သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရတ္နဲ႔ဆီးရီးယားမွာ ဗံုးႀကဲတဲ့လုပ္ရပ္ ကန္ကာကြယ္ေျပာၾကား


Kataeb Hezbollah သုိ႔မဟုတ္ Hezbollah Brigades တုိ႔က အေမရိကန္ေလေၾကာင္းတုိက္ခုိက္ခံရတဲ့ေနရာေတြကို စစ္ေဆးၾကည့္႐ႈေနစဥ္။ (ဒီဇင္ဘာ ၃၀၊ ၂၀၁၉)

အီရတ္နဲ႔ ဆီးရီးယားႏုိင္ငံအတြင္းမွာရွိတဲ့ အီရန္က ေက်ာေထာက္ေနာက္ခံေပးထားတဲ့ အရပ္ဘက္လက္နက္ကုိင္အဖြဲ႔ေတြကုိ ေလေၾကာင္းက တနဂၤေႏြေန႔မွာ တုိက္ခုိက္ခဲ့တဲ့လုပ္ရပ္ကုိ အေမရိကန္က ကာကြယ္ေျပာၾကားလုိက္ပါတယ္။ အီရတ္အစုိးရ အရာရွိေတြနဲ႔ အရပ္ဘက္လက္နက္ကုိင္ အဖြဲ႔ေတြဘက္က ေ၀ဖန္ေျပာဆုိေနတဲ့ၾကားကပဲ ေနာက္မွာလည္း အလားတူ တုိက္ခုိက္မႈေတြျပဳလုပ္ႏုိင္တယ္လုိ႔ သတိေပးလိုက္ပါတယ္။

အရပ္ဘက္ လက္နက္ကုိင္အဖြဲ႔ေတြကုိအသုံးခ်ၿပီး အေမးရိကန္ရဲ႕အက်ဳိးစီးပြားေတြကုိ အီရန္ကတုိက္ခုိက္ေနတာ ခြင့္မလြတ္ႏုိင္ဘူးလုိ႔ အေမရိကန္ႏုိင္ငံျခား ေရးဌာနက အႀကီးတန္းအရာရွိတဦးက သတင္းေထာက္ေတြကုိ တနလၤာေန႔မွာ ေျပာၾကားလုိက္ၿပီး အေမရိကန္တုိ႔ရဲ႕ တုိက္ခုိက္မႈဟာ ကုိယ့္ကုိကုိယ္ ခုခံ ကာကြယ္တဲ့အေနနဲ႔ တုိက္ခုိက္ျခင္းျဖစ္တယ္လုိ႔ ေျပာပါတယ္။

အီရတ္ႏုိင္ငံအတြင္းနဲ႔ ဆီးရီးယားႏုိင္ငံအေရွ႕ပုိင္းေဒသေတြမွာ ရွိေနတဲ့ Kataeb Hezbollah အဖြဲ႔ရဲ႕ လက္နက္သုိေလွာင္႐ုံေတြနဲ႔ ကြပ္ကဲေရးစခန္းေတြကုိ အေမရိကန္က တုိက္ခုိက္ခဲ့တာေၾကာင့္ အနည္းဆုံး လူ ၂၅ ဦး ေသဆုံးခဲ့ၿပီး ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရခဲ့တာပါ။

အေမရိကန္တုိ႔ရဲ႕တုိက္ခုိက္မႈဟာ အီရတ္ႏုိင္ငံအတြင္းက စစ္အေျခစုိက္စခန္းကုိ ဒုံးက်ည္နဲ႔တုိက္ခုိက္ခံရစဥ္ အေမရိကန္ ကန္ထ႐ုိက္၀န္ထမ္းတဦး ေသဆုံးခဲ့တဲ့့ဖစ္ရပ္ကုိ လက္စားေျခတဲ့အေနနဲ႔ တုိက္ခုိက္ခဲ့တာလုိ႔ အေမရိကန္အရာရွိေတြက ေျပာပါတယ္။ အဲဒီတုိက္ခုိက္မႈကုိ Kataeb Hezbollah အဖြဲ႔ ျပဳလုပ္ခဲ့တယ္ဆုိတာ ယုံမွားသံသယျဖစ္စရာ မရွိဘူးလုိ႔ ဆုိပါတယ္။

ဒီအေတာအတြင္း အီရန္လုိလားတဲ့ အဖြဲ႔ေတြကုိ အေမရိကန္က ေလေၾကာင္းကေန တုိက္ခုိက္ခဲ့တဲ့လုပ္ရပ္ေၾကာင့္ ႏွစ္ႏုိင္ငံဆက္ဆံေရးကုိ ထိခုိက္ေစႏုိင္တယ္လုိ႔ အီရတ္အစုိးရက တနလၤာေန႔မွာ သတိေပးေျပာၾကားလုိက္ပါတယ္။

Unicode

အီရတ်နဲ့ ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ အရပ်ဘက်လက်နက်ကိုင်အဖွဲ့တွေကို လေကြောင်းက တနင်္ဂနွေနေ့မှာ တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို အမေရိကန်က ကာကွယ်ပြောကြားလိုက်ပါတယ်။ အီရတ်အစိုးရ အရာရှိတွေနဲ့ အရပ်ဘက်လက်နက်ကိုင် အဖွဲ့တွေဘက်က ဝေဖန်ပြောဆိုနေတဲ့ကြားကပဲ နောက်မှာလည်း အလားတူ တိုက်ခိုက်မှုတွေပြုလုပ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
အရပ်ဘက် လက်နက်ကိုင်အဖွဲ့တွေကိုအသုံးချပြီး အမေးရိကန်ရဲ့အကျိုးစီးပွားတွေကို အီရန်ကတိုက်ခိုက်နေတာ ခွင့်မလွတ်နိုင်ဘူးလို့ အမေရိကန်နိုင်ငံခြား ရေးဌာနက အကြီးတန်းအရာရှိတဦးက သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောကြားလိုက်ပြီး အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုဟာ ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
အီရတ်နိုင်ငံအတွင်းနဲ့ ဆီးရီးယားနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ ရှိနေတဲ့ Kataeb Hezbollah အဖွဲ့ရဲ့ လက်နက်သိုလှောင်ရုံတွေနဲ့ ကွပ်ကဲရေးစခန်းတွေကို အမေရိကန်က တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တာပါ။
အမေရိကန်တို့ရဲ့တိုက်ခိုက်မှုဟာ အီရတ်နိုင်ငံအတွင်းက စစ်အခြေစိုက်စခန်းကို ဒုံးကျည်နဲ့တိုက်ခိုက်ခံရစဉ် အမေရိကန် ကန်ထရိုက်ဝန်ထမ်းတဦး သေဆုံးခဲ့တဲ့ဖစ်ရပ်ကို လက်စားခြေတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကို Kataeb Hezbollah အဖွဲ့ ပြုလုပ်ခဲ့တယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိဘူးလို့ ဆိုပါတယ်။
ဒီအတောအတွင်း အီရန်လိုလားတဲ့ အဖွဲ့တွေကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်လို့ အီရတ်အစိုးရက တနင်္လာနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG