(Zawgyi / Unicode)
ဆီးရီးယားႏုိင္ငံေျမာက္ပုိင္း နယ္စပ္ၿမိဳ႕ျဖစ္တဲ့ Tal Abyab ၿမိဳ႕က ေစ်းတခုနားမွာ ဒီကေန႔ ကားဗုံးတလုံး ေပါက္ကဲြခဲ့တာေၾကာင့္ ၁၃ ေယာက္ထက္မနည္း ေသဆုံးသြားတယ္လို႔ တူရကီ ကာကြယ္ေရး၀န္ႀကီးဌာနက ေျပာပါတယ္။
အခုခ်ိန္ထိေတာ့ ဒီတုိက္ခုိက္မႈနဲ႔ ပတ္သက္ၿပီး ဘယ္သူကမွ သူတုိ႔ရဲ႕လက္ခ်က္ျဖစ္တယ္လို႔ မေျပာေသးပါဘူး။ ဒါေပမယ့္ ဆီးရီးယား ဒီမုိကရက္တစ္တပ္ဦး SDF အဖဲြ႔ရဲ႕ အစိတ္အပိုင္းျဖစ္တဲ့ YPG ကာ့ဒ္တပ္ဖဲြ႔ရဲ႕ လက္ခ်က္ျဖစ္တယ္လို႔ တူရကီ ကာကြယ္ေရး၀န္ႀကီးဌာနက ျပစ္တင္လိုက္ပါတယ္။
ကမာၻ႔ေခါင္းေဆာင္ေတြအေနနဲ႔ YPG အဖဲြ႔ကို ေထာက္ခံျခင္း မလုပ္ၾကဖို႔ တူရကီ ကာကြယ္ေရး၀န္ႀကီးဌာနက ေျပာလိုက္ၿပီး YPG အဖဲြ႔ဟာ ရက္စက္တဲ့ အၾကမ္းဖက္အဖြဲ႔ ျဖစ္တယ္လို႔လည္း ေျပာလိုက္ပါတယ္။
တူရကီဘက္ကေတာ့ YPG အဖဲြ႔ကို အၾကမ္းဖက္အဖဲြ႔အျဖစ္နဲ႔ သတ္မွတ္ထားေပမယ့္ အေမရိကန္ကေတာ့ YPG အဖဲြ႔ဟာ IS အစြန္းေရာက္ေတြကို တုိက္ေနတဲ့ေနရာမွာ အဓိက မဟာမိတ္အဖဲြ႔ ျဖစ္တယ္လို႔ သတ္မွတ္ထားပါတယ္။
အေမရိကန္သမၼတ Donald Trump က ေဒသတြင္းမွာရွိတဲ့ အေမရိကန္တပ္ဖဲြ႔ေတြကို ျပန္႐ုပ္သိမ္းမယ္လုိ႔ ဆုံးျဖတ္လိုက္ၿပီးတဲ့ေနာက္ တူရကီစစ္တပ္နဲ႔ ဆီးရီးယားမွာရွိတဲ့ သူတုိ႔ရဲ႕ မဟာမိတ္ ျပည္သူ႔စစ္အဖဲြ႔ေတြက ဆီးရီးယားႏုိင္ငံ ေျမာက္ပိုင္းမွာရွိတဲ့ SDF အဖဲြ႔ေတြကို ထိုးစစ္ေတြ ဆင္ခဲ့ၾကတာပါ။ အဲဒီေနာက္မွာ တူရကီက Tal Abyab ၿမိဳ႕ကိုိ ၿပီးခဲ့တဲ့လက ထိိန္းခ်ဳပ္ထားတာျဖစ္ပါတယ္။
-----------------------------------
(Unicode)
ဆီးရီးယားမြောက်ပိုင်း နယ်စပ်မြို့ ကားဗုံးကွဲ လူ ၁၃ ဦးထက်မနည်း သေဆုံး
ဆီးရီးယားနိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ဖြစ်တဲ့ Tal Abyab မြို့က ဈေးတခုနားမှာ ဒီကနေ့ ကားဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် ၁၃ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုချိန်ထိတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ မပြောသေးပါဘူး။ ဒါပေမယ့် ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦး SDF အဖွဲ့ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ YPG ကာ့ဒ်တပ်ဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ပြစ်တင်လိုက်ပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ YPG အဖွဲ့ကို ထောက်ခံခြင်း မလုပ်ကြဖို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပြီး YPG အဖွဲ့ဟာ ရက်စက်တဲ့ အကြမ်းဖက်အဖွဲ့ ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။
တူရကီဘက်ကတော့ YPG အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်နဲ့ သတ်မှတ်ထားပေမယ့် အမေရိကန်ကတော့ YPG အဖွဲ့ဟာ IS အစွန်းရောက်တွေကို တိုက်နေတဲ့နေရာမှာ အဓိက မဟာမိတ်အဖွဲ့ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
အမေရိကန်သမ္မတ Donald Trump က ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းမယ်လို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် တူရကီစစ်တပ်နဲ့ ဆီးရီးယားမှာရှိတဲ့ သူတို့ရဲ့ မဟာမိတ် ပြည်သူ့စစ်အဖွဲ့တွေက ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ SDF အဖွဲ့တွေကို ထိုးစစ်တွေ ဆင်ခဲ့ကြတာပါ။ အဲဒီနောက်မှာ တူရကီက Tal Abyab မြို့ကို ပြီးခဲ့တဲ့လက ထိန်းချုပ်ထားတာဖြစ်ပါတယ်။