သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္အစိုးရလက္ေအာက္ခံ အသံလႊင့္ဌာနတခ်ိဳ႕ကို ထိန္းခ်ဳပ္ဖို႔ ႐ု႐ွားစီစဥ္ 


Radio Free Europe/Radio Liberty ဌာနခ်ဳပ္

(Zawgyi/Unicode)

Radio Free Europe / Radio Liberty တို႔ကို ဆန႔္က်င္ကန႔္ကြက္တဲ့အေနနဲ႔ ႐ုရွားရဲ႕အျငင္းပြားဖြယ္ရာ ႏိုင္ငံျခားေအဂ်င့္ဥပေဒ ခ်ိဳးေဖာက္သူေတြအတြက္ဆိုၿပီး ပထမဦးဆုံးအႀကိမ္သတ္မွတ္တဲ့ စီမံခန္႔ခဲြမႈ က်င့္၀တ္ဆိုင္ရာ protocol (၈) ခ်က္ကို ႐ုရွားဆက္သြယ္ေရးေစာင့္ၾကည့္ေရးအဖြဲ႕ Roskomnadzor က ေရးဆြဲခဲ့ပါတယ္။ Radio Free Europe / Radio Liberty တို႔ဟာ အေမရိကန္ ကမာၻ႔သတင္းမီဒီယာ USAGM လက္ေအာက္မွာရွိတဲ့အသံလႊင့္ဌာနေတြျဖစ္ပါတယ္။

Roskomnadzor အဖြဲ႕ရဲ႕ဝက္ဘ္ဆိုင္ဒ္မွာ ဇန္နဝါရီလ (၁၂)ရက္ေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္အရ- အျပစ္ရွိတဲ့ သတင္းအဖဲြ႕ေတြဟာ ႏိုင္ငံျခားေအဂ်င့္ ကုိယ္စားလွယ္ ဥပေဒအရ သတင္းမီဒီယာေတြေဆာင္ရြက္ရမယ့္ အခ်က္ေတြနဲ႔ လိုက္ေလ်ာညီေထြမႈမရွိတာ၊ ဥပေဒအရ သူတို႔ ျဖန္႔ေ၀တဲ့ သတင္းအခ်က္အလက္ေပၚ တံဆိပ္တပ္ရမယ္ဆိုတဲ့ လိုအပ္ခ်က္နဲ႔ ကိုက္ညီမႈမရွိတာ စတဲ့ အခ်က္ေတြ ေဖၚျပထားပါတယ္။ဒါအျပင္ အဲဒီသတင္းအဖဲြ႕ေတြထဲမွာ RFE/RL's Russian Service၊ Current Time၊ Sibir.Realii နဲ႔ Idel.Realii တို႔ ပါေၾကာင္း ေရးသားထားပါတယ္။

ဒီလိုခ်ဳိးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ အုပ္ခ်ဳပ္ေရးဒဏ္ေငြ ခ်မွတ္ဖို႔ အခုေရးဆဲြထားတဲ့ စီမံခန္႔ခဲြမႈ က်င့္၀တ္ဆိုင္ရာအခ်က္ေတြကို သံုးရက္အတြင္း တရားရံုးကို ေလွ်ာက္လွဲေပးပို႔မွာ ျဖစ္တယ္လို႔ Roskomnadzor ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........

အမေရိကန်အစိုးရလက်အောက်ခံ အသံလွှင့်ဌာနတချို့ကို ထိန်းချုပ်ဖို့ ရုရှားစီစဉ်

(Unicode)

Radio Free Europe / Radio Liberty တို့ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရုရှားရဲ့အငြင်းပွားဖွယ်ရာ နိုင်ငံခြားအေဂျင့်ဥပဒေ ချိုးဖောက်သူတွေအတွက်ဆိုပြီး ပထမဦးဆုံးအကြိမ်သတ်မှတ်တဲ့ စီမံခန့်ခွဲမှု ကျင့်ဝတ်ဆိုင်ရာ protocol (၈) ချက်ကို ရုရှားဆက်သွယ်ရေးစောင့်ကြည့်ရေးအဖွဲ့ Roskomnadzor က ရေးဆွဲခဲ့ပါတယ်။ Radio Free Europe / Radio Liberty တို့ဟာ အမေရိကန် ကမ္ဘာ့သတင်းမီဒီယာ USAGM လက်အောက်မှာရှိတဲ့အသံလွှင့်ဌာနတွေဖြစ်ပါတယ်။

Roskomnadzor အဖွဲ့ရဲ့ဝက်ဘ်ဆိုင်ဒ်မှာ ဇန်နဝါရီလ (၁၂)ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်အရ- အပြစ်ရှိတဲ့ သတင်းအဖွဲ့တွေဟာ နိုင်ငံခြားအေဂျင့် ကိုယ်စားလှယ် ဥပဒေအရ သတင်းမီဒီယာတွေဆောင်ရွက်ရမယ့် အချက်တွေနဲ့ လိုက်လျောညီထွေမှုမရှိတာ၊ ဥပဒေအရ သူတို့ ဖြန့်ဝေတဲ့ သတင်းအချက်အလက်ပေါ် တံဆိပ်တပ်ရမယ်ဆိုတဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှုမရှိတာ စတဲ့ အချက်တွေ ဖေါ်ပြထားပါတယ်။ဒါအပြင် အဲဒီသတင်းအဖွဲ့တွေထဲမှာ RFE/RL's Russian Service၊ Current Time၊ Sibir.Realii နဲ့ Idel.Realii တို့ ပါကြောင်း ရေးသားထားပါတယ်။

ဒီလိုချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေးဒဏ်ငွေ ချမှတ်ဖို့ အခုရေးဆွဲထားတဲ့ စီမံခန့်ခွဲမှု ကျင့်ဝတ်ဆိုင်ရာအချက်တွေကို သုံးရက်အတွင်း တရားရုံးကို လျှောက်လှဲပေးပို့မှာ ဖြစ်တယ်လို့ Roskomnadzor ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG