သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

USAGM အႀကီးအကဲသစ္ လုပ္ေဆာင္ခ်က္အေပၚ ပါတီႀကီးႏွစ္ရပ္ စုိးရိမ္


USAGM အႀကီးအကဲသစ္ Michael Pack

(Zawgyi/Unicode)

အေမရိကန္ ကမာၻ႔သတင္းမီဒီယာ ဌာန U.S. Agency for Global Media (USAGM) ရဲ့ အႀကီးအကဲ အသစ္ျဖစ္လာတဲ့ Michael Pack က ဗုဒၶဟူးေန႔မွာ အေရွ႕အလယ္ပိုင္းသတင္းမီဒီယာကြန္ရက္၊ လြတ္လပ္တဲ့ အာရွအသံ (RFA) နဲ႔ လြတ္လပ္တဲ့ ဥေရာပအသံ (RFE/Free Liberty)၊ က်ဴးဘားအသံလႊင့္ဌာနဆိုင္ရာရံုးနဲ Open Technology Fund ဌာနေတြရဲ႕ အႀကီးအကဲေတြကို ရာထူးကေန ထုတ္ပယ္လိုက္တာ နဲ႔ပတ္သက္ၿပီး စိုးရိမ္မႈရွိေၾကာင္း အေမရိကန္ ပါတီႀကီး ၂ ရပ္စလံုးက လႊတ္ေတာ္အမတ္ေတြက ေျပာၾကပါတယ္။

ဒီမိုကရက္တစ္ပါတီဝင္ေတြ ျဖစ္တဲ့ ေအာက္လႊတ္ေတာ္ ရသံုးမွန္းေျခေငြစာရင္းဆိုင္ရာ ေကာ္မတီဥကၠဌ Nita Lowey နဲ႔ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီဥကၠဌ Eliot L. Engel တို႔က Mr. Pack ဟာ သူအလုပ္စဝင္တဲ့ ပထမသီတင္းပတ္ထဲမွာပဲ အခုလို ျပင္းျပင္းထန္ထန္ အေရးယူခဲ့တာ အတြက္ အံ့ၾသရေၾကာင္းနဲ႔ ဒီမိုကေရစီနဲ႔ လြတ္လပ္မႈအတြက္ ေဒါက္တိုင္တခု ျဖစ္တဲ့ သတင္းလြတ္လပ္ခြင့္ကို ကာကြယ္ၿပီး ျမွင့္တင္ေပးဖို႔ထက္ သမၼတထရမ့္အစိုးရအဖြဲ႔ရဲ့ ႏိုင္ငံေရးဆႏၵကို ဦးစားေပးဖို႔ ဦးတည္ၿပီး ဒီဌာနကို ဦးေဆာင္မွာကို အထူးစိုးရိမ္ေၾကာင္း ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။

ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီ က ရီပတ္ဘလစ္ကင္ေခါင္းေဆာင္ Michael McCaul နဲ႔ ရီပတ္ဘလစ္ကင္ အထက္လႊတ္ေတာ္အမတ္ Marsha Blackburn တို႔ကလည္း Open Technology Fund ဌာနအႀကီးအကဲ Laura Cunningham ကို အလုပ္ျဖဳတ္ပစ္တာအတြက္ စိတ္အေႏွာက္အယွက္ ျဖစ္ရေၾကာင္း ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ အဲဒီဌာနဟာ အာဏာရွင္လက္ေအာက္မွာ ျဖစ္ေစ စိုးရိမ္ရတဲ့ အေျခေနရွိတဲ့ ေဟာင္ေကာင္လို ေဒသမွာ ျဖစ္ေစ ေနထိုင္သူေတြအတြက္ စိုးရိမ္မႈကင္းကင္းနဲ႔ အဆက္အသြယ္လုပ္ႏုိင္ေအာင္နဲ႔ အင္တာနက္သံုးႏိုင္ေအာင္ လုပ္ေဆာင္ေပးေနတဲ့ ဌာန ျဖစ္ေၾကာင္း ေျပာပါတယ္။

VOA သတင္းဌာန ဒါရိုက္တာ Amanda Bennett နဲ႔ ဒုတိယဒါရိုက္တာ Sandy Sugawara တို႔ကေတာ့ တနလၤာေန႔ ကတည္းက ႏုတ္ထြက္သြားခဲ့ၾကတာပါ။

အထက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီ က ထိပ္တန္းဒီမိုကရက္ အမတ္ Bob Menendez ကလည္း အခုလို သတင္းဌာန အႀကီးအကဲေတြကို အလုပ္ျဖဳတ္ပစ္တာနဲ႔ပတ္သက္ၿပီး ေဝဖန္လိုက္သလို ဒါဟာ USAGM သတင္းဌာနရဲ့ လြတ္လပ္ခြင့္ကို အားနည္းေစတဲ့ လုပ္ရပ္လို႔ သတိေပးလိုက္ပါတယ္။

USAGM အႀကီးအကဲ အသစ္ကေတာ့ ဒီသတင္းဌာနေတြက အႀကီးအကဲေတြကို ဘာေၾကာင့္ အခုလို အလုပ္ထုတ္ပစ္တယ္ ဆိုတာကို ထုတ္မေျပာခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္


.................

USAGM အကြီးအကဲသစ်လုပ်ဆောင်ချက်အပေါ် ပါတီကြီးနှစ်ရပ် စိုးရိမ်

(Unicode)

အမေရိကန် ကမ္ဘာ့သတင်းမီဒီယာ ဌာန U.S. Agency for Global Media (USAGM) ရဲ့ အကြီးအကဲ အသစ်ဖြစ်လာတဲ့ Michael Pack က ဗုဒ္ဓဟူးနေ့မှာ အရှေ့အလယ်ပိုင်းသတင်းမီဒီယာကွန်ရက်၊ လွတ်လပ်တဲ့ အာရှအသံ (RFA) နဲ့ လွတ်လပ်တဲ့ ဥရောပအသံ (RFE/Free Liberty)၊ ကျူးဘားအသံလွှင့်ဌာနဆိုင်ရာရုံးနဲ Open Technology Fund ဌာနတွေရဲ့ အကြီးအကဲတွေကို ရာထူးကနေ ထုတ်ပယ်လိုက်တာ နဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိကြောင်း အမေရိကန် ပါတီကြီး ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေက ပြောကြပါတယ်။

ဒီမိုကရက်တစ်ပါတီ ဝင်တွေ ဖြစ်တဲ့ အောက်လွှတ်တော် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ ကော်မတီဥက္ကဌ Nita Lowey နဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဌ Eliot L. Engel တို့က Mr. Pack ဟာ သူအလုပ်စဝင်တဲ့ ပထမသီတင်းပတ်ထဲမှာပဲ အခုလို ပြင်းပြင်းထန်ထန် အရေးယူခဲ့တာ အတွက် အံ့သြရကြောင်းနဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် ဒေါက်တိုင်တခု ဖြစ်တဲ့ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ပြီး မြှင့်တင်ပေးဖို့ထက် သမ္မတထရမ့်အစိုးရအဖွဲ့ရဲ့ နိုင်ငံရေးဆန္ဒကို ဦးစားပေးဖို့ ဦးတည်ပြီး ဒီဌာနကို ဦးဆောင်မှာကို အထူးစိုးရိမ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ က ရီပတ်ဘလစ်ကင်ခေါင်းဆောင် Michael McCaul နဲ့ ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် Marsha Blackburn တို့ကလည်း Open Technology Fund ဌာနအကြီးအကဲ Laura Cunningham ကို အလုပ်ဖြုတ်ပစ်တာအတွက် စိတ်အနှောက်အယှက် ဖြစ်ရကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အဲဒီဌာနဟာ အာဏာရှင်လက်အောက်မှာ ဖြစ်စေ စိုးရိမ်ရတဲ့ အခြေနေရှိတဲ့ ဟောင်ကောင်လို ဒေသမှာ ဖြစ်စေ နေထိုင်သူတွေအတွက် စိုးရိမ်မှုကင်းကင်းနဲ့ အဆက်အသွယ်လုပ်နိုင်အောင်နဲ့ အင်တာနက်သုံးနိုင်အောင် လုပ်ဆောင်ပေးနေတဲ့ ဌာန ဖြစ်ကြောင်း ပြောပါတယ်။

VOA သတင်းဌာန ဒါရိုက်တာ Amanda Bennett နဲ့ ဒုတိယဒါရိုက်တာ Sandy Sugawara တို့ကတော့ တနင်္လာနေ့ ကတည်းက နုတ်ထွက်သွားခဲ့ကြတာပါ။

အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ က ထိပ်တန်းဒီမိုကရက် အမတ် Bob Menendez ကလည်း အခုလို သတင်းဌာန အကြီးအကဲတွေကို အလုပ်ဖြုတ်ပစ်တာနဲ့ပတ်သက်ပြီး ဝေဖန်လိုက်သလို ဒါဟာ USAGM သတင်းဌာနရဲ့ လွတ်လပ်ခွင့်ကို အားနည်းစေတဲ့ လုပ်ရပ်လို့ သတိပေးလိုက်ပါတယ်။

USAGM အကြီးအကဲ အသစ်ကတော့ ဒီသတင်းဌာနတွေက အကြီးအကဲတွေကို ဘာကြောင့် အခုလို အလုပ်ထုတ်ပစ်တယ် ဆိုတာကို ထုတ်မပြောခဲ့ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG