သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ရဲ့ ယာယီအကြီးအကဲအဖြစ် Elez Biberaj ကို ခန့်အပ်


VOA ရဲ့ ယာယီဒါရိုက်တာ Elez Biberaj
VOA ရဲ့ ယာယီဒါရိုက်တာ Elez Biberaj

(Zawgyi/Unicode)

မကြာသေးခင်က အမေရိကန် ကမ္ဘာ့သတင်းမီဒီယာ ဌာန U.S. Agency for Global Media (USAGM) ရဲ့ အကြီးအကဲ အသစ်ဖြစ်လာတဲ့ Michael Pack က VOA အသံလွှင့်ဌာနက ဝါရင့် သတင်းသမား Elez Biberaj ကို VOA ရဲ့ ယာယီဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ပါတယ်။

အခုလို VOA ယာယီအကြီးအကဲ အဖြစ်ခန့်အပ်တာကို မစ္စတာ Pack က အင်္ဂါနေ့မှာ ဝန်ထမ်းတွေကို အီးမေးလ် ပေးပို့ကြေညာခဲ့တာ ဖြစ်ပြီး အမေရိကန်အစိုးရ အထောက်အပံ့ပေးထားတဲ့ တခြား ပင်မသတင်းမီဒီယာတွေအတွက် ယာယီအကြီးအကဲ အမည်စာရင်းတွေကိုပါ ပေးပို့ခဲ့တာပါ။

မစ္စတာ Biberaj ဟာ ၂၀၀၆ ခုနှစ်ကစပြီး VOA ရဲ့ Eurasia ဌာနခွဲဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး ရုရှား၊ ယူကရိန်း၊ အာမေးနီးယား ဂျော်ဂျီယာနဲ့ ဘောလ်ကန် ဒေသတွေ မှာရှိတဲ့ VOA ပရိတ်သတ်တွေ အတွက် အစီစဉ်တွေကို တာဝန်ယူ ထုတ်လွှင့်ပေးသူ ဖြစ်ပါတယ်။ သူဟာ အယ်လ်ဘေးနီးယား ဌာန ရဲ့ အကြီးအကဲအဖြစ်လည်း တာဝန်ယူနေသူပါ။

ကိုလံဘီယာတက္ကသိုလ် က နိုင်ငံရေးသိပ္ပံပါရဂူဘွဲရထားတဲ့ မစ္စတာ ဘိုင်ဘရက်ဂျ် ဟာ အယ်လ်ဘေးနီး အကူးအပြောင်းကာလ- ဒီမိုကရေစီခရီးကြမ်း “Albania in Transition: The Rocky Road to Democracy” အပါအဝင် စာအုပ် ၄ အုပ်ကို ရေးသားခဲ့သူဖြစ်ပါတယ်။

ဒီလ အစောပိုင်းတုန်းက USAGM အကြီးကဲသစ် က လက်အောက်ခံသတင်းဌာနတွေက အကြီးအကဲတွေကို အလုပ်တွေ ဖြုတ်မပစ်ခင် ရက်ပိုင်းအတွင်းမှာပဲ VOA အကြီးကဲအဖြစ် တာဝန်ယူထားတဲ့ Amanda Bennett နဲ့ ဒုတိယအကြီးအကဲ Sandy Sugawara တို့က နုတ်ထွက်သွားခဲ့ တဲ့နောက် မစ္စတာ ဘိုင်းဘရက်ဂျ် ကို အခုလို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

အခုလိုခန့်အပ်လိုက်တဲ့အချိန်ဟာ ဗွီအိုအေရဲ့သတင်းတည်းဖြတ်မှုအပေါ် စောင့်ကြည့်စိစစ်မှုတွေ အရှိန်မြင့်လာနေတဲ့ ကာလလဲဖြစ်ပါတယ်။

တချိန်ထဲမှာပဲ USAGM လက်အောက်က ကျူးဘားအသံလွှင့်ဌာနရုံး အတွက် ယာယီ လက်ထောက်အကြီးအကဲ အဖြစ် Jeffrey Scott Shapiro ၊ လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ ယာယီအကြီးအကဲ အဖြစ် Parameswaran Ponnudurai ၊ အရှေ့အလယ်ပိုင်း သတင်းမီဒီယာ ကွန်ယက် အတွက် Kelley Sullivan နဲ့ လွတ်လပ်တဲ့ ဥရောပအသံ (RFE/ RL) အတွက် Daisy Sindelar တို့ကို ယာယီအကြီးအကဲတွေ အဖြစ်နဲ့ ခန့်အပ်ကြောင်း ကြေညာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


................

VOA ရဲ့ ယာယီအကွီးအကဲအဖွဈ Elez Biberaj ကို ခန့ျအပျ

(Unicode)








XS
SM
MD
LG