကတိပြုပြောကြားလိုက်ပေမဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင်အဖြစ် တရားဝင် ထောက်ခံမှုတော့ မပေးခဲ့ပါဘူး။

ယူကရိန်းနိုင်ငံကို အခိုင်အမာ အားပေးထောက်ခံပေမဲ့ NATO အဖွဲ့ဝင်အဖြစ် လက်ခံဖို့ကတော့ မဟာမိတ်အဖွဲ့ကြီးကသာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ယူကရိန်းနိုင်ငံ နယ်စပ်မှာ မကြာသေးခင်ရက်တွေက ရုရှားတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကြောင့် ယူကရိန်းနဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက စိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုထားကြပါတယ်။

ရုရှားကို သတိပေးတဲ့ အနေနဲ့ NATO မဟာမိတ်အဖွဲ့မှာ ယူကရိန်းနိုင်ငံကို လက်ခံဖို့လည်း NATO အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg ၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့နဲ့ အင်္ဂါနေ့ အစောပိုင်းက ဆက်သွယ်ပြောဆိုရာမှာ ယူကရိန်းသမ္မတ Volodymyr Zelenskiy ကတိုက်တွန်းခဲ့တာပါ။

ပြုပြင်ပြောင်းလဲရေး သက်သက်လောက်နဲ့ ရုရှားကို ဟန့်တားနိုင်မှာ မဟုတ်ဘဲ NATO ကသာ စစ်ကိုတားနိုင်မှာ ဖြစ်ကြောင်းလည်း ယူကရိန်းသမ္မတက နောက်ပိုင်း Twitter လူမှုကွန်ရက်မှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG