သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလဆံုးျဖတ္ခ်က္ ႐ုရွားနဲ႔ တ႐ုတ္ ကန္႔ကြက္


ကုလသမဂၢ အေထြေထြညီလာခံ က်င္းပေနတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

႐ုိဟင္ဂ်ာမြတ္စလင္ေတြနဲ႔ တျခား လူနည္းစု တုိင္းရင္းသားေတြအေပၚမွာ ျမန္မာႏုိင္ငံက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္ၿပီး ကုလသမဂၢမွာ တင္သြင္းခဲ့တဲ့ ဆုံးျဖတ္ခ်က္မူၾကမ္းကို တ႐ုတ္နဲ႔ ႐ုရွားႏုိင္ငံေတြက ကန္႔ကြက္လိုက္ပါတယ္။

ကုလသမဂၢ အေထြေထြညီလာခံမွာ အဲဒီဆုံးျဖတ္ခ်က္မူၾကမ္းကို ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က မဲခဲြခဲ့ၾကၿပီးေတာ့ ဘဂၤလားေဒ့ရွ္ အပါအဝင္ ႏုိင္ငံေပါင္း ၁၃၀ က ေထာက္ခံၿပီး ၉ ႏုိင္ငံက ကန္႔ကြက္ခဲ့ၾကတာပါ။

ကုလသမဂၢ အေထြေထြညီလာခံ တတိယေကာ္မတီမွာ တင္သြင္းတဲ့ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ဆုံးျဖတ္ခ်က္ကို ၇၅ ႀကိမ္ေျမာက္ အေထြေထြညီလာခံရဲ႕ ၄၈ ႀကိမ္ေျမာက္ အစည္းအေဝးမွာ မဲခဲြဆုံးျဖတ္ၿပီး အတည္ျပဳခဲ့ပါတယ္။

႐ုရွားနဲ႔ တ႐ုတ္ႏုိင္ငံေတြအျပင္ ဘယ္လာ႐ုစ္၊ ကေမာၻဒီးယား၊ လာအို၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ ဇင္ဘာေဘြနဲ႔ ျမန္မာႏုိင္ငံေတြက ဒီဆုံးျဖတ္ခ်က္မူၾကမ္းကို ကန္႔ကြက္ခဲ့ၾကပါတယ္။ အိႏၵိယ၊ ဂ်ပန္၊ သီရိလကၤာနဲ႔ စင္ကာပူ အပါအဝင္ ႏုိင္ငံေပါင္း ၂၆ ႏုိင္ငံက မဲမေပးဘဲ ေနခဲ့ၾကပါတယ္။

ျမန္မာႏုိင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ အစၥလာမၼစ္ႏုိင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရးအဖဲြ႔ (OIC) နဲ႔ ဥေရာပသမဂၢ (EU) တုိ႔က ပူးတဲြ ကမကထလုပ္ တင္သြင္းတဲ့ ဒီဆုံးျဖတ္ခ်က္ဟာ မမွန္မကန္ေဖာ္ျပၿပီးေတာ့ ႏုိင္ငံေရးသေဘာေတြ ပါဝင္ေနတယ္လို႔ ေျပာၿပီး ပယ္ခ်လိုက္ပါတယ္။ ျမန္မာကိုယ္စားလွယ္အဖဲြ႔ကေတာ့ ဒီဆုံးျဖတ္ခ်က္ကို မဲခဲြဖို႔နဲ႔ ကန္႔ကြက္မဲေပးၾကဖို႔ ေတာင္းဆုိခဲ့ပါတယ္။

အခုလို မဲေပးတာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ အၿမဲတမ္းကိုယ္စားလွယ္ကေတာ့ အဲဒီလုိလုပ္ဖို႔ ႀကိဳးပမ္းေနမႈ မွန္သမွ်ဟာ လူ႔အခြင့္အေရးဆုိတဲ့ ေခါင္းစဥ္ေအာက္ကေနၿပီး ကုလသမဂၢရဲ႕ ယႏၱရား အလဲြသုံးစားလုပ္တာလို႔႔ သတ္မွတ္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံကေတာ့ ႐ုိဟင္ဂ်ာအေရးကိစၥနဲ႔ ပတ္သက္ၿပီး အေျဖရွာႏုိင္ဖို႔အတြက္ ျမန္မာအစိုးရနဲ႔ေရာ ဘဂၤလားေဒ့ရွ္ အစိုးရနဲ႔ပါ ၃ ႏုိင္ငံ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ရခုိင္ျပည္နယ္ထဲမွာ ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရး လုပ္ရာကေန အဲဒီမွာရွိတဲ့ ႐ုိဟင္ဂ်ာေတြ သိန္းနဲ႔ခ်ီၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကို ထြက္ေျပးခဲ့ၾကတာ ျဖစ္ပါတယ္။

ျမန္မာအစိုးရဘက္ကေတာ့ ဒုကၡသည္ေတြကို ျပန္လက္ခံဖို႔အတြက္ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ၂ ႏုိင္ငံ နားလည္မႈစာခၽြန္လႊာ လက္မွတ္ထိုးထားၿပီးေတာ့ ဒုကၡသည္ေတြကို စိစစ္လက္ခံေနေပမယ့္ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကိုေတာ့ အသိအမွတ္ျပဳထားျခင္း မရွိပါဘူး။

------------------------

(Unicode)

မြန်မာ့အရေး ကုလဆုံးဖြတ်ချက် ရုရှားနဲ့ တရုတ် ကန့်ကွက်

ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တခြား လူနည်းစု တိုင်းရင်းသားတွေအပေါ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နဲ့ ရုရှားနိုင်ငံတွေက ကန့်ကွက်လိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီဆုံးဖြတ်ချက်မူကြမ်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က မဲခွဲခဲ့ကြပြီးတော့ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံပေါင်း ၁၃၀ က ထောက်ခံပြီး ၉ နိုင်ငံက ကန့်ကွက်ခဲ့ကြတာပါ။

ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ တင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ၇၅ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ ၄၈ ကြိမ်မြောက် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံတွေအပြင် ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဇင်ဘာဘွေနဲ့ မြန်မာနိုင်ငံတွေက ဒီဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်ခဲ့ကြပါတယ်။ အိန္ဒိယ၊ ဂျပန်၊ သီရိလင်္ကာနဲ့ စင်ကာပူ အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက မဲမပေးဘဲ နေခဲ့ကြပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ ဥရောပသမဂ္ဂ (EU) တို့က ပူးတွဲ ကမကထလုပ် တင်သွင်းတဲ့ ဒီဆုံးဖြတ်ချက်ဟာ မမှန်မကန်ဖော်ပြပြီးတော့ နိုင်ငံရေးသဘောတွေ ပါဝင်နေတယ်လို့ ပြောပြီး ပယ်ချလိုက်ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကတော့ ဒီဆုံးဖြတ်ချက်ကို မဲခွဲဖို့နဲ့ ကန့်ကွက်မဲပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

အခုလို မဲပေးတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ကတော့ အဲဒီလိုလုပ်ဖို့ ကြိုးပမ်းနေမှု မှန်သမျှဟာ လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီး ကုလသမဂ္ဂရဲ့ ယန္တရား အလွဲသုံးစားလုပ်တာလို့ သတ်မှတ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံကတော့ ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး အဖြေရှာနိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ရော ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ပါ ၃ နိုင်ငံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ရခိုင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ရာကနေ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ၂ နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားပြီးတော့ ဒုက္ခသည်တွေကို စိစစ်လက်ခံနေပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ အသိအမှတ်ပြုထားခြင်း မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG