[Zawgyi/Unicode]
ဗီြအိုေအရဲ႕ မိခင္အဖြဲ႔အစည္းျဖစ္တဲ့ U.S. Agency for Global Media (USAGM) ရဲ႕ အႀကီးအကဲအျဖစ္ အသစ္ခန္႔အပ္ခံထားရသူ Michael Pack ဟာ အေရွ႕အလယ္ပိုင္းသတင္းမီဒီယာကြန္ရက္၊ လြတ္လပ္တဲ့ အာရွအသံ (RFA) နဲ႔ လြတ္လပ္တဲ့ ဥေရာပအသံ (RFE/Free Liberty) သတင္းဌာနေတြရဲ႕ အႀကီးအကဲေတြကို ရာထူးကေန ထုတ္ပယ္လိုက္ပါတယ္။ အခုလို ထုတ္ပယ္လိုက္တယ္ဆုိတာကို Michael Pack က ဗုဒၶဟူးေန႔ ေႏွာင္းပိုင္းက ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။
အဲဒီအႀကီးအကဲ တဦးခ်င္းစီအတြက္ ထုတ္ပယ္ရတဲ့အေၾကာင္းရင္းကို Michael Pack က တိတိက်က်မေျပာဘဲ USAGM အမႈေဆာင္အရာရွိခ်ဳပ္ရဲ႕ လုပ္ပိုင္ခြင့္အာဏာနဲ႔အညီ လုပ္ေဆာင္လိုက္တာျဖစ္တယ္လို႔ပဲ ေျပာတဲ့အေၾကာင္း AP သတင္းက ေဖာ္ျပပါတယ္။
VOA သတင္းဌာန ဒါ႐ိုက္တာ Amanda Bennett နဲ႔ ဒုတိယဒါ႐ိုက္တာ Sandy Sugawara တုိ႔ကေတာ့ တနလၤာေန႔ကတည္းက ရာထူးကေန ႏုတ္ထြက္သြားခဲ့တာပါ။
အခုလို သတင္းဌာနေတြရဲ႕ အႀကီးအကဲေတြကို Mr. Pack က ထုတ္ပယ္လိုက္တဲ့အေပၚ အေမရိကန္ အထက္ လႊတ္ေတာ္ နုိင္ငံျခားေရးေကာ္မတီက ထိပ္တန္းဒီမုိကရက္အမတ္တဦးျဖစ္သူ Bob Menendez က ေ၀ဖန္ေျပာဆိုပါတယ္။
Mr. Pack ဟာ USAGM ရဲ႕ လြတ္လပ္စြာရပ္တည္မႈကို ဖ်က္ဆီးဖို႔နဲ႔ သမုိင္းဝင္ အခန္းက႑ကို ထိခုိက္ေအာင္လုပ္ဖို႔ ႏုိင္ငံေရးပေယာဂပါတဲ့ ရည္မွန္းခ်က္ ရွိတယ္ဆုိတာ ဒီလုပ္ရပ္ေတြက အတည္ျပဳျပသေနတယ္လို႔ မစၥတာ Menendez က ေျပာပါတယ္။
ဒါေပမဲ့လည္း Michael Pack ကေတာ့ အေမရိကန္လႊတ္ေတာ္ကေန အတည္ျပဳ ျပဌာန္းေပးထားတဲ့၊ သတင္း လြတ္လပ္ခြင့္ကို အာမခံထားတဲ့ VOA ရဲ႕ ပဋိဥာဥ္အတိုင္း သူ႔အေနနဲ႔ အျပည့္အ၀ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ေျပာထားပါတယ္။
[Unicode Version]
USAGM လက်အောက်ခံ သတင်းဌာနတွေရဲ့အကြီးအကဲတွေကို CEO သစ် ထုတ်ပယ်
ဗွီအိုအေရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ U.S. Agency for Global Media (USAGM) ရဲ့ အကြီးအကဲအဖြစ် အသစ်ခန့်အပ်ခံထားရသူ Michael Pack ဟာ အရှေ့အလယ်ပိုင်းသတင်းမီဒီယာကွန်ရက်၊ လွတ်လပ်တဲ့ အာရှအသံ (RFA) နဲ့ လွတ်လပ်တဲ့ ဥရောပအသံ (RFE/Free Liberty) သတင်းဌာနတွေရဲ့ အကြီးအကဲတွေကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အခုလို ထုတ်ပယ်လိုက်တယ်ဆိုတာကို Michael Pack က ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အဲဒီအကြီးအကဲ တဦးချင်းစီအတွက် ထုတ်ပယ်ရတဲ့အကြောင်းရင်းကို Michael Pack က တိတိကျကျမပြောဘဲ USAGM အမှုဆောင်အရာရှိချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့အညီ လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ပဲ ပြောတဲ့အကြောင်း AP သတင်းက ဖော်ပြပါတယ်။
VOA သတင်းဌာန ဒါရိုက်တာ Amanda Bennett နဲ့ ဒုတိယဒါရိုက်တာ Sandy Sugawara တို့ကတော့ တနင်္လာနေ့ကတည်းက ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။
အခုလို သတင်းဌာနတွေရဲ့ အကြီးအကဲတွေကို Mr. Pack က ထုတ်ပယ်လိုက်တဲ့အပေါ် အမေရိကန် အထက် လွှတ်တော် နိုင်ငံခြားရေးကော်မတီက ထိပ်တန်းဒီမိုကရက်အမတ်တဦးဖြစ်သူ Bob Menendez က ဝေဖန်ပြောဆိုပါတယ်။
Mr. Pack ဟာ USAGM ရဲ့ လွတ်လပ်စွာရပ်တည်မှုကို ဖျက်ဆီးဖို့နဲ့ သမိုင်းဝင် အခန်းကဏ္ဍကို ထိခိုက်အောင်လုပ်ဖို့ နိုင်ငံရေးပယောဂပါတဲ့ ရည်မှန်းချက် ရှိတယ်ဆိုတာ ဒီလုပ်ရပ်တွေက အတည်ပြုပြသနေတယ်လို့ မစ္စတာ Menendez က ပြောပါတယ်။
ဒါပေမဲ့လည်း Michael Pack ကတော့ အမေရိကန်လွှတ်တော်ကနေ အတည်ပြု ပြဌာန်းပေးထားတဲ့၊ သတင်း လွတ်လပ်ခွင့်ကို အာမခံထားတဲ့ VOA ရဲ့ ပဋိဉာဉ်အတိုင်း သူ့အနေနဲ့ အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။