(Zawgyi / Unicode)
ဒီမိုကေရစီႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စုနဲ႔ ထိုင္ဝမ္တို႔ၾကား တရားဝင္မဟုတ္ေသးတဲ့ ႏွစ္ႏိုင္ငံဆက္ဆံေရး ေကာင္းေအာင္ တည္ေဆာက္ေနခ်ိန္မွာပဲ အေမရိကန္အရာရွိေတြနဲ႔ ထုိင္ဝမ္တာဝန္ရွိသူတို႔ၾကား ဆက္ဆံခြင့္ ကန္႔သတ္ထားတာေတြကို အေမရိကန္ဘက္က ေျဖေလွ်ာ့ေပးလိုက္ပါၿပီ။
ဒီအေပၚ ထုိင္ဝမ္ဘက္က ႀကိဳဆိုေပမယ့္လို႔ တ႐ုတ္ကိုေတာ့ အမ်က္ထြက္ေစႏုိင္ပါတယ္။
အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီးဌာန အေနနဲ႔ အေမရိကန္နဲ႔ ထိုင္ဝမ္ ၂ ႏိုင္ငံ သံတမန္ေတြၾကား၊ အေျခစိုက္အဖြဲ႔ဝင္ေတြနဲ႔ တျခား အစိုးရတာဝန္ရွိသူေတြ အျပန္အလွန္ ဆက္ဆံမႈေတြကို ဆယ္စုႏွစ္နဲ႔ခ်ီ တင္းက်ပ္ ကန္႔သတ္ခဲ့တာပါ။
အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo က ထိုင္ဝမ္ဟာ ယံုၾကည္စိတ္ခ်ရတဲ့ မိတ္ဘက္ႏုိင္ငံျဖစ္တယ္လို႔ ရည္ညႊန္းေျပာဆိုခဲ့ၿပီး အေမရိကန္အစိုးရပိုင္ ေအဂ်င္စီေတြအေနနဲ႔ အရင္တုန္းက အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ထုိင္ဝမ္နဲ႔ ဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္ထားတဲ့ လမ္းညႊန္ခ်က္ေတြကို ျပန္စဥ္းစားသံုးသပ္ဖို႔ကိုလည္း တုိက္တြန္းထားပါတယ္။
တ႐ုတ္အစိုးရ ၿငိဳျငင္မွာစိုးတဲ့အတြက္ ဆယ္စုေတြနဲ႔ခ်ီၿပီး အေမရိကန္ ထိပ္တန္းေခါင္းေဆာင္ေတြ၊ အေမရိကန္ စစ္ဘက္ဆိုင္ရာ အရာရွိႀကီးေတြကို ထိုင္ဝမ္ကို ခရီးသြားခြင့္ ပိတ္ပင္ခဲ့သလို ထိုင္ဝမ္သမၼတ၊ ဒုသမၼတနဲ႔ ထုိင္ဝမ္ ကာကြယ္ေရး၊ ႏုိင္ငံျခားေရးဝန္ႀကီးေတြကို အေမရိကန္ျပည္ေထာင္စုဆီကို လာေရာက္ခြင့္ကိုလည္း တားျမစ္ထားတာပါ။
တ႐ုတ္ျပည္တြင္းစစ္ၿပီးကတည္းက ၁၉၄၉ ခုႏွစ္ကစလို႔ ထိုင္ဝမ္က သီးျခားအုပ္ခ်ဳပ္ခြင့္နဲ႔ ရပ္တည္ခဲ့ေပမယ့္ တ႐ုတ္ဘက္ကေတာ့ သူပိုင္နက္အျဖစ္ ေျပာဆိုေနဆဲ ျဖစ္ပါတယ္။
ဆယ္စုႏွစ္နဲ႔ခ်ီၿပီး ခြဲျခားဆက္ဆံခံေနရမႈကို ပယ္ဖ်က္ေပးလိုက္တဲ့အတြက္ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးအတြက္ တကယ့္ကို ေန႔ထူးပါပဲ၊ ရလာမယ့္ အခြင့္အေရးေတြအတြက္လည္း ဂုဏ္ယူပါတယ္လို႔ အေမရိကန္ဆိုင္ရာ ထိုင္ဝမ္ကိုယ္စားလွယ္႐ုံးက တြစ္တာကေန ေရးသားပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးကိုေရာ အေမရိကန္လႊတ္ေတာ္က ပါတီႀကီးႏွစ္ခုအေနနဲ႔ပါ ထိုင္ဝမ္နဲ႔ ဆက္ဆံေရး ကန္႔သတ္ထားမႈေတြ ပယ္ဖ်က္တဲ့အေပၚ ႀကိဳဆိုတယ္လို႔ ထိုင္ဝမ္ကိုယ္စားလွယ္႐ုံးက ထုတ္ျပန္ပါတယ္။
ဒီလုပ္ရပ္ဟာ မွန္ကန္တဲ့ေျခလွမ္း ျဖစ္ေပမယ့္လို႔ ဒါဟာ လုပ္သင့္တ့ဲအခ်ိန္ ျဖစ္ရဲ႕လား ဆိုတာကိုေတာ့ အကဲခတ္သူေတြဘက္က ေမးခြန္းထုတ္ေနၾကပါတယ္။
------------------------
(Unicode)
ထိုင်ဝမ်နဲ့ဆက်ဆံရေး ကန့်သတ်မှု ကန်ဖြေလျှော့
ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်ဝမ်တို့ကြား တရားဝင်မဟုတ်သေးတဲ့ နှစ်နိုင်ငံဆက်ဆံရေး ကောင်းအောင် တည်ဆောက်နေချိန်မှာပဲ အမေရိကန်အရာရှိတွေနဲ့ ထိုင်ဝမ်တာဝန်ရှိသူတို့ကြား ဆက်ဆံခွင့် ကန့်သတ်ထားတာတွေကို အမေရိကန်ဘက်က ဖြေလျှော့ပေးလိုက်ပါပြီ။
ဒီအပေါ် ထိုင်ဝမ်ဘက်က ကြိုဆိုပေမယ့်လို့ တရုတ်ကိုတော့ အမျက်ထွက်စေနိုင်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ အမေရိကန်နဲ့ ထိုင်ဝမ် ၂ နိုင်ငံ သံတမန်တွေကြား၊ အခြေစိုက်အဖွဲ့ဝင်တွေနဲ့ တခြား အစိုးရတာဝန်ရှိသူတွေ အပြန်အလှန် ဆက်ဆံမှုတွေကို ဆယ်စုနှစ်နဲ့ချီ တင်းကျပ် ကန့်သတ်ခဲ့တာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ထိုင်ဝမ်ဟာ ယုံကြည်စိတ်ချရတဲ့ မိတ်ဘက်နိုင်ငံဖြစ်တယ်လို့ ရည်ညွှန်းပြောဆိုခဲ့ပြီး အမေရိကန်အစိုးရပိုင် အေဂျင်စီတွေအနေနဲ့ အရင်တုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို ပြန်စဉ်းစားသုံးသပ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
တရုတ်အစိုးရ ငြိုငြင်မှာစိုးတဲ့အတွက် ဆယ်စုတွေနဲ့ချီပြီး အမေရိကန် ထိပ်တန်းခေါင်းဆောင်တွေ၊ အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေကို ထိုင်ဝမ်ကို ခရီးသွားခွင့် ပိတ်ပင်ခဲ့သလို ထိုင်ဝမ်သမ္မတ၊ ဒုသမ္မတနဲ့ ထိုင်ဝမ် ကာကွယ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အမေရိကန်ပြည်ထောင်စုဆီကို လာရောက်ခွင့်ကိုလည်း တားမြစ်ထားတာပါ။
တရုတ်ပြည်တွင်းစစ်ပြီးကတည်းက ၁၉၄၉ ခုနှစ်ကစလို့ ထိုင်ဝမ်က သီးခြားအုပ်ချုပ်ခွင့်နဲ့ ရပ်တည်ခဲ့ပေမယ့် တရုတ်ဘက်ကတော့ သူပိုင်နက်အဖြစ် ပြောဆိုနေဆဲ ဖြစ်ပါတယ်။
ဆယ်စုနှစ်နဲ့ချီပြီး ခွဲခြားဆက်ဆံခံနေရမှုကို ပယ်ဖျက်ပေးလိုက်တဲ့အတွက် နှစ်နိုင်ငံကြား ဆက်ဆံရေးအတွက် တကယ့်ကို နေ့ထူးပါပဲ၊ ရလာမယ့် အခွင့်အရေးတွေအတွက်လည်း ဂုဏ်ယူပါတယ်လို့ အမေရိကန်ဆိုင်ရာ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးက တွစ်တာကနေ ရေးသားပါတယ်။
အမေရိကန်နိုင်ငံခြားရေးကိုရော အမေရိကန်လွှတ်တော်က ပါတီကြီးနှစ်ခုအနေနဲ့ပါ ထိုင်ဝမ်နဲ့ ဆက်ဆံရေး ကန့်သတ်ထားမှုတွေ ပယ်ဖျက်တဲ့အပေါ် ကြိုဆိုတယ်လို့ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
ဒီလုပ်ရပ်ဟာ မှန်ကန်တဲ့ခြေလှမ်း ဖြစ်ပေမယ့်လို့ ဒါဟာ လုပ်သင့်တဲ့အချိန် ဖြစ်ရဲ့လား ဆိုတာကိုတော့ အကဲခတ်သူတွေဘက်က မေးခွန်းထုတ်နေကြပါတယ်။