Zawgyi/Unicode
BELARUS နိုင္ငံရဲ့ သက္တမ္းရွည္သမၼတ Alexander Lukashenko ရာထူးကႏႈတ္ထြက္ေပးဖို႔ ေတာင္းဆိုေနတဲ့ဆႏၵျပပြဲေတြ နိုင္ငံတဝွမ္း ဆက္လက္ျဖစ္ပြားေနစဥ္မွာပဲ အတိုက္အခံေတြဖြဲ႕စည္းထားတဲ့ Coordination Council အဖြဲ႕ က အေရးပါတဲ့ ေနာက္ထပ္ ေခါင္းေဆာင္ တစ္ဦးကို BELARUSအာဏာပိုင္ေတြက ဖမ္းဆီးလိုက္ပါတယ္။
ဗုဒၶဟူးေန႔က အတိုက္အခံ အဖြဲ႕က ေရွ႕ေန Maxim Znak ကို မ်က္ႏွာဖုံးတပ္ထားတဲ့ သူတခ်ိဳ႕က ႐ုံးခန္းထဲထိ လာၿပီးေခၚသြားတယ္လို႔ သူ႔ မိတ္ေဆြ Gleb German ကေျပာပါတယ္။ Znak က သူအဖမ္းခံရၿပီး ဖုန္းအသိမ္းမခံရခင္မွာ မ်က္ႏွာဖုံးဆိုတဲ့ စကားလုံးကို မက္ေဆ့ဂ်္က တဆင့္ ေပးပို႔ခဲ့တယ္လို႔ German ကေျပာပါတယ္။
အခုေတာ့ အတိုက္အခံ Coordination Council အမႈေဆာင္အဖြဲ႕ဝင္ ၂၀၁၅ ခုႏွစ္နိုဘယ္ ဆုရွင္Svetlana Alexievich တေယာက္သာ အဖမ္း မခံရေသးပဲ က်န္ေနတာ ျဖစ္ပါတယ္။ သူ႔ ရဲ့ ေနအိမ္တိုက္ခန္းထဲကိုလည္း မေန႔တုန္းက ဘယ္သူဘယ္ဝါမွန္း မသိနိုင္တဲ့ သူတခ်ိဳ႕ ဝင္ေရာက္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ဒါေပမဲ့ အဖမ္းမခံရ ေအာင္ Minsk ၿမိဳ႕က ဥေရာပ သမဂၢ သံအရာရွိေတြနဲ႔ သတင္းေထာက္ေတြ သူ႔အခန္းကို လာေရာက္ခဲ့ၿပီးတားဆီးခဲ့ၾကပါတယ္။
ၾသဂုတ္လ ၉ ရက္ က က်င္းပခဲ့တဲ့ BELARUS ေရြးေကာက္ပြဲမွာ လက္ရွိသမၼတ Lukashenko အနိုင္ရေၾကာင္း ေၾကညာထားတာပါ။ အတိုက္အခံေတြက ေရြးေကာက္ပြဲက တရားမၽွတမႈ မရွိဘူးဆိုၿပီး ရလဒ္ကို လက္မခံသလို၊ သမၼတ Lukashenko ရာထူးက ႏုတ္ထြက္ေပးၿပီး ေရြးေကာက္ပြဲသစ္ က်င္းပေပးဖို႔ ဆႏၵျပေနၾကတာ သီတင္း ၅ ပတ္ရွိေနၿပီျဖစ္ပါတယ္။ အေမရိကန္နဲ႔ ဥေရာပသမဂၢကလည္း ဒီေရြးေကာက္ပြဲ က မဲမသမာမႈေတြရွိတယ္လို႔ စြပ္စြဲေျပာဆိုထားပါတယ္။
အတိုက္အခံေခါင္းေဆာင္ Tsikhanouskaya ကေတာ့ ေရြးေကာက္ပြဲအၿပီး ဆႏၵျပပြဲ ေတြ စတင္ေပၚေပါက္ခဲ့တဲ့ ရက္ပိုင္းအတြင္းမွာပဲ သူ႔ကို ဖမ္းဆီးေတာ့မယ္ဆိုတဲ့ သတင္းေတြ ထြက္ခဲ့တာေၾကာင့္ အိမ္နီးခ်င္း Lithuania နိုင္ငံကို ထြက္ေျပး တိမ္းေရွာင္ေနတာျဖစ္ပါတယ္။ အဂၤါေန႔တုန္းကလည္း အတိုက္အခံ ေခါင္းေဆာင္တစ္ဦး ျဖစ္တဲ့ Maria Kolesnikova ကို အာဏာ ပိုင္ေတြက ယူကရိန္းနယ္စပ္ကို အတင္းပို႔တဲ့ ျဖစ္ရပ္ ျဖစ္ပြားခဲ့ၿပီးေနာက္ Belarus ဘက္ျခမ္းမွာ ဖမ္းဆီးထိန္းသိမ္လိုက္ပါတယ္။
Unicode
BELARUS နိုင်ငံရဲ့ သက်တမ်းရှည်သမ္မတ Alexander Lukashenko ရာထူးကနှုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်း ဆက်လက်ဖြစ်ပွားနေစဉ်မှာပဲ အတိုက်အခံတွေဖွဲ့စည်းထားတဲ့ Coordination Council အဖွဲ့ က အရေးပါတဲ့ နောက်ထပ် ခေါင်းဆောင် တစ်ဦးကို BELARUSအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က အတိုက်အခံ အဖွဲ့က ရှေ့နေ Maxim Znak ကို မျက်နှာဖုံးတပ်ထားတဲ့ သူတချို့က ရုံးခန်းထဲထိ လာပြီးခေါ်သွားတယ်လို့ သူ့ မိတ်ဆွေ Gleb German ကပြောပါတယ်။ Znak က သူအဖမ်းခံရပြီး ဖုန်းအသိမ်းမခံရခင်မှာ မျက်နှာဖုံးဆိုတဲ့ စကားလုံးကို မက်ဆေ့ဂျ်က တဆင့် ပေးပို့ခဲ့တယ်လို့ German ကပြောပါတယ်။
အခုတော့ အတိုက်အခံ Coordination Council အမှုဆောင်အဖွဲ့ဝင် ၂၀၁၅ ခုနှစ်နိုဘယ် ဆုရှင်Svetlana Alexievich တယောက်သာ အဖမ်း မခံရသေးပဲ ကျန်နေတာ ဖြစ်ပါတယ်။ သူ့ ရဲ့ နေအိမ်တိုက်ခန်းထဲကိုလည်း မနေ့တုန်းက ဘယ်သူဘယ်ဝါမှန်း မသိနိုင်တဲ့ သူတချို့ ဝင်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ အဖမ်းမခံရ အောင် Minsk မြို့က ဥရောပ သမဂ္ဂ သံအရာရှိတွေနဲ့ သတင်းထောက်တွေ သူ့အခန်းကို လာရောက်ခဲ့ပြီးတားဆီးခဲ့ကြပါတယ်။
သြဂုတ်လ ၉ ရက် က ကျင်းပခဲ့တဲ့ BELARUS ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Lukashenko အနိုင်ရကြောင်း ကြေညာထားတာပါ။ အတိုက်အခံတွေက ရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုပြီး ရလဒ်ကို လက်မခံသလို၊ သမ္မတ Lukashenko ရာထူးက နုတ်ထွက်ပေးပြီး ရွေးကောက်ပွဲသစ် ကျင်းပပေးဖို့ ဆန္ဒပြနေကြတာ သီတင်း ၅ ပတ်ရှိနေပြီဖြစ်ပါတယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂကလည်း ဒီရွေးကောက်ပွဲ က မဲမသမာမှုတွေရှိတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ အတိုက်အခံခေါင်းဆောင် Tsikhanouskaya ကတော့ ရွေးကောက်ပွဲအပြီး ဆန္ဒပြပွဲ တွေ စတင်ပေါ်ပေါက်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူ့ကို ဖမ်းဆီးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာကြောင့် အိမ်နီးချင်း Lithuania နိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေတာဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းကလည်း အတိုက်အခံ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ Maria Kolesnikova ကို အာဏာ ပိုင်တွေက ယူကရိန်းနယ်စပ်ကို အတင်းပို့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် Belarus ဘက်ခြမ်းမှာ ဖမ်းဆီးထိန်းသိမ်လိုက်ပါတယ်။