သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Belarus ကို ချေးငွေဒေါ်လာ ၁.၅ဘီလျံ ရုရှား ကူညီ


Belarus သမ္မတ Alexander Lukashenko နှင့် ရုရှားသမ္မတ ပူတင်
Belarus သမ္မတ Alexander Lukashenko နှင့် ရုရှားသမ္မတ ပူတင်

(Zawgyi/Unicode)

ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ Belarus သမ္မတ Alexander Lukashenko ကိုထောက်ခံမှု ပေးကြောင်း ပြသတဲ့ အနေနဲ့ ရုရှားသမ္မတ Vladimir Putin က Belarus အတွက် ချေးငွေအဖြစ် ဒေါ်လာ သန်း ၁၅၀၀ ကို တနင်္လာနေ့မှာ ချပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့လ ရွေးကောက်ပွဲကနေ Belarus နိုင်ငံမှာ သူ့အာဏာဆက်မြဲနေအောင် သမ္မတက မဲမသမာမှုတွေ လုပ်တယ်လို့ စွပ်စွဲပြီး လူထုက လမ်းမတွေပေါ်ထွက် ဆန္ဒပြနေတာ သီတင်းပတ်တော်တော်ကြာနေပြီဖြစ်ပါတယ်။

ရုရှားသမ္မတ နဲ့ Belarus သမ္မတ တို့ဟာ ရုရှားနိုင်ငံ ပင်လယ်နက်ဆိပ်ကမ်း Sochi အပမ်းဖြေစခန်းမှာ ၄ နာရီလောက်ကြာအောင် တွေ့ဆုံခဲ့ပြီး ချေးငွေကိစ္စ အသေးစိတ် ပြောကြားခဲ့တာပါ။ ခေါင်းဆောင် ၂ ဦးဟာ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့နဲ့ စွမ်းအင်ဆိုင်ရာ ကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

Lukashenko ဟာ Belarus နိုင်ငံရဲ့ တရားဝင် သမ္မတဖြစ်ကြောင်း ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က ကြေညာခဲ့ပါတယ်။

နိုင်ငံတွင်း ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး Belarus နိုင်ငံအရေးကို ပြည်ပကဝင်မစွက်ပဲ Belarus နိုင်ငံသားတွေ ကိုယ်တိုင် ညှိနှိုင်းအဖြေရှာကြဖို့ လိုလားကြောင်း သမ္မတ Putin က ပြောကြားခဲ့သလို ရုရှားနဲ့ Belarus ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

Belarus နိုင်ငံမှာ တနင်္ဂနွေနေ့က သမ္မတ Lukashenko ကို ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြသူ တသိန်းလောက် ရှိခဲ့ပြီး ဒီအထဲက ၈၀၀ နီးပါး အဖမ်းခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်


...............

Belarus ကို ခြေးငှဒေေါျလာ ၁.၅ဘီလြံ ရုရှား ကူညီ

(Unicode)







XS
SM
MD
LG