သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားခံနိုင်ငံတွေကတဆင့် အီရန်နဲ့ ဆွေးနွေးမှု အပြုသဘောဆောင် (ကန်နိုင်ငံခြားရေးပြောခွင့်ရ Ned Price)


 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price 
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price 

(Zawgyi/Unicode)

အီရန်နိုင်ငံ နျူကလီးယားအရေး သြစတြီးယားနိုင်ငံ Vienna မြို့မှာ ကနဦးဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံကြား ရရှိခဲ့တဲ့ ၂၀၁၅ ခုနှစ်က နျူကလီယားစာချုပ်မှာ အမေရိကန်က ပြန်လည်ပါဝင်နိုင်ဖို့ သမ္မတ Joe Biden အစိုးရက နည်းလမ်းရှာတဲ့ အနေနဲ့ ဆွေးနွေးနေတာပါ။

“အပြုသဘောဆောင်တယ်လို့ ရှုမြင်ပြီး၊ သေချာပေါက် ကြိုဆိုရမယ့် ခြေလှမ်းတရပ်ဖြစ်ပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က Vienna မြို့ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဝါရှင်တန်မှာ အင်္ဂါနေ့က သတင်းထောက်တွေကို ပြောခဲ့တာပါ။

Vienna မြို့မှာ အမေရိကန်နဲ့ အီရန်ကြား အင်္ဂါနေ့မှာ စတင်လိုက်တဲ့ တဆင့်ခံဆွေးနွေးမှုတွေကနေ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းနိုင်ဖို့လည်း ဥရောပခေါင်းဆောင်တွေ မျှော်လင့်နေကြပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် Rob Malley ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အီရန်နိုင်ငံကိုယ်စားလှယ်အဖွဲ့ကြား ဥရောပကိုယ်စားလှယ်တွေကတဆင့် ဆွေးနွေးနေတာပါ။ ၂၀၁၅ ခုနှစ် အီရန်နျူကလီယား နိုင်ငံတကာ သဘောတူညီချက်ကနေ အမေရိကန်က သမ္မတဟောင်း Donald Trump လက်ထက် ၂၀၁၈ ခုနှစ်မှာ နုတ်ထွက်ထားပြီး၊ အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေလည်း ပြန်လည်ချမှတ်ထားတာဖြစ်ပြီး၊ အီရန်ကတော့ ဒဏ်ခတ်မှုတွေကို အရင်ဖယ်ရှားပေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)





XS
SM
MD
LG