သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုရွားက ေလေၾကာင္းကာကြယ္ေရးစနစ္နဲ႔ ဒရုန္းယာဥ္ေတြ ျမန္မာ့တပ္မေတာ္ဝယ္မည္


႐ုရွားလုပ္ Pantsir-S1 ေလေၾကာင္းရန္ ကာကြယ္ေရး စနစ္

(Zawgyi/Unicode)

ျမန္မာနိုင္ငံက ႐ုရွားနိုင္ငံကေန ေလေၾကာင္းရန္ ကာကြယ္ေရး ဒုံးက်ည္ စနစ္နဲ႔ ေမာင္းသူမဲ့ ေလယာဥ္ drone ေတြ ဝယ္ယူမွာ ျဖစ္ ပါတယ္။

႐ုရွားနိုင္ငံဆီက လက္နက္ဝယ္ယူမယ့္ သေဘာတူညီခ်က္ကို ႐ုရွား ကာကြယ္ေရး ဝန္ႀကီး Sergey Shoigu ျမန္မာနိုင္ငံကို ေရာက္ေနခ်ိန္ ဒီတစ္ပတ္ထဲမွာ လက္မွတ္ေရးထိုးခဲ့ၾကတာပါ။

အဲဒီ သေဘာတူညီခ်က္အရ ျမန္မာနိုင္ငံက ႐ုရွားလုပ္ Pantsir-S1 ေလေၾကာင္းရန္ ကာကြယ္ေရး စနစ္နဲ႔ Orlan-10E ေမာင္းသူမဲ့ ေလယာဥ္ငယ္ drone ေတြ ဝယ္ယူမွာ ျဖစ္ပါတယ္။

၂၀၀၁ ခုႏွစ္ကတည္းက စလို႔ ျမန္မာနဲ႔ ႐ုရွားနိုင္ငံတို႔အၾကား သေဘာတူညီခ်က္ေတြ ရရွိထားၿပီး ထိေရာက္ၿပီး ႏွစ္ဘက္အက်ိဳးမ်ားတဲ့ စစ္လက္နက္ နည္းပညာ ပူးေပါင္းေဆာင္ရြက္ေရး လုပ္ေဆာင္ေနၿပီး တိုးတက္မႈေတြ ရရွိေနတယ္လို႔ ႐ုရွား နိုင္ငံပိုင္ TASSသတင္းဌာနက ေျပာပါတယ္။

အဲဒီ အခ်ိန္ကတည္းက ႐ုရွားတို႔ အေနနဲ႔ MiG တိုက္ေလယာဥ္ အစင္း ၃၀၊ Yakolev-130တိုက္ပြဲ ေလ့က်င့္ေရးေလယာဥ္ ၁၂ စင္း၊ Mi 24နဲ႔Mi-35Pရဟတ္ယာဥ္ ၁၀ စင္း၊ Pechora -2Mေလေၾကာင္းရန္ ကာကြယ္ေရး ဒုံးက်ည္စနစ္ ၈ ခု၊ ေရဒါေတြ၊ သံခ်ပ္ကာ ယာဥ္ေတြ နဲ႔ အေျမႇာက္ေတြကို ေရာင္းခ်ခဲ့ေၾကာင္းလည္း ႐ုရွား သတင္းဌာနေတြက ေျပာပါတယ္။

Sukhoi-30SME ေလယာဥ္ေတြ ေရာင္းခ်ေရး သေဘာတူစာခ်ဳပ္ကို လက္ရွိ ခ်ဳပ္ဆိုထားၿပီး တစ္ခ်ိဳ႕ကို ေပးပို႔ထားၿပီးျဖစ္ေၾကာင္း လည္း TASS သတင္းမွာ ပါရွိပါတယ္။

ျမန္မာနိုင္ငံက ဝယ္ယူထားတဲ့ လက္နက္ ပစၥည္း ကိရိယာေတြအတြက္ ျပဳျပဳင္ထိန္းသိမ္းေရးနဲ႔ အဆင့္ျမႇင့္တင္ေရးလုပ္ငန္းေတြ ကိုေတာ့ ျမန္မာနိုင္ငံထဲမွာ ႏွစ္နိုင္ငံသေဘာတူ ဖြဲ႕စည္းထားတဲ့ ပူးတြဲ နည္းပညာဝန္ေဆာင္မႈ စင္တာမွာ လုပ္ေဆာင္ေနတာပါ။

႐ုရွားလုပ္ တျခား ေခတ္မီ စစ္လက္နက္ ပစၥည္းေတြ ထပ္မံ ဝယ္ယူဖို႔ ျမန္မာနိုင္ငံဘက္က စိတ္ဝင္းစားမႈ ျပသေနတယ္လို႔လည္း ႐ုရွား သတင္းဌာနေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ရုရှားက လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဒရုန်းယာဉ်တွေ မြန်မာ့တပ်မတော် ဝယ်မည်

(Unicode)

မြန်မာနိုင်ငံက ရုရှားနိုင်ငံကနေ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် စနစ်နဲ့ မောင်းသူမဲ့ လေယာဉ် drone တွေ ဝယ်ယူမှာ ဖြစ် ပါတယ်။

ရုရှားနိုင်ငံဆီက လက်နက်ဝယ်ယူမယ့် သဘောတူညီချက်ကို ရုရှား ကာကွယ်ရေး ဝန်ကြီး Sergey Shoigu မြန်မာနိုင်ငံကို ရောက်နေချိန် ဒီတစ်ပတ်ထဲမှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အဲဒီ သဘောတူညီချက်အရ မြန်မာနိုင်ငံက ရုရှားလုပ် Pantsir-S1 လေကြောင်းရန် ကာကွယ်ရေး စနစ်နဲ့ Orlan-10E မောင်းသူမဲ့ လေယာဉ်ငယ် drone တွေ ဝယ်ယူမှာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်ကတည်းက စလို့ မြန်မာနဲ့ ရုရှားနိုင်ငံတို့အကြား သဘောတူညီချက်တွေ ရရှိထားပြီး ထိရောက်ပြီး နှစ်ဖက်အကျိုးများတဲ့ စစ်လက်နက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်နေပြီး တိုးတက်မှုတွေ ရရှိနေတယ်လို့ ရုရှား နိုင်ငံပိုင် TASSသတင်းဌာနက ပြောပါတယ်။

အဲဒီ အချိန်ကတည်းက ရုရှားတို့ အနေနဲ့ MiG တိုက်လေယာဉ် အစင်း ၃၀၊ Yakolev-130တိုက်ပွဲ လေ့ကျင့်ရေးလေယာဉ် ၁၂ စင်း၊ Mi 24နဲ့Mi-35Pရဟတ်ယာဉ် ၁၀ စင်း၊ Pechora -2Mလေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် ၈ ခု၊ ရေဒါတွေ၊ သံချပ်ကာ ယာဉ်တွေ နဲ့ အမြှောက်တွေကို ရောင်းချခဲ့ကြောင်းလည်း ရုရှား သတင်းဌာနတွေက ပြောပါတယ်။

Sukhoi-30SME လေယာဉ်တွေ ရောင်းချရေး သဘောတူစာချုပ်ကို လက်ရှိ ချုပ်ဆိုထားပြီး တစ်ချို့ကို ပေးပို့ထားပြီးဖြစ်ကြောင်း လည်း TASS သတင်းမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ လက်နက် ပစ္စည်း ကိရိယာတွေအတွက် ပြုပြုင်ထိန်းသိမ်းရေးနဲ့ အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေ ကိုတော့ မြန်မာနိုင်ငံထဲမှာ နှစ်နိုင်ငံသဘောတူ ဖွဲ့စည်းထားတဲ့ ပူးတွဲ နည်းပညာဝန်ဆောင်မှု စင်တာမှာ လုပ်ဆောင်နေတာပါ။

ရုရှားလုပ် တခြား ခေတ်မီ စစ်လက်နက် ပစ္စည်းတွေ ထပ်မံ ဝယ်ယူဖို့ မြန်မာနိုင်ငံဘက်က စိတ်ဝင်းစားမှု ပြသနေတယ်လို့လည်း ရုရှား သတင်းဌာနတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG