သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံခေါင်းဆောင် လွှတ်ပေးရေး ဘယ်လာရုစ်လူထု ဆန္ဒပြ


ဘယ်လာရုစ်မြို့တော် Minsk က လူထုဆန္ဒပြပွဲ။ (စက်တင်ဘာ ၁၃၊ ၂၀၂၀)
ဘယ်လာရုစ်မြို့တော် Minsk က လူထုဆန္ဒပြပွဲ။ (စက်တင်ဘာ ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

ဘယ်လာရုစ်နိုင်ငံမှာ နှစ်အတော်ကြာ အုပ်ချုပ်နေတဲ့ သမ္မတ Alexander Lukashenko ပြီးခဲ့တဲ့လ သမ္မတရွေးကောက်ပွဲကနေ ဆက်ပြီး အာဏာရခဲ့တဲ့နောက်ပိုင်း ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး တနင်္ဂနွေနေ့မှာလည်း မြို့တော် Minsk မှာ သောင်းနဲ့ချီ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

သြဂုတ်လ ၉ ရက် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနေတယ်လို့ အတိုက်အခံပါတီတွေကရော အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့ကပါ ပြောကြားနေတာပါ။

စနေနေ့ကတော့ ဆန္ဒပြသူ ထောင်ပေါင်းများစွာက အတိုက်အခံခေါင်းဆောင် Maria Kolesnikova ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံကနေ နှင်ထုတ်တာကို Kolesnikova က လက်မခံဘဲ ငြင်းဆန်ခဲ့တဲ့နောက် ဒီသီတင်းပတ်ထဲမှာပဲ သူမ အဖမ်းခံနေရတာ ဖြစ်ပါတယ်။

မြို့လယ်ခေါင်က လွတ်လပ်ရေးရင်ပြင်မှာ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး နှာခေါင်းစည်းတပ်ထားတဲ့ အဓိကရုဏ်းရဲတွေက အနည်းဆုံး အမျိုးသမီး ၄၀ လောက်ကို ဖမ်းဆီးပြီး Van ကားထဲ ထည့်နေတာကို ပိုလန်အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ Belsat တီဗွီလိုင်းကရော သီးခြားလွတ်လပ်တဲ့ Tut သတင်းဌာနကပါ ပြသတဲ့ ဗွီဒီယိုမှာ တွေ့မြင်ကြရပါတယ်။

သမ္မတ Lukashenko ကတော့ သြဂုတ်လ ၉ ရက် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ် ဆိုတာကို လက်မခံဘဲ ကောင်စီဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ စင်ပြိုင်အစိုးရတရပ် ထူထောင်ဖို့ အနောက်နိုင်ငံတွေနဲ့ ပေါင်းပြီး ကြိုးစားနေတယ်လို့ စွပ်စွဲပါတယ်။

အငြင်းပွားဖွယ် ရွေးကောက်ပွဲနောက်ပိုင်း သီတင်း ၅ ပတ်ကျော်ကြာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေမှာ အဖမ်းခံရသူက ထောင်ပေါင်းများစွာ ရှိနေပါတယ်။ ဆန္ဒပြသူတွေကို ရဲတွေက ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်တာ အပါအဝင် ပြင်းပြင်းထန်ထန် ဖြိုခွဲခဲ့တဲ့အတွက် သေဆုံးသူ အနည်းဆုံး ၃ ဦးရှိသလို ဒဏ်ရာရသူ ရာနဲ့ချီ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)


ဘယျလာရုဈနိုငျငံမှာ နှဈအတောျကွာ အုပျခြုပျနတေဲ့ သမ်မတ Alexander Lukashenko ပွီးခဲ့တဲ့လ သမ်မတရှေးကောကျပှဲကနေ ဆကျပွီး အာဏာရခဲ့တဲ့နောကျပိုငျး ဆန်ဒပွမှုတှေ ဆကျလကျဖွဈပှားနပွေီး တနငျ်ဂနှနေေ့မှာလညျး မွို့တောျ Minsk မှာ သောငျးနဲ့ခြီ စုဝေး ဆန်ဒပွခဲ့ကွပါတယျ။

သွဂုတျလ ၉ ရကျ ရှေးကောကျပှဲမှာ မဲမသမာမှုတှေ ရှိနတေယျလို့ အတိုကျအခံပါတီတှကေရော အမရေိကနျနဲ့ အီးယူ ဥရောပသမဂ်ဂတို့ကပါ ပွောကွားနတောပါ။





XS
SM
MD
LG