သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo VOA ဝန္ထမ္းမ်ားနဲ႔ လာေရာက္ေတြ႕ဆံု


ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo

(Zawgyi/Unicode)

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Michael R. Pompeo ဟာ တနလၤာေန႔ ေန႔လည္က ဝါရွင္တန္ဒီစီ မွာရွိတဲ့ VOA အေမရိကန္ အသံ ဌာနခ်ဳပ္ကို လာေရာက္ ခဲ့ပါတယ္။

VOA ရဲ႕ မိခင္ဌာနျဖစ္တဲ့ အေမရိကန္ကမာၻ႔သတင္းမီဒီယာ USAGM (U.S. Agency for Global Media) ကေန ကမာၻတလႊား လူအားလံုးနဲ႔ထိေတြ႔ဆက္ဆံၿပီး လြတ္လပ္မႈနဲ႔ ဒီမိုကေရစီကို ပ့ံပိုးေပးဖို႔ လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္း ကိုရိုနာဗုိင္းရပ္စ္ ေၾကာင့္ ကြန္ျပဴတာအြန္လိုင္းကျပဳလုပ္တဲ့ ေတြ႔ဆံု ေဆြးေႏြးပြဲမွာ ဝန္ႀကီး Pompeo က ေျပာပါတယ္။

သတင္းဆိုးျဖစ္ေစ သတင္းေကာင္းျဖစ္ေစ အမွန္ကိုသာတင္ျပတဲ့ VOA ကို သူအစဥ္တစိုက္နားဆင္ခဲ့တယ္လို႔ ေတြ႔ဆံုပြဲမွာ ဝန္ႀကီး Pompeo ကေျပာပါတယ္။ ကမာၻတလႊား ဒီမိုကေရစီေရး ပံ့ပိုးမႈေတြလုပ္ဖို႔ လုပ္ေဆာင္ရာမွာ ၿခိမ္းေျခာက္မႈ မ်ိဳးစံုနဲ႔ ႀကံဳခဲ့ရေပမယ့္ အမွန္တရား ေပၚေပါက္ေရးအတြက္ အခက္ခဲမ်ိဳးစံုၾကားကေန လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

သတင္းမီဒီယာေတြကေန ထုတ္လႊင့္ေပးခဲ့တဲ့ ဝန္ႀကီး Pompeo နဲ႔ ေတြ႔ဆံုပြဲကို အေမရိကန္ကမာၻ႔သတင္းမီဒီယာ USAGM အႀကီးအကဲ Michael Pack က မိတ္ဆက္ ေပးခဲ့ၿပီး ဝန္ႀကီးရဲ့ ေျပာၾကားခ်က္ေတြ အၿပီးမွာေတာ့ ဗြီအိုေအရဲ့ ညႊန္ၾကားေရးမႈး Robert Reilly ရဲ႕ ေမးခြန္းေတြကို ဝန္ႀကီးက ျပန္လည္ေျဖၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

နိုင်ငံခြားရေးဝန်ကြီး Mike Pompeo VOA ဝန်ထမ်းများနဲ့ လာရောက်တွေ့ဆုံ

(Unicode)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Michael R. Pompeo ဟာ တနင်္လာနေ့ နေ့လည်က ဝါရှင်တန်ဒီစီ မှာရှိတဲ့ VOA အမေရိကန် အသံ ဌာနချုပ်ကို လာရောက် ခဲ့ပါတယ်။

VOA ရဲ့ မိခင်ဌာနဖြစ်တဲ့ အမေရိကန်ကမ္ဘာ့သတင်းမီဒီယာ USAGM (U.S. Agency for Global Media) ကနေ ကမ္ဘာတလွှား လူအားလုံးနဲ့ထိတွေ့ဆက်ဆံပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ပံ့ပိုးပေးဖို့ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် ကွန်ပြူတာအွန်လိုင်းကပြုလုပ်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဝန်ကြီး Pompeo က ပြောပါတယ်။

သတင်းဆိုးဖြစ်စေ သတင်းကောင်းဖြစ်စေ အမှန်ကိုသာတင်ပြတဲ့ VOA ကို သူအစဉ်တစိုက်နားဆင်ခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ဝန်ကြီး Pompeo ကပြောပါတယ်။ ကမ္ဘာတလွှား ဒီမိုကရေစီရေး ပံ့ပိုးမှုတွေလုပ်ဖို့ လုပ်ဆောင်ရာမှာ ခြိမ်းခြောက်မှု မျိုးစုံနဲ့ ကြုံခဲ့ရပေမယ့် အမှန်တရား ပေါ်ပေါက်ရေးအတွက် အခက်ခဲမျိုးစုံကြားကနေ လုပ်ဆောင်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သတင်းမီဒီယာတွေကနေ ထုတ်လွှင့်ပေးခဲ့တဲ့ ဝန်ကြီး Pompeo နဲ့ တွေ့ဆုံပွဲကို အမေရိကန်ကမ္ဘာ့သတင်းမီဒီယာ USAGM အကြီးအကဲ Michael Pack က မိတ်ဆက် ပေးခဲ့ပြီး ဝန်ကြီးရဲ့ ပြောကြားချက်တွေ အပြီးမှာတော့ ဗွီအိုအေရဲ့ ညွှန်ကြားရေးမှုး Robert Reilly ရဲ့ မေးခွန်းတွေကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG