သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုရွားကာကြယ္ေရးဝန္ႀကီးရဲ႕ ျမန္မာခရီးစဥ္အေပၚ သုံးသပ္ခ်က္


ေနျပည္ေတာ္္မွာ ေတြ႔ဆုံေဆြးေႏြးေနတဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ ႐ုရွားကာကြယ္ေရးဝန္ႀကီး Sergey Shoigu.

(Zawgyi / Unicode)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကို ႐ုရွားကာကြယ္ေရးဝန္ႀကီး Sergey Shoigu ေသာၾကာေန႔က ေနျပည္ေတာ္မွာ လာေရာက္ေတြ႔ဆံုခဲ့တာ ဘယ္လိုထူးျခားမႈရွိတာကို ႐ုရွားမွာ ၂ ႏွစ္ၾကာ ပညာသင္ယူခဲ့တဲ့ တပ္မေတာ္အရာရွိေဟာင္း သံုးသပ္သူတဦးျဖစ္တဲ့ ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႔ အမႈေဆာင္ဒါ႐ုိက္တာ ေဒါက္တာႏိုင္ေဆြဦးကုိ ကုိဝင္းမင္းက ဆက္သြယ္ေမးျမန္းရာမွာ သူက ခုလိုစရွင္းျပပါတယ္။

ေဒါက္တာႏိုင္ေဆြဦး - “ထူးျခားတာတခု ရွိတယ္လို႔ေတာ့ ျမင္ပါတယ္။ ႐ုရွားမွာလည္း တျခား မဟာမိတ္ႏုိင္ငံေတြ ရွိပါတယ္၊ အမ်ားႀကီးေပါ့။ ဒါပေမယ့္ ႐ုရွားကာကြယ္ေရးဝန္ႀကီးတေယာက္ အေနနဲ႔ သူ႔ရဲ႕ ၂၀၂၁ ခုႏွစ္မွာ ပထမဆုံး ႏုိင္ငံျခားကိုထြက္တဲ့ ခရီးစဥ္အျဖစ္ ျမန္မာႏုိင္ငံကို လာတဲ့အခါ ေတာ္ေတာ္ထူးျခားတယ္လို႔ ျမင္ပါတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ အင္အားႀကီးႏုိင္ငံေတြရဲ႕ ၿပိဳင္ဆုိင္မႈ ေရြ႕လာတဲ့ အေနအထားမ်ဳိး ျဖစ္ပါတယ္။ ေဒသတြင္းမွာရွိတဲ့ ျမန္မာႏိုင္ငံကလည္း အေရးႀကီးတဲ့ မဟာဗ်ဴဟာေနရာမွာ ရွိေနတဲ့အတြက္ ႐ုရွားသည္ သူ႔ရဲ႕ မဟာဗ်ဴဟာ မိတ္ဘက္အရ အသိအမွတ္ျပဳၿပီး လာေရာက္တဲ့ခရီးစဥ္ ျဖစ္္တယ္လို႔ ျမင္ပါတယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္ေက်ာ္ကာလအတြင္း ႐ုရွား-ျမန္မာသည္ မဟာဗ်ဴဟာအရ ပူးေပါင္းေဆာင္ရြက္မယ္ဆုိတဲ့ စာခ်ဳပ္ကုိ လက္မွတ္ထုိးထားတာလည္း ျဖစ္ပါတယ္။”

အဲဒီေတာ့ အခု အာရွေဒသအတြက္ မဟာဗ်ဴဟာေျမာက္ အေရးပါတာအျပင္ ေနာက္ထပ္ေရာ အေရးပါတာ ရွိပါေသးလားလုိ႔ ေမးရာမွာ ေဒါက္တာႏုိင္ေဆြဦးကပဲ အခုလို ဆက္ရွင္းျပပါတယ္။

“႐ုရွားသမၼတ Vladimir Putin အေနနဲ႔ မၾကာေသးခင္ကပဲ သူ႔ရဲ႕ ကက္ဘိနက္ ဝန္ႀကီးအဖြဲ႔ကုိ ေျပာင္းလဲ ဖြဲ႔စည္းခဲ့တဲ့အခ်ိန္မွာ ဒီကာကြယ္ေရးဝန္ႀကီး Sergey Shoigu ျပန္ၿပီးေတာ့ ကာကြယ္ေရးဝန္ႀကီးအျဖစ္ ခန္႔အပ္ျခင္းခံရတယ္။ အဲဒီေတာ့ ဒီကာကြယ္ေရးဝန္ႀကီးသည္ တခ်ိန္မွာ Vladimir Putin ရဲ႕ေနရာကို ဆက္ခံလာႏိုင္တယ္ဆုိၿပီးေတာ့ သုံးသပ္မႈေတြ ရွိေနတယ္။ ဆုိေတာ့ သူသည္ ႐ုရွားႏုိင္ငံမွာ အေရးပါတဲ့ေနရာကို လက္ရွိမွာ ကုိင္တြယ္ေနသူတဦး ျဖစ္ပါတယ္။”

ဒီေနရာမွာ ေလာေလာဆယ္ ေရြးေကာက္ပြဲအၿပီး ျမန္မာႏုိင္ငံကုိ ေရာက္လာတာကေရာ ထူးျခားမႈရွိပါသလားလုိ႔ ေမးရာမွာ ေဒါက္တာႏိုင္ေဆြဦးက ဆက္ၿပီး …

“ႏုိင္ငံေရးအေပၚ တုိက္႐ုိက္သက္ေရာက္မႈကေတာ့ မရွိဘူးလို႔ ျမင္တယ္။ ဒါေပမယ့္ ႐ုရွားရဲ႕ အင္ဒို-ပစိဖိတ္ေဒသအပေၚ သူ႔ရဲ႕ လႊမ္းမိုးမႈကို ျပတယ္လို႔ က်ေနာ္ျမင္ပါတယ္။ တပ္မေတာ္ႏွစ္ရပ္ၾကားက မဟာဗ်ဴဟာ မိတ္ဘက္ျဖစ္တယ္ဆုိတာ ထင္ထင္ရွားရွားျပလိုတဲ့ ရည္ရြယ္ခ်က္ပါမယ္လို႔ က်ေနာ္ျမင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အေရွ႕ေတာင္အာရွ ႏုိင္ငံေတြထဲမွာမွ တကယ္တမ္းက်ေတာ့ ႐ုရွားနဲ႔ ပုိၿပီးရင္းႏွီးတာက အရင္တုန္းက ဗီယက္နမ္ေပါ့။ အခုေတာ့ က်ေနာ္ျမင္တာ ျမန္မာႏိုင္ငံဘက္ကုိ ေတာ္ေတာ္ေလး ရင္းႏွီးတဲ့ဘက္ကို ေရာက္လာတယ္လို႔ ျမင္ပါတယ္။” လို႔ ေျပာပါတယ္။

အဲဒီေတာ့ အခု အဓိက ဘာျဖစ္လို႔ ႐ုရွား-ျမန္မာ ကာကြယ္ေရးမဟာဗ်ဴဟာ ေျပာင္းလာပါသလဲလို႔ ေမးရာမွာေတာ့ ေဒါက္တာႏုိင္ေဆြဦးကပဲ…

“ဒါကေတာ့ တပ္မေတာ္ခ်င္း ဆက္ဆံေရးအျပင္ ပုဂၢိဳလ္ေရးအရ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ႐ုရွားကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ရင္းႏွီးတဲ့ ဆက္ဆံေရးအေပၚလည္း မူတည္မယ္။ လြန္ခဲ့ေသာ ၃ ႏွစ္ကတည္းက ၂၀၁၈ ခုႏွစ္ေလာက္မွာ ႐ုရွားကာကြယ္ေရးဦးစီးခ်ဳပ္က ဒီလိုအခ်ိန္မွာပဲ ျမန္မာႏုိင္ငံကုိ ခ်စ္ၾကည္ေရးခရီး လာေရာက္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက SU 30 SME တုိက္ေလယာဥ္ ၆ စီးကို ျမန္မာႏုိင္ငံကို ေရာင္းခ်မယ္ဆုိၿပီး အဲဒီအခ်ိန္တုန္းက သေဘာတူညီခဲ့တာ ရွိပါတယ္။ ဆုိေတာ့ လက္ရွိ ၃ ႏွစ္ျပည့္တဲ့အခ်ိန္မွာ သူ ထပ္ေရာက္လာၿပီးေတာ့မွ ျမန္မာ့တပ္မေတာ္အတြက္ အေရးပါတဲ့ လက္နက္စနစ္ေတြကို ထပ္ၿပီးေတာ့ ႐ုရွားအေနနဲ႔ ေရာင္းခ်မယ္ဆုိၿပီးေတာ့ သေဘာတူညီခ်က္ေတြ စာခ်ဳပ္ေတြ လက္မွတ္ေရးထုိးခဲ့တာ ေတြ႔ပါတယ္။” လို႔ ရွင္းျပပါတယ္။

အရင္တေခါက္က မဟာဗ်ဴဟာေျမာက္ တုိက္ေလယာဥ္ေတြအျပင္ အခုတေခါက္ မဟာဗ်ဴဟာေျမာက္ ေလေၾကာင္းကာကြယ္ေရးစနစ္ေတြရဲ႕ ထူးျခားမႈကို ေမးရာမွာလည္း ေဒါက္တာႏုိင္ေဆြဦးကပဲ အခုလို ဆက္ေျပာျပပါတယ္။

“တခ်ဳိ႕လက္နက္စနစ္ေတြဟာဆုိရင္ အေရွ႕ေတာင္အာရွမွာသာမက အာရွမွာလည္းပဲ ႐ုရွားကထုတ္တဲ့ လက္နက္ကုိ ျမန္မာႏုိင္ငံက စသုံးတဲ့ အေနအထားမ်ဳိး ေတြ႔ပါတယ္။ Pantsir-S1 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္က ႐ုရွားတပ္မေတာ္မွာလည္း လက္ရွိမွာ သုံးေနတဲ့စနစ္ ျဖစ္ပါတယ္။ ဒါကို အာရွေဒသမွာ က်ေနာ္တုိ႔ လုိက္ၾကည့္တဲ့အခါၾကေတာ့ ဗီယက္နမ္ႏုိင္ငံမွာရွိတယ္လို႔ သတင္းေတြ ထြက္ေပမယ့္ တိက်တဲ့ အေထာက္အထားေတာ့ မေတြ႔ရဘူး။ ၿပီးေတာ့ ဒီစနစ္သည္ အေရွ႕အလယ္ပိုင္းမွာ ျဖစ္တဲ့ ဆီးရီးယား စစ္ပြဲမွာလည္း ႐ုရွားအေနနဲ႔ ဒါကို ထုတ္သုံးခဲ့တဲ့ အေနအထားမ်ဳိးေတြ ရွိတယ္ေပါ့။ ဒါက အေရးပါတဲ့ စနစ္ေပါ့။ ကာကြယ္ေရး အဓိကေတာ့ Offensive Weapon မဟုတ္ဘဲ Defensive Weapon အေနနဲ႔ အေရးပါတဲ့စနစ္တခု ျဖစ္တယ္လို႔ က်ေနာ္ျမင္ပါတယ္။”

ဒီေနရာမွာ အခုလို အေရးပါတဲ့ လက္နက္စနစ္ေတြကို ဘယ္လုိအေနအထားမ်ဳိးမွာ သုံးဖို႔လုိပါသလဲလုိ႔ ေမးရာမွာ ေဒါက္တာႏုိင္ေဆြဦးက ႏုိင္ငံေရးမွာ ရန္သူ မိတ္ေဆြ မရွိဘဲ အက်ဳိးစီးပြားပဲရွိကာ အခုေခတ္မွာက အကန္႔အသတ္နဲ႔ ျပည္ပစစ္မ်ဳိး မျဖစ္လာဘူးလို႔ ယတိျပတ္ မေျပာႏုိင္တာမို႔ပါဆုိၿပီး အခုလိုရွင္းျပပါတယ္။

“Pantsir-S1 ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ကလည္း တာတုိေလေၾကာင္းရန္ ကာကြယ္ေရးစနစ္အျဖစ္ သုံးလို႔ရတယ္။ ေနာက္ Point Defence ေပါ့ အေရးႀကီးတဲ့ အစုိးရအေဆာက္အဦးေတြ ဥပမာ သမၼတအိမ္ေတာ္လို ေနရာမ်ဳိး၊ လႊတ္ေတာ္လုိေနရာမ်ဳိး၊ ေနာက္ စစ္ဘက္ အေရးႀကီးတဲ့ အေဆာက္အဦးလို ေနရာမ်ဳိးကို ကာကြယ္ေပးထားႏုိင္တာေပါ့။ ဆုိေတာ့ ဒါက ျပည္ပ က်ဴးေက်ာ္ၿပီး ေလေၾကာင္းက တုိက္ခုိက္လာႏုိင္မယ့္ဟာေတြကို ကာကြယ္ဖို႔အတြက္လို႔ ထင္ပါတယ္။”

ေဒါက္တာႏုိင္ေဆြဦးကပဲ အခုလို ႐ုရွားလက္နက္ေတြ ပိုဝယ္လာရတာကလည္း ႐ုရွားရဲ႕ နည္းပညာ အဆင့္ျမင့္မႈအျပင္ အင္အားႀကီး အိမ္နီးခ်င္းႏွစ္ႏုိင္ငံရဲ႕ ႐ုိက္ခတ္ႏုိင္မႈဒဏ္ကိုပါ ႀကိဳတြက္ ျပင္ဆင္ထားရလို႔ျဖစ္တယ္လို႔ ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်အပေါ် သုံးသပ်ချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu သောကြာနေ့က နေပြည်တော်မှာ လာရောက်တွေ့ဆုံခဲ့တာ ဘယ်လိုထူးခြားမှုရှိတာကို ရုရှားမှာ ၂ နှစ်ကြာ ပညာသင်ယူခဲ့တဲ့ တပ်မတော်အရာရှိဟောင်း သုံးသပ်သူတဦးဖြစ်တဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းရာမှာ သူက ခုလိုစရှင်းပြပါတယ်။

ဒေါက်တာနိုင်ဆွေဦး - “ထူးခြားတာတခု ရှိတယ်လို့တော့ မြင်ပါတယ်။ ရုရှားမှာလည်း တခြား မဟာမိတ်နိုင်ငံတွေ ရှိပါတယ်၊ အများကြီးပေါ့။ ဒါပမေယ့် ရုရှားကာကွယ်ရေးဝန်ကြီးတယောက် အနေနဲ့ သူ့ရဲ့ ၂၀၂၁ ခုနှစ်မှာ ပထမဆုံး နိုင်ငံခြားကိုထွက်တဲ့ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာတဲ့အခါ တော်တော်ထူးခြားတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှု ရွေ့လာတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ဒေသတွင်းမှာရှိတဲ့ မြန်မာနိုင်ငံကလည်း အရေးကြီးတဲ့ မဟာဗျူဟာနေရာမှာ ရှိနေတဲ့အတွက် ရုရှားသည် သူ့ရဲ့ မဟာဗျူဟာ မိတ်ဘက်အရ အသိအမှတ်ပြုပြီး လာရောက်တဲ့ခရီးစဉ် ဖြစ်တယ်လို့ မြင်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်း ရုရှား-မြန်မာသည် မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ စာချုပ်ကို လက်မှတ်ထိုးထားတာလည်း ဖြစ်ပါတယ်။”

အဲဒီတော့ အခု အာရှဒေသအတွက် မဟာဗျူဟာမြောက် အရေးပါတာအပြင် နောက်ထပ်ရော အရေးပါတာ ရှိပါသေးလားလို့ မေးရာမှာ ဒေါက်တာနိုင်ဆွေဦးကပဲ အခုလို ဆက်ရှင်းပြပါတယ်။

“ရုရှားသမ္မတ Vladimir Putin အနေနဲ့ မကြာသေးခင်ကပဲ သူ့ရဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့အချိန်မှာ ဒီကာကွယ်ရေးဝန်ကြီး Sergey Shoigu ပြန်ပြီးတော့ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရတယ်။ အဲဒီတော့ ဒီကာကွယ်ရေးဝန်ကြီးသည် တချိန်မှာ Vladimir Putin ရဲ့နေရာကို ဆက်ခံလာနိုင်တယ်ဆိုပြီးတော့ သုံးသပ်မှုတွေ ရှိနေတယ်။ ဆိုတော့ သူသည် ရုရှားနိုင်ငံမှာ အရေးပါတဲ့နေရာကို လက်ရှိမှာ ကိုင်တွယ်နေသူတဦး ဖြစ်ပါတယ်။”

ဒီနေရာမှာ လောလောဆယ် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံကို ရောက်လာတာကရော ထူးခြားမှုရှိပါသလားလို့ မေးရာမှာ ဒေါက်တာနိုင်ဆွေဦးက ဆက်ပြီး …

“နိုင်ငံရေးအပေါ် တိုက်ရိုက်သက်ရောက်မှုကတော့ မရှိဘူးလို့ မြင်တယ်။ ဒါပေမယ့် ရုရှားရဲ့ အင်ဒို-ပစိဖိတ်ဒေသအပေါ် သူ့ရဲ့ လွှမ်းမိုးမှုကို ပြတယ်လို့ ကျနော်မြင်ပါတယ်။ တပ်မတော်နှစ်ရပ်ကြားက မဟာဗျူဟာ မိတ်ဘက်ဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှားပြလိုတဲ့ ရည်ရွယ်ချက်ပါမယ်လို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာမှ တကယ်တမ်းကျတော့ ရုရှားနဲ့ ပိုပြီးရင်းနှီးတာက အရင်တုန်းက ဗီယက်နမ်ပေါ့။ အခုတော့ ကျနော်မြင်တာ မြန်မာနိုင်ငံဘက်ကို တော်တော်လေး ရင်းနှီးတဲ့ဘက်ကို ရောက်လာတယ်လို့ မြင်ပါတယ်။” လို့ ပြောပါတယ်။

အဲဒီတော့ အခု အဓိက ဘာဖြစ်လို့ ရုရှား-မြန်မာ ကာကွယ်ရေးမဟာဗျူဟာ ပြောင်းလာပါသလဲလို့ မေးရာမှာတော့ ဒေါက်တာနိုင်ဆွေဦးကပဲ…

“ဒါကတော့ တပ်မတော်ချင်း ဆက်ဆံရေးအပြင် ပုဂ္ဂိုလ်ရေးအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ရုရှားကာကွယ်ရေးဦးစီးချုပ်ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးအပေါ်လည်း မူတည်မယ်။ လွန်ခဲ့သော ၃ နှစ်ကတည်းက ၂၀၁၈ ခုနှစ်လောက်မှာ ရုရှားကာကွယ်ရေးဦးစီးချုပ်က ဒီလိုအချိန်မှာပဲ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက SU 30 SME တိုက်လေယာဉ် ၆ စီးကို မြန်မာနိုင်ငံကို ရောင်းချမယ်ဆိုပြီး အဲဒီအချိန်တုန်းက သဘောတူညီခဲ့တာ ရှိပါတယ်။ ဆိုတော့ လက်ရှိ ၃ နှစ်ပြည့်တဲ့အချိန်မှာ သူ ထပ်ရောက်လာပြီးတော့မှ မြန်မာ့တပ်မတော်အတွက် အရေးပါတဲ့ လက်နက်စနစ်တွေကို ထပ်ပြီးတော့ ရုရှားအနေနဲ့ ရောင်းချမယ်ဆိုပြီးတော့ သဘောတူညီချက်တွေ စာချုပ်တွေ လက်မှတ်ရေးထိုးခဲ့တာ တွေ့ပါတယ်။” လို့ ရှင်းပြပါတယ်။

အရင်တခေါက်က မဟာဗျူဟာမြောက် တိုက်လေယာဉ်တွေအပြင် အခုတခေါက် မဟာဗျူဟာမြောက် လေကြောင်းကာကွယ်ရေးစနစ်တွေရဲ့ ထူးခြားမှုကို မေးရာမှာလည်း ဒေါက်တာနိုင်ဆွေဦးကပဲ အခုလို ဆက်ပြောပြပါတယ်။

“တချို့လက်နက်စနစ်တွေဟာဆိုရင် အရှေ့တောင်အာရှမှာသာမက အာရှမှာလည်းပဲ ရုရှားကထုတ်တဲ့ လက်နက်ကို မြန်မာနိုင်ငံက စသုံးတဲ့ အနေအထားမျိုး တွေ့ပါတယ်။ Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်က ရုရှားတပ်မတော်မှာလည်း လက်ရှိမှာ သုံးနေတဲ့စနစ် ဖြစ်ပါတယ်။ ဒါကို အာရှဒေသမှာ ကျနော်တို့ လိုက်ကြည့်တဲ့အခါကြတော့ ဗီယက်နမ်နိုင်ငံမှာရှိတယ်လို့ သတင်းတွေ ထွက်ပေမယ့် တိကျတဲ့ အထောက်အထားတော့ မတွေ့ရဘူး။ ပြီးတော့ ဒီစနစ်သည် အရှေ့အလယ်ပိုင်းမှာ ဖြစ်တဲ့ ဆီးရီးယား စစ်ပွဲမှာလည်း ရုရှားအနေနဲ့ ဒါကို ထုတ်သုံးခဲ့တဲ့ အနေအထားမျိုးတွေ ရှိတယ်ပေါ့။ ဒါက အရေးပါတဲ့ စနစ်ပေါ့။ ကာကွယ်ရေး အဓိကတော့ Offensive Weapon မဟုတ်ဘဲ Defensive Weapon အနေနဲ့ အရေးပါတဲ့စနစ်တခု ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။”

ဒီနေရာမှာ အခုလို အရေးပါတဲ့ လက်နက်စနစ်တွေကို ဘယ်လိုအနေအထားမျိုးမှာ သုံးဖို့လိုပါသလဲလို့ မေးရာမှာ ဒေါက်တာနိုင်ဆွေဦးက နိုင်ငံရေးမှာ ရန်သူ မိတ်ဆွေ မရှိဘဲ အကျိုးစီးပွားပဲရှိကာ အခုခေတ်မှာက အကန့်အသတ်နဲ့ ပြည်ပစစ်မျိုး မဖြစ်လာဘူးလို့ ယတိပြတ် မပြောနိုင်တာမို့ပါဆိုပြီး အခုလိုရှင်းပြပါတယ်။

“Pantsir-S1 လေကြောင်းရန် ကာကွယ်ရေးစနစ်ကလည်း တာတိုလေကြောင်းရန် ကာကွယ်ရေးစနစ်အဖြစ် သုံးလို့ရတယ်။ နောက် Point Defence ပေါ့ အရေးကြီးတဲ့ အစိုးရအဆောက်အဦးတွေ ဥပမာ သမ္မတအိမ်တော်လို နေရာမျိုး၊ လွှတ်တော်လိုနေရာမျိုး၊ နောက် စစ်ဘက် အရေးကြီးတဲ့ အဆောက်အဦးလို နေရာမျိုးကို ကာကွယ်ပေးထားနိုင်တာပေါ့။ ဆိုတော့ ဒါက ပြည်ပ ကျူးကျော်ပြီး လေကြောင်းက တိုက်ခိုက်လာနိုင်မယ့်ဟာတွေကို ကာကွယ်ဖို့အတွက်လို့ ထင်ပါတယ်။”

ဒေါက်တာနိုင်ဆွေဦးကပဲ အခုလို ရုရှားလက်နက်တွေ ပိုဝယ်လာရတာကလည်း ရုရှားရဲ့ နည်းပညာ အဆင့်မြင့်မှုအပြင် အင်အားကြီး အိမ်နီးချင်းနှစ်နိုင်ငံရဲ့ ရိုက်ခတ်နိုင်မှုဒဏ်ကိုပါ ကြိုတွက် ပြင်ဆင်ထားရလို့ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG