သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အသံထက္ျမန္တဲ့ ပဲ့ထိန္းတပ္ဒုံးက်ည္ ရုရွားစမ္းသပ္ ေအာင္ျမင္


(Zawgyi/Unicode)
အသံထက္ျမန္တဲ့ ပဲ့ထိန္းတပ္ ခ႐ုစ္ ဒုံးက်ည္သစ္တစ္မ်ိဳးကို ႐ုရွားနိုင္ငံ ေျမာက္ဘက္ကမ္းလြန္ပင္လယ္ျပင္ထဲကေန ေအာင္ေအာင္ ျမင္ျမင္ စမ္းသပ္ပစ္လႊတ္ခဲ့ၿပီးတဲ့ေနာက္ ႐ုရွားသမၼတ Vladimir Putin ကလည္း ဒါဟာ နိုင္ငံအတြက္ မဟာ ျဖစ္ရပ္ႀကီးတစ္ခုလို႔ ေခၚဆိုလိုက္ပါတယ္။ Tsirkon လို႔ ေခၚတဲ့ ျမန္ႏႈန္းျမင့္ ဒုံးက်ည္ကို ေအာင္ေအာင္ျမင္ျမင္ ပစ္လႊတ္နိုင္ခဲ့ေၾကာင္း ႐ုရွားစစ္တပ္က ဗုဒၶဟူးေန႔က ေၾကညာခဲ့တာပါ။

အဂၤါေန႔က Barents ပင္လယ္ အဝ White Sea ပင္လယ္ျဖဴကမ္းအဝင္မွာရွိတဲ့ Admiral Groshkov ဖရီးဂိတ္ စစ္သေဘၤာေပၚ ကေန ဒီ ဒုံးက်ည္ကို စမ္းသပ္ ပစ္လႊတ္ခဲ့တာလို႔လည္း မေန႔က သမၼတ Putin နဲ႔ ဗီြဒီယိုကေနတဆင့္ ျပဳလုပ္တဲ့ ေဆြးေႏြးပြဲမွာ ႐ုရွား စစ္ဦး စီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Valery Gerasimov ကေျပာပါတယ္။

အသံထက္ ၈ ဆေက်ာ္ပိုျမန္တဲ့ဒီ ျမန္ႏႈန္းျမင့္ ပဲ့ထိန္းတပ္ဒုံးက်ည္က Barents ပင္လယ္ထဲ ကီလိုမီတာ ၄၅၀ အကြာအေဝးက ပစ္မွတ္ကို ထိမွန္ခဲ့ေၾကာင္း၊ ပင္လယ္ထဲကပစ္မွတ္ကို ပထမဆုံး အႀကိမ္ ေအာင္ေအာင္ျမင္ျမင္ထိမွန္တာျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး Gerasimov က ေျပာပါတယ္။

႐ုရွားနိုင္ငံဟာ အေနာက္နိုင္ငံေတြနဲ႔ ဆက္ဆံေရး တင္းမာေနခ်ိန္ အေမရိကန္တို႔နဲ႔ လက္နက္ခ်င္း ယွဥ္ၿပိဳင္ရာမွာ အသာစီးရနိုင္ဖို႔ ေခတ္လြန္ လက္နက္သစ္ေတြ တီထြင္ဖို႔ ႏွစ္ကာလရွည္ ႀကိဳးစားေနခဲ့တာျဖစ္ပါတယ္။

အသံထက္ျမန္တဲ့ Tsirkon ခ႐ုစ္ဒုံးက်ည္ကို စစ္သေဘၤာေတြနဲ႔ ေရငုပ္သေဘၤာေတြမွာ တပ္ဆင္အသုံးျပဳဖို႔ စီစဥ္ထားတယ္လို႔လည္း ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနကေတာ့ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

အသံထက်မြန်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည် ရုရှားစမ်းသပ် အောင်မြင်

(Unicode)
အသံထက်မြန်တဲ့ ပဲ့ထိန်းတပ် ခရုစ် ဒုံးကျည်သစ်တစ်မျိုးကို ရုရှားနိုင်ငံ မြောက်ဘက်ကမ်းလွန်ပင်လယ်ပြင်ထဲကနေ အောင်အောင် မြင်မြင် စမ်းသပ်ပစ်လွှတ်ခဲ့ပြီးတဲ့နောက် ရုရှားသမ္မတ Vladimir Putin ကလည်း ဒါဟာ နိုင်ငံအတွက် မဟာ ဖြစ်ရပ်ကြီးတစ်ခုလို့ ခေါ်ဆိုလိုက်ပါတယ်။ Tsirkon လို့ ခေါ်တဲ့ မြန်နှုန်းမြင့် ဒုံးကျည်ကို အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားစစ်တပ်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာပါ။

အင်္ဂါနေ့က Barents ပင်လယ် အဝ White Sea ပင်လယ်ဖြူကမ်းအဝင်မှာရှိတဲ့ Admiral Groshkov ဖရီးဂိတ် စစ်သင်္ဘောပေါ် ကနေ ဒီ ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်ခဲ့တာလို့လည်း မနေ့က သမ္မတ Putin နဲ့ ဗီဒီယိုကနေတဆင့် ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ရုရှား စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး Valery Gerasimov ကပြောပါတယ်။

အသံထက် ၈ ဆကျော်ပိုမြန်တဲ့ဒီ မြန်နှုန်းမြင့် ပဲ့ထိန်းတပ်ဒုံးကျည်က Barents ပင်လယ်ထဲ ကီလိုမီတာ ၄၅၀ အကွာအဝေးက ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း၊ ပင်လယ်ထဲကပစ်မှတ်ကို ပထမဆုံး အကြိမ် အောင်အောင်မြင်မြင်ထိမှန်တာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Gerasimov က ပြောပါတယ်။

ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး တင်းမာနေချိန် အမေရိကန်တို့နဲ့ လက်နက်ချင်း ယှဉ်ပြိုင်ရာမှာ အသာစီးရနိုင်ဖို့ ခေတ်လွန် လက်နက်သစ်တွေ တီထွင်ဖို့ နှစ်ကာလရှည် ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

အသံထက်မြန်တဲ့ Tsirkon ခရုစ်ဒုံးကျည်ကို စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်အသုံးပြုဖို့ စီစဉ်ထားတယ်လို့လည်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ ပြောပါတယ်။

XS
SM
MD
LG