သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားသံအရာရွိကုိ သူလွ်ဳိလုပ္မႈနဲ႔ ဘူလ္ေဂးရီးယား ျပည္ႏွင္ဒဏ္ေပး


Sofia ၿမိဳ႕ရွိ ႐ုရွားသံ႐ုံးအနီး ေစာင့္ၾကပ္ေနတဲ့ ဘူလ္ေဂးရီးယား ရဲတပ္ဖြဲ႔ဝင္မ်ား။

(Zawgyi / Unicode)

ဘူလ္ေဂးရီးယားႏိုင္ငံမွာရွိတဲ့ ႐ုရွားသံ႐ုံးက သံအရာရွိတဦးကို သူလွ်ဳိလုပ္တယ္လို႔ စြပ္စြဲၿပီး ေသာၾကာေန႔မွာ ဘူလ္ေဂးရီးယား အစိုးရက ျပည္ႏွင္ဒဏ္ ေပးလိုက္ပါတယ္။

Sofia မွာရွိတဲ့ ႐ုရွားသံ႐ုံးကေန ၇၂ နာရီအတြင္း ထြက္ခြာသြားဖို႔ ဘူလ္ေဂးရီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုလိုက္တာပါ။

ဒီသံအရာရွိဟာ ဘူလ္ေဂးရီးယားမွာ ခ်ထားတဲ့ အေမရိကန္တပ္ေတြနဲ႔ ပတ္သက္ၿပီး အခ်က္အလက္ေတြ စုေဆာင္းေနတာ ႏွစ္အေတာ္ၾကာေနၿပီလို႔ အစိုးရေရွ႕ေနေတြက ေျပာပါတယ္။

႐ုရွားအစိုးရကေတာ့ အခုလို စြပ္စြဲမႈဟာ အေျခအျမစ္မရွိဘူးလို႔ ေျပာပါတယ္။

႐ုရွားအရာရွိေတြ ဘူလ္ေဂးရီးယားမွာ ရန္လိုတဲ့ လုပ္ေဆာင္မႈေတြ လုပ္ေနတာကို မၾကာခင္သီတင္းပတ္ေတြ၊ လေတြအတြင္း ေတြ႔ခဲ့ရေၾကာင္း ဘူလ္ေဂးရီးယားက အေမရိကန္သံ႐ုံးကလည္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ဒီသံအရာရွိ ဘယ္သူဘယ္ဝါဆိုတာကို ဘူလ္ေဂးရီးယားကေရာ ႐ုရွားဘက္ကပါ ထုတ္မေျပာၾကေပမယ့္ သူဟာ ဗိုလ္မွဴးႀကီး Vasiliy Sazanovich ျဖစ္ေၾကာင္း သတင္းမီဒီယာေတြမွာ ေဖာ္ျပေနပါတယ္။

ဘူလ္ေဂးရီးယားဟာ စစ္ေအးကာလအတြင္း ႐ုရွားနဲ႔နီးကပ္တဲ့ မဟာမိတ္ ျဖစ္ခဲ့ေပမယ့္ အခုေတာ့ အီးယူ ဥေရာပသမဂၢအဖြဲ႔ဝင္ တႏိုင္ငံျဖစ္သလို NATO စစ္မဟာမိတ္အဖြဲ႔ဝင္ ႏိုင္ငံလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရုရှားသံအရာရှိကို သူလျှိုလုပ်မှုနဲ့ ဘူလ်ဂေးရီးယား ပြည်နှင်ဒဏ်ပေး

ဘူလ်ဂေးရီးယားနိုင်ငံမှာရှိတဲ့ ရုရှားသံရုံးက သံအရာရှိတဦးကို သူလျှိုလုပ်တယ်လို့ စွပ်စွဲပြီး သောကြာနေ့မှာ ဘူလ်ဂေးရီးယား အစိုးရက ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်။

Sofia မှာရှိတဲ့ ရုရှားသံရုံးကနေ ၇၂ နာရီအတွင်း ထွက်ခွာသွားဖို့ ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဒီသံအရာရှိဟာ ဘူလ်ဂေးရီးယားမှာ ချထားတဲ့ အမေရိကန်တပ်တွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းနေတာ နှစ်အတော်ကြာနေပြီလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ရုရှားအစိုးရကတော့ အခုလို စွပ်စွဲမှုဟာ အခြေအမြစ်မရှိဘူးလို့ ပြောပါတယ်။

ရုရှားအရာရှိတွေ ဘူလ်ဂေးရီးယားမှာ ရန်လိုတဲ့ လုပ်ဆောင်မှုတွေ လုပ်နေတာကို မကြာခင်သီတင်းပတ်တွေ၊ လတွေအတွင်း တွေ့ခဲ့ရကြောင်း ဘူလ်ဂေးရီးယားက အမေရိကန်သံရုံးကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီသံအရာရှိ ဘယ်သူဘယ်ဝါဆိုတာကို ဘူလ်ဂေးရီးယားကရော ရုရှားဘက်ကပါ ထုတ်မပြောကြပေမယ့် သူဟာ ဗိုလ်မှူးကြီး Vasiliy Sazanovich ဖြစ်ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

ဘူလ်ဂေးရီးယားဟာ စစ်အေးကာလအတွင်း ရုရှားနဲ့နီးကပ်တဲ့ မဟာမိတ် ဖြစ်ခဲ့ပေမယ့် အခုတော့ အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် တနိုင်ငံဖြစ်သလို NATO စစ်မဟာမိတ်အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်ပါတယ်။

XS
SM
MD
LG