သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားက မြန်မာကို လက်နက်ရောင်းချမှု တိုးမြှင့်လာနေကြောင်း အကဲခတ်တွေခန့်မှန်း


ရုရှားလုပ် Yak-130 အမျိုးအစား တိုက်လေယာဉ်
ရုရှားလုပ် Yak-130 အမျိုးအစား တိုက်လေယာဉ်

[ Zawgyi / Unicode ]

ရုရှားက မြန်မာစစ်တပ်ကို လက်နက်တွေ ပိုရောင်းလာပြီး အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်နေတာ တွေ့ရသလို၊ နောက်တဆင့်အနေနဲ့ အရှေ့တောင်အာရှ ဒေသတလွှားမှာ လက်နက်တွေ ရောင်းချဖို့ ရုရှားက လုပ်လာနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ရုရှားအနေနဲ့ မြန်မာကို ခြေကုပ်ယူနိုင်ဖို့ လုပ်နေတာဖြစ်ပြီး မြန်မာတနိုင်ငံထည်းတင်မကပဲ အရှေ့တောင်အာရှ ဒေသကိုပါ မြန်မာကနေတဆင့် အခြေချဖို့ လုပ်နေတာပါလို့ ဘန်ကောက်အခြေစိုက် Jane's Group က နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ သုံးသပ်သူ Anthony Davis က ပြောပါတယ်။

ရုရှားအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချပြီး ဆက်ဆံရေးခိုင်မာအောင် ကြိုးစားနေတာ ရှင်းရှင်းလင်းလင်း မြင်နေရသလို မြန်မာကနေတဆင့် အာဆီယံအဖွဲ့ကြီးကိုပါ ချဉ်းကပ်ဖို့ ကြိုးစားနေတာ ဖြစ်ကြောင်း ပြောပါတယ်။

စစ်တပ်အာဏာ မသိမ်းခင် သီတင်းတပတ်အလိုမှာ မြန်မာနိုင်ငံကို ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က တရားဝင်ခရီးစဉ် လာရောက်ခဲ့သလို၊ မတ်လ ၂၇ တပ်မတော်နေ့ အခမ်းအနားကိုလည်း ကာကွယ်ရေးဌာန ဒုဝန်ကြီး Alexander Fomin ကိုယ်တိုင် တက်ရောက်ခဲ့တာပါ။ ဒါကိုကြည့်ရင် ဖေဖေါ်ဝါရီ ၁ ရက်နေ့ မြန်မာစစ်တပ်က အာဏာသိမ်းပြီး နောက်မှာလည်း ရုရှားက ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ပြသနေတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ရုရှားလုပ် Yak-130 ဂျက်တိုက်လေယာဉ်တွေဟာ ခပ်နိမ့်နိမ့် ပျံသန်းနိုင်ပြီး ညဘက် တိုက်ခိုက်ရေးအတွက် သုံးတဲ့ ယာဉ်မျိုးဖြစ်ကြောင်းနဲ့ ဒါတွေကို အခုချိန်မှာ ကရင်ပြည်နယ်တွင်း လေကြောင်းထိုးစစ်ဆင်ရာမှာ သုံးခဲ့တယ်လို့လည်း David က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


[ Unicode ]







XS
SM
MD
LG