သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားသူပုန်တွေကို ရုရှားဂျက်လေယာဉ်တွေ အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်


ရုရှားလေတပ်ရဲ့ Su-25 ဂျက်တိုက်လေယာဉ်။ (ဇူလိုင် ၄၊ ၂၀၁၈)
ရုရှားလေတပ်ရဲ့ Su-25 ဂျက်တိုက်လေယာဉ်။ (ဇူလိုင် ၄၊ ၂၀၁၈)

(Zawgyi / Unicode)

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသကို တနင်္ဂနွေနေ့က ရုရှား ဂျက်တိုက်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား အတိုက်အခံတွေက ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ ၆ လလောက်က တူရကီနဲ့ ရုရှားတို့ကြား အပစ်အခတ် ရပ်စဲရေးနဲ့ တိုက်ခိုက်မှုတွေ ကြီးကြီးမားမားမလုပ်ဖို့ သဘောတူညီချက် ရပြီးကတည်းကဆို အပြင်းထန်ဆုံး တိုက်ခိုက်မှုတခုလည်း ဖြစ်ပါတယ်။

စစ်လေယာဉ်တွေဟာ Idlib မြို့ပြင် အနောက်ဘက်ခြမ်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကိုယ်တိုင် မြင်တွေ့ရသူတွေက ပြောပါတယ်။ ဆီးရီးယားစစ်တပ် စခန်းချထားတဲ့ Idlib တောင်ပိုင်းက တောင်တန်းဒေသဖြစ်တဲ့ Jabal al Zawya တဝိုက်မှာတော့ ပစ်ခတ်မှုတွေ ပြင်းထန်ကြောင်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု ရှိမရှိ လောလောဆယ် မသိရသေးပါဘူး။

ဆီးရီးယားအနောက်ပိုင်း Latakia ခရိုင်က ရုရှားလေတပ် အခြေစိုက်စခန်းကို စောင့်ကြည့်လေ့လာနေတဲ့ ဆီးရီးယား အတိုက်အခံအဖွဲ့က အရာရှိဟောင်းတဦးဖြစ်တဲ့ Mohammed Rasheed ကတော့ အခုတိုက်ခိုက်မှုမှာ လေကြောင်းနဲ့ တိုက်ခိုက်မှု အကြိမ် ၃၀ ရှိပြီး ဒါဟာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှု ရခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးဖြစ်ကြောင်း ပြောပါတယ်။

Idlib အနောက်ဘက်က Arab Said မြို့နဲ့ Horsh ဒေသတွေမှာလည်း ရုရှား Sukhoi ဂျက်တိုက်လေယာဉ်တွေ တိုက်ခိုက်ခဲ့တယ်လို့ နောက် စောင့်ကြည့်လေ့လာတဲ့ ဌာနတွေက ပြောပါတယ်။ ဆီးရီးယား အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ အနောက်ဘက် Hama ခရိုင်က မြို့ ၂ မြို့မှာလည်း အဝေးထိန်း ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ခံခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ရုရှားအစိုးရကရော ဆီးရီးယား စစ်တပ်ကပါ မှတ်ချက် တစုံတရာပေး ပြောဆိုတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)








XS
SM
MD
LG