{{Zawgyi/Unicode}}
NATOမဟာမိတ္အဖြဲ႔ဝင္ျဖစ္တဲ့ တူရကီကို ရုရွားဆီက ေလေၾကာင္းကာကြယ္ေရးစံနစ္ဝယ္ယူမႈနဲ႔ သမၼတထရမ့္အစိုးရအဖြဲ႔က တနလၤာေန႔မွာ အေရးယူဒဏ္ခတ္မႈ ခ်မွတ္လိုက္ပါတယ္။ အေမရိကန္နဲ႔ တူရကီတို႔ၾကား ဆက္ဆံေရးအတိမ္းအေစာင္းမခံတဲ့ အေျခေနမ်ိဳးမွာ အခုလို ခ်မွတ္လိုက္တာလည္း ျဖစ္ပါတယ္။
တူရကီက ရုရွားဆီက S-400 ဒံုးက်ည္ကာကြယ္ေရးစံနစ္ ဝယ္ယူတာ အျပင္ ဆီးရီးယားအေရး၊ အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္တို႔ အေရးနဲ႔ အေရွ႕ပိုင္းေျမထဲပင္လယ္ အေရးေတြမွာ တူရကီရဲ့ လုပ္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ တူရကီတို႔ၾကား ဆက္ဆံေရး တင္းမာေနတာ တႏွစ္ေက်ာ္ေနၿပီျဖစ္ပါတယ္။
ရုရွားဆီက S-400 ဒံုးက်ည္ကာကြယ္ေရးစံနစ္ ဟာ NATO စက္ပစၥည္းေတြနဲ႔ မယွဥ္ႏိုင္တဲ့အျပင္ အခုလို တူရကီရဲ့ လုပ္ေဆာင္မႈဟာ NATO မဟာမိတ္ ႏိုင္ငံေတြရဲ့ လံုၿခံဳေရးကိုပါ ၿခိမ္းေျခာက္မႈ ရွိလာႏုိင္တယ္လို႔ အေမရိကန္ အရာရွိေတြက သတိေပးေနတာပါ။
ဒါေပမယ့္ တူရကီကို အေမရိကန္က သူ႔ရဲ့ F-35 stealth တိုက္ေလယာဥ္ဝယ္ယူခြင့္ ပိတ္ပင္ခဲ့ၿပီး ဒီတိုက္ေလယာဥ္နဲ႔ ပတ္သက္တဲ့ ေလ့က်င့္မႈေတြမွာပါဝင္ခြင့္ မေပးခဲ့တာကလြဲၿပီး တျခား အေရးယူမႈေတြ မလုပ္ခဲ့ပါဘူး။ ဒါကလည္း တူရကီဘက္က ျပန္စဥ္းစားလာဖုိ႔ အခ်ိန္ေပးတဲ့ သေဘာျဖစ္ပါတယ္။
အခုေတာ့ ဒီ S-400 ကာကြယ္ေရးစံနစ္ဝယ္ယူတာနဲ႔ပတ္သက္ၿပီး အႏၱရာယ္ရွိတာကို အျမင့္ဆံုးအဆင့္ သတိေပးလိုက္တာ ျဖစ္ၿပီး တူရကီအေနနဲ႔ ဒီကိစၥကို အေမရိကန္နဲ႔လက္တြဲၿပီး ခ်က္ခ်င္းေျဖရွင္းဖို႔ တိုက္တြန္းေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။ တူရကီ စစ္လက္နက္ ဝယ္ယူေရးဆိုင္ရာဌာန တာဝန္ရွိသူေတြကို ပစ္မွတ္ထားၿပီး အေမရိကန္က အေရးယူလိုက္တာ ျဖစ္ပါတယ္။
...............................................
{{Unicode}}
NATOမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တူရကီကို ရုရှားဆီက လေကြောင်းကာကွယ်ရေးစံနစ်ဝယ်ယူမှုနဲ့ သမ္မတထရမ့်အစိုးရအဖွဲ့က တနင်္လာနေ့မှာ အရေးယူဒဏ်ခတ်မှု ချမှတ်လိုက်ပါတယ်။ အမေရိကန်နဲ့ တူရကီတို့ကြား ဆက်ဆံရေးအတိမ်းအစောင်းမခံတဲ့ အခြေနေမျိုးမှာ အခုလို ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။
တူရကီက ရုရှားဆီက S-400 ဒုံးကျည်ကာကွယ်ရေးစံနစ် ဝယ်ယူတာ အပြင် ဆီးရီးယားအရေး၊ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ အရေးနဲ့ အရှေ့ပိုင်းမြေထဲပင်လယ် အရေးတွေမှာ တူရကီရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တူရကီတို့ကြား ဆက်ဆံရေး တင်းမာနေတာ တနှစ်ကျော်နေပြီဖြစ်ပါတယ်။
ရုရှားဆီက S-400 ဒုံးကျည်ကာကွယ်ရေးစံနစ် ဟာ NATO စက်ပစ္စည်းတွေနဲ့ မယှဉ်နိုင်တဲ့အပြင် အခုလို တူရကီရဲ့ လုပ်ဆောင်မှုဟာ NATO မဟာမိတ် နိုင်ငံတွေရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်မှု ရှိလာနိုင်တယ်လို့ အမေရိကန် အရာရှိတွေက သတိပေးနေတာပါ။
ဒါပေမယ့် တူရကီကို အမေရိကန်က သူ့ရဲ့ F-35 stealth တိုက်လေယာဉ်ဝယ်ယူခွင့် ပိတ်ပင်ခဲ့ပြီး ဒီတိုက်လေယာဉ်နဲ့ ပတ်သက်တဲ့ လေ့ကျင့်မှုတွေမှာပါဝင်ခွင့် မပေးခဲ့တာကလွဲပြီး တခြား အရေးယူမှုတွေ မလုပ်ခဲ့ပါဘူး။ ဒါကလည်း တူရကီဘက်က ပြန်စဉ်းစားလာဖို့ အချိန်ပေးတဲ့ သဘောဖြစ်ပါတယ်။
အခုတော့ ဒီ S-400 ကာကွယ်ရေးစံနစ်ဝယ်ယူတာနဲ့ပတ်သက်ပြီး အန္တရာယ်ရှိတာကို အမြင့်ဆုံးအဆင့် သတိပေးလိုက်တာ ဖြစ်ပြီး တူရကီအနေနဲ့ ဒီကိစ္စကို အမေရိကန်နဲ့လက်တွဲပြီး ချက်ချင်းဖြေရှင်းဖို့ တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ တူရကီ စစ်လက်နက် ဝယ်ယူရေးဆိုင်ရာဌာန တာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး အမေရိကန်က အရေးယူလိုက်တာ ဖြစ်ပါတယ်။