(Zawgyi / Unicode)
ဆီးရီးယားႏုိင္ငံရဲ႕ ၉ ႏွစ္တာ ျပည္တြင္းစစ္ကာလအတြင္း ကေလးငယ္ ၅ သန္းနီးပါး ေမြးဖြားလာခဲ့ၿပီး ကေလးသူငယ္ ၉ ေထာင္ ေသဆုံး ဒဏ္ရာရခဲ့တယ္လို႔ ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖြဲ႔ (UNICEF) က ေျပာပါတယ္။
အဲဒီကေလးေတြအျပင္ ေနာက္ထပ္ ကေလး ၁ သန္းကလည္း ဒုကၡသည္ေတြအျဖစ္ ေမြးဖြားလာတာပါ။
ဆီးရီးယားျပည္တြင္းစစ္ဟာ ၂၀၁၁ ခုႏွစ္ မတ္လ ၁၅ ရက္ေန႔မွာ စတင္ခဲ့တာ ျဖစ္ပါတယ္။ ၉ ႏွစ္ၾကာ ဆီးရီးယား စစ္ေရးပဋိပကၡအတြင္း ကေလးငယ္ ၉ ေထာင္ေက်ာ္ဟာ ေသဆုံးတာ ဒါမွမဟုတ္ ဒဏ္ရာရတာေတြ ျဖစ္ခဲ့တာပါ။
ဒီစစ္ေရးကာလအတြင္းမွာ အသက္ ၇ ႏွစ္ဝန္းက်င္ ကေလး ၅ ေထာင္ေလာက္ဟာ တိုက္ခိုက္ေရးအတြက္ စစ္သားအျဖစ္ စုေဆာင္းခံခဲ့ရၿပီး စာသင္ေက်ာင္းနဲ႔ ေဆး႐ုံ ၁ ေထာင္နီးပါး အတိုက္ခိုက္ခံခဲ့ရပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁ ရက္ေန႔က ျဖစ္ပြားတဲ့ တုိက္ပြဲေတြေၾကာင့္ ျပည္သူ ၉ သိန္း ၆ ေသာင္းေက်ာ္ အိုးအိမ္စြန္႔ခြာခဲ့ရၿပီး အဲဒီထဲမွာ ကေလး ၅ သိန္း ၇ ေသာင္းေက်ာ္ ပါဝင္တယ္လို႔ UNICEF စာရင္းေတြက ဆုိပါတယ္။ စစ္ေရးပဋိပကၡေၾကာင့္ ဆီးရီးယား ျပည္တြင္းနဲ႔ နယ္စပ္မွာရွိတဲ့ ကေလးငယ္ ၂.၈ သန္းေက်ာ္ဟာ ေက်ာင္းထြက္ခဲ့ရပါတယ္။
စာသင္ေက်ာင္း ၅ ေက်ာင္းအနက္ ၂ ေက်ာင္းဟာ ပ်က္စီး ဒါမွမဟုတ္ စစ္ေဘးသင့္ေတြ ခုိလႈံရာ ဒါမွမဟုတ္ စစ္ေရးအတြက္ အသုံးခ်ခံရတယ္လို႔ ဆုိပါတယ္။ စာသင္ေက်ာင္းနဲ႔ ေဆး႐ုံေတြကို တုိက္ခိုက္တာေတြ ရပ္ၾကဖို႔ သက္ဆုိင္သူေတြအားလုံးကို UNICEF က သတိေပးထားပါတယ္။
------------------------------
(Unicode)
ဆီးရီးယား ပြည်တွင်းစစ်အတွင်း ကလေး၅ သန်း မွေးဖွား
ဆီးရီးယားနိုင်ငံရဲ့ ၉ နှစ်တာ ပြည်တွင်းစစ်ကာလအတွင်း ကလေးငယ် ၅ သန်းနီးပါး မွေးဖွားလာခဲ့ပြီး ကလေးသူငယ် ၉ ထောင် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောပါတယ်။
အဲဒီကလေးတွေအပြင် နောက်ထပ် ကလေး ၁ သန်းကလည်း ဒုက္ခသည်တွေအဖြစ် မွေးဖွားလာတာပါ။
ဆီးရီးယားပြည်တွင်းစစ်ဟာ ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ၉ နှစ်ကြာ ဆီးရီးယား စစ်ရေးပဋိပက္ခအတွင်း ကလေးငယ် ၉ ထောင်ကျော်ဟာ သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရတာတွေ ဖြစ်ခဲ့တာပါ။
ဒီစစ်ရေးကာလအတွင်းမှာ အသက် ၇ နှစ်ဝန်းကျင် ကလေး ၅ ထောင်လောက်ဟာ တိုက်ခိုက်ရေးအတွက် စစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး စာသင်ကျောင်းနဲ့ ဆေးရုံ ၁ ထောင်နီးပါး အတိုက်ခိုက်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ ၉ သိန်း ၆ သောင်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး အဲဒီထဲမှာ ကလေး ၅ သိန်း ၇ သောင်းကျော် ပါဝင်တယ်လို့ UNICEF စာရင်းတွေက ဆိုပါတယ်။ စစ်ရေးပဋိပက္ခကြောင့် ဆီးရီးယား ပြည်တွင်းနဲ့ နယ်စပ်မှာရှိတဲ့ ကလေးငယ် ၂.၈ သန်းကျော်ဟာ ကျောင်းထွက်ခဲ့ရပါတယ်။
စာသင်ကျောင်း ၅ ကျောင်းအနက် ၂ ကျောင်းဟာ ပျက်စီး ဒါမှမဟုတ် စစ်ဘေးသင့်တွေ ခိုလှုံရာ ဒါမှမဟုတ် စစ်ရေးအတွက် အသုံးချခံရတယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာတွေ ရပ်ကြဖို့ သက်ဆိုင်သူတွေအားလုံးကို UNICEF က သတိပေးထားပါတယ်။