သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းနယ္စပ္မွာ ရုရွားတပ္ခ်ထားမႈ သမၼတ Putin ကို သမၼတ Biden သတိေပး


ကန္သမၼတ Biden နဲ႔ ရုရွားသမၼတ Putin

(Zawgyi/Unicode)

ယူကရိန္း နယ္စပ္မွာ ရုရွားဘက္က ရုတ္တရက္ စစ္အင္းအား တိုးျမွင့္ခ်ထားေနၿပီး ယူကရိန္းရဲ႕ Crimea ေဒသကိုလည္း သိမ္းပိုက္ထားတဲ႔ အေပၚမွာ စိုးရိမ္ေနေၾကာင္း အေမရိကန္ သမၼတ Joe Biden က ရုရွား သမၼတ Vladimir Putin ကို အဂၤါေန႔က တယ္လီဖုန္းဆက္ ေျပာဆိုခဲ႔ပါတယ္။

တင္းမာေနတဲ႔ အေျခအေနကို ေျပေလ်ာ့သြားေစေရး ရုရွားဘက္က ေဆာင္ရြက္ဖို႔လည္း အေမရိကန္ သမၼတက ေျပာဆိုခဲ႔ေၾကာင္း သမၼတ အိမ္ျဖဴေတာ္က ေျပာပါတယ္။ ယူကရိန္းႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာအာဏာ နဲ႔ ႏုိင္ငံ တည္တံ႔ ခုိင္ၿမဲေရး အတြက္ အေမရိကန္ဘက္က မမွိတ္မသုန္ ပိုင္းျဖတ္ထားတယ္လို႔လည္း သမၼတ Biden က ရုရွား သမၼတကို ေျပာဆိုခဲ႔ေၾကာင္း အေမရိကန္ သမၼတ အိမ္ျဖဴေတာ္က ထုတ္ျပန္ပါတယ္။ ဒါေပမယ့္လည္း အေမရိကန္ သမၼတရဲ႕ ေျပာဆိုခ်က္ အေပၚ ရုရွား သမၼတဘက္က တုံ႔ျပန္ခ်က္ကိုေတာ့ အေမရိကန္ သမၼတ အိမ္ျဖဴေတာ္က သံုးသပ္ခ်က္ မေပးပါဘူး။

ယူကရိန္းရဲ႕ Crimea ကြ်န္းဆြယ္ကို ၂၀၁၄ ခုႏွစ္မွာ ရုရွားက သိမ္းယူခဲ႔တာကို အေမရိကန္နဲ႔ အေနာက္ မဟာမိတ္ ႏုိင္ငံေတြက ကန္႔ကြက္ ရႈတ္ခ်ေပမယ့္လည္း ဒီလုပ္ရပ္ကို ဟန္႔တား ေဆာင္ရြက္မႈ မရွိခဲ႔ပါဘူး။ အဲဒီေနာက္ပိုင္းမွာ ရုရွား ေထာက္ပံ႔ထားတဲ႔ ခြဲထြက္ေရးသမားေတြက ယူကရိန္း အေရွ႕ပိုင္း Donetsk ေဒသတြင္းမွာ ယူကရိန္း အစိုးရတပ္ေတြနဲ႔ တိုက္ခိုက္ေနတာပါ။ ယူကရိန္း တိုက္ပြဲေတြ အတြင္း ေသဆံုးရသူက ၁၃,၀၀၀ နီးပါး ရွိေၾကာင္း ကုလသမဂၢက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ယူကရိန်းနယ်စပ်မှာ ရုရှားတပ်ချထားမှု သမ္မတ Putin ကို သမ္မတ Biden သတိပေး

(Unicode)

ယူကရိန်း နယ်စပ်မှာ ရုရှားဘက်က ရုတ်တရက် စစ်အင်းအား တိုးမြှင့်ချထားနေပြီး ယူကရိန်းရဲ့ Crimea ဒေသကိုလည်း သိမ်းပိုက်ထားတဲ့ အပေါ်မှာ စိုးရိမ်နေကြောင်း အမေရိကန် သမ္မတ Joe Biden က ရုရှား သမ္မတ Vladimir Putin ကို အင်္ဂါနေ့က တယ်လီဖုန်းဆက် ပြောဆိုခဲ့ပါတယ်။

တင်းမာနေတဲ့ အခြေအနေကို ပြေလျော့သွားစေရေး ရုရှားဘက်က ဆောင်ရွက်ဖို့လည်း အမေရိကန် သမ္မတက ပြောဆိုခဲ့ကြောင်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ ယူကရိန်းနိုင်ငံရဲ့ အချုပ်အချာအာဏာ နဲ့ နိုင်ငံ တည်တံ့ ခိုင်မြဲရေး အတွက် အမေရိကန်ဘက်က မမှိတ်မသုန် ပိုင်းဖြတ်ထားတယ်လို့လည်း သမ္မတ Biden က ရုရှား သမ္မတကို ပြောဆိုခဲ့ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန် သမ္မတရဲ့ ပြောဆိုချက် အပေါ် ရုရှား သမ္မတဘက်က တုံ့ပြန်ချက်ကိုတော့ အမေရိကန် သမ္မတ အိမ်ဖြူတော်က သုံးသပ်ချက် မပေးပါဘူး။

ယူကရိန်းရဲ့ Crimea ကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းယူခဲ့တာကို အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေက ကန့်ကွက် ရှုတ်ချပေမယ့်လည်း ဒီလုပ်ရပ်ကို ဟန့်တား ဆောင်ရွက်မှု မရှိခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာ ရုရှား ထောက်ပံ့ထားတဲ့ ခွဲထွက်ရေးသမားတွေက ယူကရိန်း အရှေ့ပိုင်း Donetsk ဒေသတွင်းမှာ ယူကရိန်း အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတာပါ။ ယူကရိန်း တိုက်ပွဲတွေ အတွင်း သေဆုံးရသူက ၁၃,၀၀၀ နီးပါး ရှိကြောင်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

XS
SM
MD
LG