သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ရဲ့အရေးပါတဲ့ အခန်းကဏ္ဍ ဝန်ကြီး Pompeo အခိုင်အမာ ပြောကြား 


ဝန်ကြီး Pompeo နှင့် ဗွီအိုအေရဲ့ ညွှန်ကြားရေးမှုး Robert Reilly
ဝန်ကြီး Pompeo နှင့် ဗွီအိုအေရဲ့ ညွှန်ကြားရေးမှုး Robert Reilly

(Zawgyi/Unicode)

ဒုတိယကမ္ဘာစစ်ကာလ ၁၉ ၄၂ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ VOA ဗွီအိုအေ အမေရိကန် အသံလွှင့်ဌာန ရဲ့အခန်းကဏ္ဍဟာ အခုရော၊ အနာဂတ်မှာပါ ဆက်ပြီး အရေးပါနေအုံးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောကြားလိုက်ပါတယ်။ တနင်္လာနေ့က ဝါရှင်တန်ဒီစီမှာရှိတဲ့ ဗွီအိုအေ ဌာနချုပ်ရုံးကို ဝန်ကြီး Pompeo လာရောက်တဲ့ အကြောင်းအရင်း၊ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ မင်္ဂလာပါ အန်ကယ်။

ဦးကျော်ဇံသာ။ ။ မင်္ဂလာပါ။

မအင်ကြင်းနိုင်။ ။အမေရိကန်ပြည်ထောင်စုမှာ ဂျိုးဘိုင်ဒန် အစိုးရသစ်တက်လာတော့မယ့် အပြောင်းအလဲကာလမှာ ဗွီအိုအေ အသံလွှင့်ဌာနချုပ်ရုံးကို နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဘာရည်ရွယ်ချက်နဲ့ လာရောက်လဲလို့ မြင်ပါသလဲ။

ဦးကျော်ဇံသာ။ ။ အဓိကတော့ VOA ရဲ့ တာဝန်နဲ့ အခန်းကဏ္ဍကို ခိုင်ခိုင်မာမာရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောဖို့လာတယ်လို့ တွေ့ရပါတယ်။ အထူးသဖြင့် အမေရိကန်ရဲ့ တန်ဖိုးထားမှုနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေအပေါ်မှာ ခြိမ်းခြောက်မှုတွေ မြင့်မားလာတဲ့ ဒီလိုအချိန်မျိုးမှာ VOA ရဲ့ အခန်းကဏ္ဍဟာ သိပ်ပြီးတော့ အရေးတကြီးလိုအပ်နေတယ်ဆိုတာကို လာပြီးပြောသွားတာဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ ဒါဆိုရင် ၁၉ ၄၂ခုနှစ်မှာ ဗွီအိုအေကို စတင်တည်ထောင်ချိန်က မူလရည်ရွယ်ချက်တွေနဲ့ ဘာတွေ ကွဲလွဲလာတာလဲ။

ဦးကျော်ဇံသာ။ ။ ၁၉၄၂ ခုနှစ်မှာ VOA စတင်ထူထောင်တုန်းက ကြွေးကြော်သံကတော့ သတင်းက သတင်းကောင်းဖြစ်ချင်ရင်ဖြစ်မယ်၊ သတင်းဆိုး ဖြစ်ချင်ရင်ဖြစ်မယ် ကျနော်တို့ကတော့ အမှန်အတိုင်းပြောမယ်ဆိုတဲ့ ကိစ္စပါ။ အဲဒီအပြင် တိကျမှန်ကန်မှု ရှိရမယ် ၊ accuracy ဖြစ်ရမယ် ၊ Objective ဖြစ်ရမယ်၊ မျှတ ရမယ်၊နောက်ပြီးတော့ comprehensive အပြည့်အစုံပြောရမယ်ပေ့ါလေ။ ကိုယ်လိုချင်တာပြော၊ မလိုချင်တာ ချန်ထားဆိုတာ မလုပ်ရဘူး။ နောက်ပြီးတော့ အမေရိကန်အကျိုးစီးပွားကို ကိုယ်စားပြုရမယ် အဲဒီ ရည်ရွယ်ချက်တွေနဲ့ စပြီးတော့ လုပ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် အခုအခါမှာ အထူးသဖြင့် စစ်အေးတိုက်ပွဲပြီးတဲ့အခါမှာ သမိုင်းဟာ ပြီးဆုံးသွားပြီ။ ဒီအခန်းကဏ္ဍ ငါတို့လုပ်စရာမလိုတော့ဘူးဆိုပြီးတော့ အမေရိကန် VOA သတင်းဌာနကလည်း အဲဒီလို ပေါ့ပျက်ပျက် ဖြစ်လာတယ်ဆိုပြီးတော့ သူက သုံးသပ်ပါတယ်။ ဆိုတော့ အခုအခါမှာ အဲဒါတွေကို ပြန်လည်တည့်မတ်ဖို့ ဆိုပြီးတော့ သူက ပြောချင်းဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒါဆိုရင် Mike Pompeo ပြောသွားတဲ့အထဲမှာ ဒီအမေရိကန်အကျိုးစီးပွားအတွက်ရော ဘယ်လောက်အထိ အန္တရာယ်ရှိလာနေသလဲပေါ့နော် အဲဒီအချက်တွေ နောက်အမေရိကန်ရဲ့ စံတန်ဖိုး သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ သူဘာတွေပြောသွားသေးလဲရှင့်။

ဦးကျော်ဇံသာ။ ။ အမေရိကန်ရဲ့ စံတန်ဖိုးထားမှုကို ပြောတာ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ လူသားတိုင်းဟာ မွေးကတည်းက အခွင့်အရေး ၊ ရပိုင်ခွင့်တွေကို ပိုင်ဆိုင်ပြီးတော့ မွေးလာတယ်။ အစိုးရဆိုတာဟာ ဒီလူသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့အတွက် အစိုးရကို ဖွဲ့စည်းထားတာဖြစ်တယ်။ ဒီမူကို အခြေခံပြီးတော့ ထူထောင်တဲ့နိုင်ငံတွေထဲမှာ ကမ္ဘာပေါ်မှာ အမေရိကန်ဟာ ပထမဆုံးနိုင်ငံဖြစ်တယ်။ ဒါကို မမေ့သင့်ဘူး။ ဆိုတော့ ဒီမူအတိုင်းသာ အမေရိကန်ရဲ့ စံတန်ဖိုးထားမှုတွေကလည်း အဲဒီ လွတ်လပ်မှုတို့ နောက်ပြီးတော့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဟာ အမေရိကန်ရဲ့ အဓိက တန်ဖိုးထားမှုဖြစ်တယ်။ ဆိုတော့ VOA အနေနဲ့ ကမ္ဘာတဝှမ်းကလူတွေနဲ့ ဆက်ဆံပြီးတော့ ဒီ Freedom and Democracy ကို promote လုပ်ရမယ် ၊ တိုးမြှင့်ဖော်ဆောင်ရမယ်။ နောက်ပြီးတော့ “Voice of the voiceless in the dark corner of the world” လို့ သူသုံးပါတယ်။ ကမ္ဘာ့အမှောင်ထု ဖုံးလွှမ်းနေတဲ့ဒေသတွေက အသံတိတ်နေရတဲ့သူတွေရဲ့ အသံကို ကိုယ်စားပြုရမယ် Voice of America ကဆိုပြီးတော့ အဓိက ပြောသွားပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒါဆိုရင် VOA က အမေရိကန်အကျိုးစီးပွားကို ဖော်ဆောင်ပေးရမယ်ဆိုတဲ့သဘောမျိုး ဝန်ကြီးက ပြောသွားတာလားရှင့်။

ဦးကျော်ဇံသာ။ ။ ဟုတ်ပါတယ်။ တကယ်တော့ အခုအခါမှာ သူက နမူနာ တချို့ပြောတယ်။ Social media တွေဆိုကြပါစို့ ၊ အဲဒီ Social media တွေဟာ ဒါက Moral Justice တရားမျှတမှုရှိရမယ်၊ ဆိုပြီးတော့ ဘာညာ အဲဒီလို အရေခွံခြုံပြီးတော့ ပရမ်းပတာ အဲလိုဝေဖန်နေကြတယ်။ Voice of America က အဲလိုမဟုတ်ဘူး။ ဘာလုပ်ရမယ် ဘယ်ဟာကို ကာကွယ်ရမယ် ဆိုတာ “Duty and Responsibility” တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို အတိအကျ ပြဌာန်းထားတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်။ တခြားသော institution တွေ၊ တခြားသော အဖွဲ့အစည်းတွေကိုလည်း အမေရိကန်အကျိုးစီးပွားကို ကာကွယ်ဖို့ လိုတယ်ဆိုတာ ပြောသွားပါတယ်။ ဒါက Voice of America ကို politicize လုပ်တာမဟုတ်ဘူး ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ လုပ်တာမဟုတ်ဘူး။ နိုင်ငံရေးနဲ့ ကင်းလွတ်အောင် depoliticize လုပ်ချင်းသာဖြစ်တယ်။ နိုင်ငံရေးနဲ့ ဘာမှ မဆိုင်ဘူး။ အမေရိကန်လည်း ကမ္ဘာမှာ ကောင်းတာတွေလုပ်နေတာပဲတဲ့ ၊ အမေရိကန်လည်း မှားတာတွေလည်းရှိတယ်။ သို့သော်လည်း မှားတာတွေကို ဘာကြောင့်ထောက်ပြနေမှာလဲတဲ့ ။ ဥပမာ- တရုတ်ဆိုရင် အမေရိကန်မှာ George Floyd ဆုံးသွားပြီးတော့ black lives matter ဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ် မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ တရုတ်ကပြောတယ် ငါတို့ ကွန်မြူနစ်စနစ်က အမေရိကန်ထက်သာတယ်ဆိုတာမျိုးတွေ ဒါတွေမျိုးက ဘာပြောစရာရှိသလဲဆိုတော့ တရုတ်ပြည်မှာက အားနည်းချက် ဘယ်လိုဘယ်လိုဆိုပြီး ထောက်ပြသွားပါတယ်။ ဆိုတော့ အမေရိကန်ရဲ့ နမူနာကောင်းတွေကို ဖော်ထုတ်ပြီးတော့ ကမ္ဘာကို ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် အလင်းရောင်ပြသင့်တယ်၊ ပေးသင့်တယ်ဆိုတဲ့သဘော ပြောသွားပါတယ် မအင်ကြင်း။

အင်ကြင်းနိုင်။ ။ နောက်တချက်က ဝန်ကြီး Pompeo ကို ဗွီအိုအေ ဒါရိုက်တာ Robert Reilly က တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ် လုပ်သွားပါတယ်။ အဲဒီမှာ တရုတ်၊ အရှေ့အလယ်ပိုင်း၊ ရုရှား စတဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့ အလေးပေး ပြောဆိုသွားတာတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ထူးခြားချက်တွေကို ပြောပြပေးပါ အန်ကယ်။

ဦးကျော်ဇံသာ။။ အဓိက Mr. Reilly မေးချင်တဲ့ကိစ္စက နောက်တက်လာမယ့် အစိုးရဟာ အခု Mr. Pompeo တို့ ချမှတ်ခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒအတိုင်း တူညီပြီးတော့ အဲဒီလမ်းအတိုင်း လိုက်နာ လုပ်ဆောင်ပါ့မလား ဆိုပြီးတော့ မေးသွားတာဖြစ်ပါတယ်။ သူက တရုတ်ကို နမူနာပေးပါတယ်။ တရုတ်နဲ့ ပတ်သက်လို့ကတော့ ပါတီနှစ်ရပ်လုံးက ညှိုနှိုင်းပြီးတော့ ချမှတ်ထားတဲ့မူသဘောဖြစ်တဲ့အတွက် နောက်တက်လာတဲ့ အစိုးရကလည်း ဒါကို နားလည်လက်ခံလိမ့်မယ်ထင်ပါတယ်ဆိုပြီးတော့၊ တရုတ်ရဲ့ ဟောင်ကောင်အပေါ် နှိပ်ကွက်တဲ့ ကိစ္စ၊ ဝှီဂါတွေကို ထိန်းချုပ်၊ ညှင်းပန်းတဲ့ကိစ္စတွေ အဲဒါတွေကို Pompeo က နမူနာအဖြစ် ပြောသွားပါတယ်။ ဒီကိစ္စတွေမှာ သိပ်ပြီးကွဲလွဲနိုင်စရာ မရှိဘူးလို့ ပြောသွားပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်လို့ကတော့ အီရန်နဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားလက်ထက်က သင့်မြတ်ရေးလမ်းစဉ်ကို ချခဲ့တယ်၊ သို့သော် သူတို့လက်ထက်မှာ ဆောင်ရွက်ခဲ့တာကိုတော့ အခုတက်လာမယ့် အစိုးရက နားလယ်လက်ခံလိမ့်မယ်လို့ ထင်ပါတယ်တဲ့။ နောက် အစ္စရေးကို အသိအမှတ်ပြုရမယ့်ကိစ္စ၊ လွတ်လပ်ခွင့်ပေးရမယ့်ကိစ္စ၊ ဂျေရုစလင်ကို ဂျူးတွေပိုင်ဆိုင်တဲ့ကိစ္စ ဒါတွေကိုလည်း အသိအမှတ်ပြုရမယ်။ ဒီဟာတွေကိုလည်းပဲ သူတို့ ပြန်ပြီး စဉ်းစားလိမ့်မယ်ထင်တယ်လို့ ပြောသွားပါတယ်။ နောက်ဆုံး ရုရှားနဲ့ ပတ်သက်လို့ မေးတဲ့အခါမှာတော့- ရုရှားနဲ့ သူတို့ဆက်ဆံရေးကို တိုက်ရိုက်မဖြေပါဘူး။ သို့သော်လည်းပဲ ကမ္ဘာ့နေရာ အနှံအပြားမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုက ရှိနေဆဲဆိုတာကို အာဖရိကနဲ့အခြားဒေသတွေကို နမူနာပေးပြီး ဖြေကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)



ဦးကြောျဇံသာ။ ။ မငျ်ဂလာပါ။











XS
SM
MD
LG