(Zawgyi / Unicode)
႐ုရွားႏုိင္ငံရဲ႕ ကာလရွည္ေခါင္းေဆာင္ Vladimir Putin ကို ၂၀၃၆ ခုႏွစ္အထိ သမၼတအျဖစ္ ဆက္လက္ထမ္းေဆာင္ခြင့္ ပါဝင္တဲ့ အေျခခံဥပေဒ ျပင္ဆင္ခ်က္ အတည္ျပဳဖို႔ ႏုိင္ငံတဝန္း မဲေပးခဲ့ၾကၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ သူကေရာ လုပ္ပါ့မလားဆိုတာက ေမးစရာျဖစ္ပါတယ္လို႔ Charles Maynes က ႐ုရွားႏုိင္ငံ ေမာ္စကိုၿမိဳ႕ေတာ္ကေန သတင္းေဆာင္းပါး ေပးပို႔ထားပါတယ္။ အျပည့္အစုံကုိ မသိဂႌထုိက္ တင္ျပေပးထားပါတယ္။
ႏွစ္ေပါင္း ၂၀ အာဏာရယူထားတဲ့ ႐ုရွားသမၼတ Vladimir Putin ရဲ႕ ၿပီးခဲ့တဲ့ႏွစ္ထဲ အႀကီးမားဆံုး ႏုိင္ငံေရးေအာင္ျမင္မႈကေတာ့ သူ႔ရဲ႕ သမၼတသက္တမ္း ကန္႔သတ္ခ်က္ကို ျပင္ဆင္တဲ့ အေျခခံဥပေဒျပင္ဆင္ေရး လမ္းဖြင့္ႏိုင္ခဲ့မႈပါ။ ႐ုရွားေခါင္းေဆာင္ကို လာမယ့္ ဆယ္စုႏွစ္အထိ အာဏာဆက္လက္ယူဖို႔ ၂၀၂၀ ေႏြရာသီမွာလုပ္တဲ့ လူထုဆႏၵခံယူပြဲက ေထာက္ခံခဲ့တာပါ။ ဒါေပမယ့္ Putin ရဲ႕ အစီအစဥ္က ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။ သမၼတ Putin က ...
“လူထုဘက္ကေတာ့ တရားဝင္ သေဘာဆႏၵ ေဖာ္ျပၿပီးပါၿပီ။ က်ေနာ့္အေနနဲ႔ လုပ္မယ္ မလုပ္ဘူး ဆိုတာကေတာ့ အျပတ္မေျပာႏုိင္ေသးဘူး။” လုိ႔ ေျပာပါတယ္။
Putin ရဲ႕ အခုေဆာင္ရြက္ခ်က္က လက္ရွိ သမၼတသက္တမ္းကုန္မယ့္ ၂၀၂၄ ခုႏွစ္ မကုန္ခင္မွာ အစိုးရတြင္း အားၿပိဳင္မႈ၊ ေနာက္ သူ ရာထူးက ဖယ္ရွားရမယ့္ အေရးတို႔ကေန ေရွာင္ၾကဥ္လုိက္တာလို႔လည္း ေျပာၾကပါတယ္။ ဒါေပမယ့္လည္း ထင္မထားတဲ့ တာဝန္သစ္ေတြနဲ႔ အာဏာအပ္ႏွင္းမႈတခုလို႔ ႏုိင္ငံေရး သံုးသပ္သူေတြကေတာ့ ႐ႈျမင္ပါတယ္။ သမိုင္းပညာရွင္ Alexey Kuznetsov က အခုလို ေျပာပါတယ္။
“ေျပာရရင္ေတာ့ စနစ္ရဲ႕ အေျခခံအုတ္ျမစ္လို သူ႔ကို အလြန္အမင္း အေလးေပးထားတယ္။ ဒီႏုိင္ငံဟာ သူ႔လက္နဲ႔ ပံုေဖာ္ထားတယ္ ဆိုတာကို သူသိပ္ဂုဏ္ယူတဲ့အခ်က္ ျဖစ္ပါတယ္။”
ကမၻာတလႊား ကို႐ုိနာကပ္ေဘးက ႐ုရွားျပည္သူေတြတင္ အႀကီးအက်ယ္ ထိခိုက္သက္ေရာက္တာ မဟုတ္ပါဘူး။ သမၼတ Putin အတြက္လည္း အကၽြမ္းတဝင္မရွိတဲ့ အခန္းက႑တခုထဲကို က်ေရာက္သြားေစတာပါ။ ကမၻာ့ေခါင္းေဆာင္တဦး ကမၻာ့ဇာတ္ခံုေပၚက ဖယ္ၿပီး ႏုိင္ငံရဲ႕ က်န္းမာေရးျပႆနာနဲ႔ စီးပြားက်မႈကို ကိုင္တြယ္ေျဖရွင္းဖို႔ ျဖစ္လာပါတယ္။ ႏုိင္ငံေရးသံုးသပ္သူ Dmitry Oreshkin က ႐ုရွားဘာသာစကားနဲ႔ အခုလို ေျပာပါတယ္။
“သူက အၿမဲတမ္းပဲ ႐ုရွားကို ကိုယ္႔ဘာသာ ထူေထာင္ေစပါတယ္။ ႏုိင္ငံတကာဇာတ္ခံုမွာေနၿပီး အေမရိကန္ကို တုံ႔ျပန္ထိုးႏွက္ပါတယ္။ လူမႈေရးရာ ျပႆနာေတြ၊ ပင္စင္လစာနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈေတြက သူနဲ႔ ဘာမွ မသက္ဆိုင္ပါဘူး။”
ဒီႏွစ္အတြင္းမွာပဲ ကပ္ေဘးေရာဂါကို ထိန္းခ်ဳပ္ကိုင္တြယ္မႈ၊ စီးပြားက်မႈနဲ႔ ဗဟိုက ထိန္းခ်ဳပ္တဲ့ အုပ္ခ်ဳပ္မႈပံုစံေတြ အေပၚမွာ မေက်နပ္မႈ ပိုမ်ားလာတာနဲ႔ Putin ရင္ဆိုင္ေနရတာပါ။ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက ဆိုက္ေဘးရီးယားမွာ အတိုက္အခံေခါင္းေဆာင္ Alexei Navalny ေသလုေျမာပါး အဆိပ္ခတ္ခံခဲ့ရတာေၾကာင့္ Putin ရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ ႏုိင္ငံေရး လြတ္လပ္ခြင့္ အကန္႔အသတ္ေတြနဲ႔ ပတ္သက္ၿပီး ေမးခြန္းေတြ ထြက္ေပၚလာပါတယ္။ အထူးသျဖင့္ ႐ုရွားလူငယ္ေတြၾကားမွာ ရာသက္ပန္သမၼတ အျဖစ္ Putin ကုိ စိတ္ဝင္စားမႈ ေလ်ာ့နည္းေနဆဲပါလို႔ သေဘာထား စစ္တမ္းေတြနဲ႔ ဦးေဆာင္အတိုက္အခံက ေျပာပါတယ္။ အတိုက္အခံ ႏုိင္ငံေရးသမား Dmitry Gudkov က အခုလို ေျပာပါတယ္။
“Putin ကို ၂၀၃၆ ခုႏွစ္အထိ အာဏာဆက္ရွိေစခ်င္လားလို႔ လူေတြကို တိုက္႐ုိက္ေမးရင္ အမ်ားစုက မလိုလားဘူးလို႔ ေျဖၾကမွာပါ။ သူတို႔ကို ဘာမွ ရွင္းျပစရာေတာင္ မလိုပါဘူး။”
ဖိႏွိပ္ခ်ဳပ္ခ်ယ္တဲ့ ဥပေဒသစ္ေတြနဲ႔ သမၼတေဟာင္းေတြအတြက္ ျပစ္ဒဏ္ကေန လြတ္ၿငိမ္းခြင့္ ျပ႒ာန္းခ်က္ေတြ ရွိေနတာေၾကာင့္ ႐ုရွားေခါင္းေဆာင္အေနနဲ႔ သိပ္ၿပီး အႏၱရာယ္မရွိတဲ့သေဘာ ေဆာင္ပါတယ္။ အခုအခ်ိန္မွာ ႐ုရွားႏုိင္ငံေရးကို ခ်ဳပ္ကိုင္ထားသူအျဖစ္ ဆက္ရွိေနတဲ့ Putin အေနနဲ႔ သူ႔ရဲ႕ ႏုိင္ငံေရးအနာဂတ္ကို အျပတ္ မဆံုးျဖတ္ရေသးပါဘူး။ ဒါေၾကာင့္ ၂၀၂၁ နဲ႔ အလြန္ကာလ ေမွ်ာ္ၾကည့္ရင္ေတာ့ ႏုိင္ငံအေနနဲ႔ မေရမရာ ရွိေနဆဲပါ။
-------------------------
(Unicode)
ရုရှားသမ္မတ Putin အာဏာဆက်လက်ရယူနိုင်ခြေ
ရုရှားနိုင်ငံရဲ့ ကာလရှည်ခေါင်းဆောင် Vladimir Putin ကို ၂၀၃၆ ခုနှစ်အထိ သမ္မတအဖြစ် ဆက်လက်ထမ်းဆောင်ခွင့် ပါဝင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ချက် အတည်ပြုဖို့ နိုင်ငံတဝန်း မဲပေးခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူကရော လုပ်ပါ့မလားဆိုတာက မေးစရာဖြစ်ပါတယ်လို့ Charles Maynes က ရုရှားနိုင်ငံ မော်စကိုမြို့တော်ကနေ သတင်းဆောင်းပါး ပေးပို့ထားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။
နှစ်ပေါင်း ၂၀ အာဏာရယူထားတဲ့ ရုရှားသမ္မတ Vladimir Putin ရဲ့ ပြီးခဲ့တဲ့နှစ်ထဲ အကြီးမားဆုံး နိုင်ငံရေးအောင်မြင်မှုကတော့ သူ့ရဲ့ သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပြင်ဆင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး လမ်းဖွင့်နိုင်ခဲ့မှုပါ။ ရုရှားခေါင်းဆောင်ကို လာမယ့် ဆယ်စုနှစ်အထိ အာဏာဆက်လက်ယူဖို့ ၂၀၂၀ နွေရာသီမှာလုပ်တဲ့ လူထုဆန္ဒခံယူပွဲက ထောက်ခံခဲ့တာပါ။ ဒါပေမယ့် Putin ရဲ့ အစီအစဉ်က ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ သမ္မတ Putin က ...
“လူထုဘက်ကတော့ တရားဝင် သဘောဆန္ဒ ဖော်ပြပြီးပါပြီ။ ကျနော့်အနေနဲ့ လုပ်မယ် မလုပ်ဘူး ဆိုတာကတော့ အပြတ်မပြောနိုင်သေးဘူး။” လို့ ပြောပါတယ်။
Putin ရဲ့ အခုဆောင်ရွက်ချက်က လက်ရှိ သမ္မတသက်တမ်းကုန်မယ့် ၂၀၂၄ ခုနှစ် မကုန်ခင်မှာ အစိုးရတွင်း အားပြိုင်မှု၊ နောက် သူ ရာထူးက ဖယ်ရှားရမယ့် အရေးတို့ကနေ ရှောင်ကြဉ်လိုက်တာလို့လည်း ပြောကြပါတယ်။ ဒါပေမယ့်လည်း ထင်မထားတဲ့ တာဝန်သစ်တွေနဲ့ အာဏာအပ်နှင်းမှုတခုလို့ နိုင်ငံရေး သုံးသပ်သူတွေကတော့ ရှုမြင်ပါတယ်။ သမိုင်းပညာရှင် Alexey Kuznetsov က အခုလို ပြောပါတယ်။
“ပြောရရင်တော့ စနစ်ရဲ့ အခြေခံအုတ်မြစ်လို သူ့ကို အလွန်အမင်း အလေးပေးထားတယ်။ ဒီနိုင်ငံဟာ သူ့လက်နဲ့ ပုံဖော်ထားတယ် ဆိုတာကို သူသိပ်ဂုဏ်ယူတဲ့အချက် ဖြစ်ပါတယ်။”
ကမ္ဘာတလွှား ကိုရိုနာကပ်ဘေးက ရုရှားပြည်သူတွေတင် အကြီးအကျယ် ထိခိုက်သက်ရောက်တာ မဟုတ်ပါဘူး။ သမ္မတ Putin အတွက်လည်း အကျွမ်းတဝင်မရှိတဲ့ အခန်းကဏ္ဍတခုထဲကို ကျရောက်သွားစေတာပါ။ ကမ္ဘာ့ခေါင်းဆောင်တဦး ကမ္ဘာ့ဇာတ်ခုံပေါ်က ဖယ်ပြီး နိုင်ငံရဲ့ ကျန်းမာရေးပြဿနာနဲ့ စီးပွားကျမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်လာပါတယ်။ နိုင်ငံရေးသုံးသပ်သူ Dmitry Oreshkin က ရုရှားဘာသာစကားနဲ့ အခုလို ပြောပါတယ်။
“သူက အမြဲတမ်းပဲ ရုရှားကို ကိုယ့်ဘာသာ ထူထောင်စေပါတယ်။ နိုင်ငံတကာဇာတ်ခုံမှာနေပြီး အမေရိကန်ကို တုံ့ပြန်ထိုးနှက်ပါတယ်။ လူမှုရေးရာ ပြဿနာတွေ၊ ပင်စင်လစာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေက သူနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။”
ဒီနှစ်အတွင်းမှာပဲ ကပ်ဘေးရောဂါကို ထိန်းချုပ်ကိုင်တွယ်မှု၊ စီးပွားကျမှုနဲ့ ဗဟိုက ထိန်းချုပ်တဲ့ အုပ်ချုပ်မှုပုံစံတွေ အပေါ်မှာ မကျေနပ်မှု ပိုများလာတာနဲ့ Putin ရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဆိုက်ဘေးရီးယားမှာ အတိုက်အခံခေါင်းဆောင် Alexei Navalny သေလုမြောပါး အဆိပ်ခတ်ခံခဲ့ရတာကြောင့် Putin ရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံရေး လွတ်လပ်ခွင့် အကန့်အသတ်တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် ရုရှားလူငယ်တွေကြားမှာ ရာသက်ပန်သမ္မတ အဖြစ် Putin ကို စိတ်ဝင်စားမှု လျော့နည်းနေဆဲပါလို့ သဘောထား စစ်တမ်းတွေနဲ့ ဦးဆောင်အတိုက်အခံက ပြောပါတယ်။ အတိုက်အခံ နိုင်ငံရေးသမား Dmitry Gudkov က အခုလို ပြောပါတယ်။
“Putin ကို ၂၀၃၆ ခုနှစ်အထိ အာဏာဆက်ရှိစေချင်လားလို့ လူတွေကို တိုက်ရိုက်မေးရင် အများစုက မလိုလားဘူးလို့ ဖြေကြမှာပါ။ သူတို့ကို ဘာမှ ရှင်းပြစရာတောင် မလိုပါဘူး။”
ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေသစ်တွေနဲ့ သမ္မတဟောင်းတွေအတွက် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပြဋ္ဌာန်းချက်တွေ ရှိနေတာကြောင့် ရုရှားခေါင်းဆောင်အနေနဲ့ သိပ်ပြီး အန္တရာယ်မရှိတဲ့သဘော ဆောင်ပါတယ်။ အခုအချိန်မှာ ရုရှားနိုင်ငံရေးကို ချုပ်ကိုင်ထားသူအဖြစ် ဆက်ရှိနေတဲ့ Putin အနေနဲ့ သူ့ရဲ့ နိုင်ငံရေးအနာဂတ်ကို အပြတ် မဆုံးဖြတ်ရသေးပါဘူး။ ဒါကြောင့် ၂၀၂၁ နဲ့ အလွန်ကာလ မျှော်ကြည့်ရင်တော့ နိုင်ငံအနေနဲ့ မရေမရာ ရှိနေဆဲပါ။