သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆီးရီးယား စာနာမႈအကူအညီေပးေရး ႐ု႐ွား-တ႐ုတ္ ဗီတိုသံုးတဲ့ကိစၥ ကန္႐ႈတ္ခ်


အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo. (ဒီဇင္ဘာ ၁၉၊ ၂၀၁၉)

(Zawgyi / Unicode)

ဆီးရီးယားႏုိ္င္ငံထဲကို နယ္စပ္ျဖတ္ၿပီး လူသားခ်င္းစာနာမႈ အကူအညီေပးေရးဆိုင္ရာ ကုလသမဂၢ လံုၿခံဳေရးေကာင္စီ ဆံုးျဖတ္ခ်က္တရပ္ကို ႐ုရွားနဲ႔ တ႐ုတ္တို႔က ဗီတိုအာဏာသံုး ပယ္ခ်လိုက္တဲ့အတြက္ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo က စေနေန႔မွာ အျပင္းအထန္ ျပစ္တင္႐ႈတ္ခ်လိုက္ပါတယ္။

“ဆီးရီးယားႏုိင္္ငံသား သန္းေပါင္းမ်ားစြာကို လူသားခ်င္းစာနာမႈ အကူအညီေတြ ေရာက္ေစမယ့္ လုံၿခံဳေရးေကာင္စီီ ဆံုးျဖတ္ခ်က္ကို ႐ုရွားဖက္ဒေရးရွင္းနဲ႔ တ႐ုတ္တို႔က ဗီတိုသံုး ပယ္ခ်တာဟာ ရွက္ဖြယ္လုပ္ရပ္ပါပဲ” လို႔ ဝန္ႀကီး Pompeo က ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။

“ဒီဆံုးျဖတ္ခ်က္ကို ကန္႔ကြက္ၿပီး ႏုိင္ငံေရးအရ သေဘာထားတခု ခ်မွတ္ဖို႔ ေရြးခ်ယ္လိုက္တဲ့ ႐ုရွားနဲ႔ တ႐ုတ္တို႔ရဲ႕ လက္ထဲမွာ ေသြးစြန္းသြားပါၿပီ” လို႔လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

၂၀၁၁ ခုႏွစ္က စတင္တဲ့ ဆီးရီးယား ပဋိပကၡေဘးဒဏ္ သင့္ေနရသူ အရပ္သား ၄ သန္းအတြက္ တူရကီနဲ႔ အီရတ္ကိုျဖတ္ၿပီး အကူအညီေတြ ေပးပို႔တာကို အခုဆံုးျဖတ္ခ်က္က ေနာက္တႏွစ္ ထပ္တိုးတာပါ။

အခုလို ဗီတိုသံုး ပယ္ခ်တာေၾကာင့္ သက္တမ္းကုန္ဖို႔ သီတင္းသံုးပတ္ေတာင္ မက်န္ေတာ့တဲ့ လက္ရွိဆံုးျဖတ္ခ်က္ သက္တမ္းမကုန္ခင္ တျခား သေဘာတူညီခ်က္တခုခု မရဘူးဆိုရင္ ကုလသမဂၢက ရန္ပံုေငြေထာက္ပံ့တဲ့ အကူအညီေတြ Idlib ေဒသနဲ႔ အတိုက္အခံေတြ ထိန္းခ်ဳပ္ထားတဲ့ ဆီးရီးယားႏုိ္င္ငံတြင္း တျခားေဒသေတြကို မေရာက္ေတာ့မွာ ပိုၿပီး စိုးရိမ္လာၾကပါတယ္။

-----------------------------------

(Unicode)

ဆီးရီးယား စာနာမှုအကူအညီပေးရေး ရုရှား-တရုတ် ဗီတိုသုံးတဲ့ကိစ္စ ကန်ရှုတ်ချ

ဆီးရီးယားနိုင်ငံထဲကို နယ်စပ်ဖြတ်ပြီး လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တရပ်ကို ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာသုံး ပယ်ချလိုက်တဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က စနေနေ့မှာ အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

“ဆီးရီးယားနိုင်ငံသား သန်းပေါင်းများစွာကို လူသားချင်းစာနာမှု အကူအညီတွေ ရောက်စေမယ့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ရုရှားဖက်ဒရေးရှင်းနဲ့ တရုတ်တို့က ဗီတိုသုံး ပယ်ချတာဟာ ရှက်ဖွယ်လုပ်ရပ်ပါပဲ” လို့ ဝန်ကြီး Pompeo က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

“ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး နိုင်ငံရေးအရ သဘောထားတခု ချမှတ်ဖို့ ရွေးချယ်လိုက်တဲ့ ရုရှားနဲ့ တရုတ်တို့ရဲ့ လက်ထဲမှာ သွေးစွန်းသွားပါပြီ” လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

၂၀၁၁ ခုနှစ်က စတင်တဲ့ ဆီးရီးယား ပဋိပက္ခဘေးဒဏ် သင့်နေရသူ အရပ်သား ၄ သန်းအတွက် တူရကီနဲ့ အီရတ်ကိုဖြတ်ပြီး အကူအညီတွေ ပေးပို့တာကို အခုဆုံးဖြတ်ချက်က နောက်တနှစ် ထပ်တိုးတာပါ။

အခုလို ဗီတိုသုံး ပယ်ချတာကြောင့် သက်တမ်းကုန်ဖို့ သီတင်းသုံးပတ်တောင် မကျန်တော့တဲ့ လက်ရှိဆုံးဖြတ်ချက် သက်တမ်းမကုန်ခင် တခြား သဘောတူညီချက်တခုခု မရဘူးဆိုရင် ကုလသမဂ္ဂက ရန်ပုံငွေထောက်ပံ့တဲ့ အကူအညီတွေ Idlib ဒေသနဲ့ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ ဆီးရီးယားနိုင်ငံတွင်း တခြားဒေသတွေကို မရောက်တော့မှာ ပိုပြီး စိုးရိမ်လာကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG