(Zawgyi / Unicode)
ဆီးရီးယားႏုိင္ငံ အေရွ႕ေတာင္ဘက္ Idlib ျပည္နယ္အတြင္း အစိုးရတပ္နဲ႔ အတိုက္အခံ အုပ္စုၾကား ထိပ္တုိက္ရင္ဆုိင္ေတြ႔ၿပီး တုိက္ပြဲျပင္းထန္ေနတာေၾကာင့္ ၂၄ နာရီအတြင္း ေသဆုံးသူ ၁၁၂ ဦးထက္မနည္း ရွိေနတယ္လို႔ ၿဗိတိန္အေျခစိုက္ ဆီးရီးယား လူ႔အခြင့္အေရး ေလ့လာေစာင့္ၾကည့္ေရးအဖဲြ႔ (SOHR) က မေန႔က ေျပာပါတယ္။
႐ု႐ွားတို႔ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဆီးရီးယား အာဏာရွင္ အစိုးရတပ္ေတြနဲ႔ မဟာမိတ္ လက္နက္ကိုင္ေတြက အတုိက္အခံတပ္ဖြဲ႔ေတြ ထိန္းခ်ဳပ္ထားတဲ့ Idlib ျပည္နယ္ အေရွ ႔ေတာင္ပုိင္းမွာရွိတဲ့ ရြာ ၁၀ ခုထက္မနည္းကို ထိန္းခ်ဳပ္ခဲ့တာေၾကာင့္ လူသားခ်င္းစာနာမႈဆုိင္ရာ အက်ပ္အတည္းေတြ အေတာ့ကုိ ဆိုးလာႏုိင္တယ္လို႔ SOHR အဖြဲ႔က သတိေပးထားပါတယ္။
မေန႔ ေသာၾကာေန႔က တုိက္ပဲြေတြ ဒီကေန႔မနက္ပိုင္းထိ ဆက္ျဖစ္ေနတာမွာ ေလေၾကာင္းကေနေရာ ေျမျပင္ကပါ ထုိးစစ္ဆင္တဲ့အႀကိမ္ေရ ၄၆၀ ထိ ရွိခဲ့တဲ့အတြက္ ဆီးရီးယားအစိုးရတပ္ဖဲ႔ြနဲ႔ မဟာမိတ္ ျပည္သူ႔စစ္တပ္ဖြဲ႔၀င္ ၄၂ ဦးထက္မနည္း ေသဆုံးခဲ့သလို အတုိက္အခံေတြဘက္ကေတာ့ ၇၀ ထက္မနည္း ေသဆုံးခဲ့တယ္လုိ႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္တဲ့အဖြဲ႔ SOHR က ေျပာပါတယ္။
တုိက္ပြဲေတြ အရွိန္ျမင့္လာတဲ့ ၿပီးခ့ဲတဲ့ ဧၿပီလကစၿပီး အရပ္သား ၁၃၁၇ ဦး အပါအ၀င္ ေသဆုံးသူစုစုေပါင္း ၅၁၀၄ ဦး ရွိသြားၿပီလို႔ SOHR အဖြဲ႔က ေျပာပါတယ္။
လူဦးေရ ၃ သန္းရွိတဲ့ Idlib ျပည္နယ္ဟာ ဆီးရီးယားအစိုးရကို ေတာ္လွန္ေနတဲ့ အတုိက္အခံအုပ္စုေတြ ထိန္းခ်ဳပ္ထားတဲ့ ေနာက္ဆုံးအမာခံနယ္ေျမလည္း ျဖစ္ပါတယ္။
႐ုရွားနဲ႔ ဆီးရီးယားအစိုးရကလည္း ဒီနယ္ေျမကို ျပန္ၿပီးထိန္းခ်ဳပ္ႏုိင္ဖို႔ အျပင္းအထန္ ႀကိဳးစားေနတာ ျဖစ္ပါတယ္။
------------------------------------
(Unicode)
ဆီးရီးယားတိုက်ပွဲ တရက်အတွင်း လူရာကျော်သေ
ဆီးရီးယားနိုင်ငံ အရှေ့တောင်ဘက် Idlib ပြည်နယ်အတွင်း အစိုးရတပ်နဲ့အတိုက်အခံ အုပ်စုကြား ထိပ်တိုက်ရင်ဆိုင်တွေ့ပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၁၁၂ ဦးထက်မနည်း ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (SOHR) က မနေ့က ပြောပါတယ်။
ရုရှားတို့ ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယား အာဏာရှင် အစိုးရတပ်တွေနဲ့ မဟာမိတ် လက်နက်ကိုင်တွေက အတိုက်အခံတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ Idlib ပြည်နယ် အရှေ့တောင်ပိုင်းမှာရှိတဲ့ ရွာ ၁၀ ခုထက်မနည်းကို ထိန်းချုပ်ခဲ့တာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ အတော့ကို ဆိုးလာနိုင်တယ်လို့ SOHR အဖွဲ့က သတိပေးထားပါတယ်။
မနေ့ သောကြာနေ့က တိုက်ပွဲတွေ ဒီကနေ့မနက်ပိုင်းထိ ဆက်ဖြစ်နေတာမှာ လေကြောင်းကနေရော မြေပြင်ကပါ ထိုးစစ်ဆင်တဲ့အကြိမ်ရေ ၄၆၀ ထိ ရှိခဲ့တဲ့အတွက် ဆီးရီးယားအစိုးရတပ်ဖဲ့ွနဲ့ မဟာမိတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄၂ ဦးထက်မနည်း သေဆုံးခဲ့သလို အတိုက်အခံတွေဘက်ကတော့ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့ SOHR က ပြောပါတယ်။
တိုက်ပွဲတွေ အရှိန်မြင့်လာတဲ့ ပြီးခဲ့တဲ့ ဧပြီလကစပြီး အရပ်သား ၁၃၁၇ ဦး အပါအဝင် သေဆုံးသူစုစုပေါင်း ၅၁၀၄ ဦး ရှိသွားပြီလို့ SOHR အဖွဲ့က ပြောပါတယ်။
လူဦးရေ ၃ သန်းရှိတဲ့ Idlib ပြည်နယ်ဟာ ဆီးရီးယားအစိုးရကို တော်လှန်နေတဲ့ အတိုက်အခံအုပ်စုတွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံးအမာခံနယ်မြေလည်း ဖြစ်ပါတယ်။
ရုရှားနဲ့ ဆီးရီးယားအစိုးရကလည်း ဒီနယ်မြေကို ပြန်ပြီးထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေတာ ဖြစ်ပါတယ်။