အေမရိကန္ ျပည္ေထာင္စု ႏုိ္င္ငံတကာ အသံလႊင့္ ဌာနမ်ား အႀကီးအကဲအျဖစ္ သမၼတ ထရမ့္ အစိုးရက အမည္စာရင္း တင္သြင္းထားသူ Michael Pack အေနနဲ႔ သူ႔ပိုင္ အျမတ္အစြန္း မယူတဲ့ လူမႈေရးအလွဴရွင္အဖြဲ႕တစ္ခုနဲ႔ သူတည္ေထာင္ထားတဲ့ မွတ္တမ္းတင္ ရုပ္သံ ကုမၸဏီတို႔ အၾကား ေငြေရးေၾကးေရးအရ ဆက္ႏြယ္မႈေတြနဲ႔ ပတ္သက္ ျပီး စစ္ေဆးခံရဖို႔ ရွိေနပါတယ္။
Michael Pack ဟာ သူကိုယ္တိုင္ ၁၉၇၇ခုႏွစ္တုန္းက တည္ေထာင္ခဲ့တဲ့ Manifold Productions ကုမၸဏီရဲ႕ ဥကၠဌ ျဖစ္သလို အခြန္ ကင္းလြတ္ခြင့္ရရွိတဲ့ လူမႈေရးအဖြဲ႔တစ္ခုျဖစ္တဲ့ The Public Media Lab ရဲ႕ စီးပြားေရးဆိုင္ရာ ကိုယ္စားလွယ္ အရာရွိလည္း ျဖစ္ပါတယ္။
The Public Media Lab အဖြဲ႔ကို ပညာေရး မွတ္တမ္းတင္ ရုပ္ရွင္ကားေတြကို အားေပးျပီး ဖြြံ႔ျဖိဳးတိုးတက္ေအာင္လုပ္ဖို႔ ေငြေၾကး အေထာက္အပံ့ေတြ လက္ခံရယူ ေပးအပ္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ဖြဲ႔စည္းခဲ့တာလို႔ ဆိုပါတယ္။
၂၀၀၈ ခုႏွစ္က ၂၀၁၇ ခုႏွစ္အၾကား The Public Media Lab ရဲ႕ အခြန္ထမ္း ေလွ်ာက္လႊာ ပုံစံေတြမွာ အဲဒီ အဖြဲ႔အစည္းအေနနဲ႔ အေမရိကန္ ေဒၚလာ ၂.၄ သန္း လက္ခံ ရရွိခဲ့ရာမွာ Michael Pack ပိုင္တဲ့ Manifold Productions ကုမၸဏီကေန အေမရိကန္ ေဒၚလာ ၁.၆ သန္း လက္ခံ ရရွိခဲ့တယ္လို႔ ေဖာ္ျပပါရွိပါတယ္။Manifold Productions ကုမၸဏီဟာလည္း The Public Media Lab ကေန အေထာက္အပံ့ ရန္ပုံေငြ လက္ခံ ရရွိတဲ့ တစ္ခုတည္းေသာ ကုမၸဏီ ျဖစ္လို႔ေနပါတယ္။
အဲဒီ ေငြေၾကး အျမတ္အစြန္း မယူတဲ့ အလွဴရွင္ ကုမၸဏီနဲ႔ မွတ္တမ္းတင္ ရုပ္သံ ကုမၸဏီတို႔အၾကား ေငြေၾကး ဆက္ႏြယ္မႈေတြ ရွိေနမႈအေပၚ အေမရိကန္ ျပည္တြင္း အခြန္ဦးစီးဌာနနဲ႔ စစ္ေဆး ေမးျမန္း လာႏုိင္ဖြယ္ရွိတယ္လို႔လည္း အခြန္ဆိုင္ရာ ေရွ႕ေနေတြက ဗီြအိုေအကို ေျပာပါတယ္။
.............
[Unicode]
သမ္မတ Trump ရွေးတဲ့ ကန်အသံလွှင့်အကြီးအကဲ ငွေကြေးပြဿနာ စစ်ဆေးခံရမည်
အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ အသံလွှင့် ဌာနများ အကြီးအကဲအဖြစ် သမ္မတ ထရမ့် အစိုးရက အမည်စာရင်း တင်သွင်းထားသူ Michael Pack အနေနဲ့ သူ့ပိုင် အမြတ်အစွန်း မယူတဲ့ လူမှုရေးအလှူရှင်အဖွဲ့တစ်ခုနဲ့ သူတည်ထောင်ထားတဲ့ မှတ်တမ်းတင် ရုပ်သံ ကုမ္ပဏီတို့ အကြား ငွေရေးကြေးရေးအရ ဆက်နွယ်မှုတွေနဲ့ ပတ်သက် ပြီး စစ်ဆေးခံရဖို့ ရှိနေပါတယ်။
Michael Pack ဟာ သူကိုယ်တိုင် ၁၉၇၇ခုနှစ်တုန်းက တည်ထောင်ခဲ့တဲ့ Manifold Productions ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်သလို အခွန် ကင်းလွတ်ခွင့်ရရှိတဲ့ လူမှုရေးအဖွဲ့တစ်ခုဖြစ်တဲ့ The Public Media Lab ရဲ့ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ် အရာရှိလည်း ဖြစ်ပါတယ်။
The Public Media Lab အဖွဲ့ကို ပညာရေး မှတ်တမ်းတင် ရုပ်ရှင်ကားတွေကို အားပေးပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ငွေကြေး အထောက်အပံ့တွေ လက်ခံရယူ ပေးအပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
၂၀၀၈ ခုနှစ်က ၂၀၁၇ ခုနှစ်အကြား The Public Media Lab ရဲ့ အခွန်ထမ်း လျှောက်လွှာ ပုံစံတွေမှာ အဲဒီ အဖွဲ့အစည်းအနေနဲ့ အမေရိကန် ဒေါ်လာ ၂.၄ သန်း လက်ခံ ရရှိခဲ့ရာမှာ Michael Pack ပိုင်တဲ့ Manifold Productions ကုမ္ပဏီကနေ အမေရိကန် ဒေါ်လာ ၁.၆ သန်း လက်ခံ ရရှိခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။Manifold Productions ကုမ္ပဏီဟာလည်း The Public Media Lab ကနေ အထောက်အပံ့ ရန်ပုံငွေ လက်ခံ ရရှိတဲ့ တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်လို့နေပါတယ်။
အဲဒီ ငွေကြေး အမြတ်အစွန်း မယူတဲ့ အလှူရှင် ကုမ္ပဏီနဲ့ မှတ်တမ်းတင် ရုပ်သံ ကုမ္ပဏီတို့အကြား ငွေကြေး ဆက်နွယ်မှုတွေ ရှိနေမှုအပေါ် အမေရိကန် ပြည်တွင်း အခွန်ဦးစီးဌာနနဲ့ စစ်ဆေး မေးမြန်း လာနိုင်ဖွယ်ရှိတယ်လို့လည်း အခွန်ဆိုင်ရာ ရှေ့နေတွေက ဗွီအိုအေကို ပြောပါတယ်။