သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Aleppo အနီးကျေးရွာတွေကို ဆီးရီးယားအစိုးရ ပြန်လည်ထိန်းချုပ်

(Zawgyi/Unicode)

ဆီးရီးယားနိုင်ငံ Aleppo မြို့ အနောက်မြောက်ပိုင်းက ရွာပေါင်း ၁၂ ရွာကျော်ကို အစိုးရတပ်တွေ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဆီးရီးယားစစ်တပ်က ပြောပါတယ်။

ဆီးရီးယားပြည်တွင်းစစ်ပွဲ အစောပိုင်းကာလထဲက သူပုန်တွေ သိမ်းပိုက်ခဲ့တဲ့ ဒေသကို အစိုးရတပ်တွေက ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေချိန်မှာ ခုလို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အိမ်နီးချင်း Idlib နယ်ထဲက Khan Sheikhoun မြို့နားက ရွာတော်တော်များများကိုလည်း သမ္မတ Bashar al-Assad ကို သစ္စာခံတဲ့တပ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းဇစ်မြစ်တွေက ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းက ဆီးရီးယား အစိုးရတပ်တွေနဲ့ သူပုန်တွေ၊ ဂျီဟဒ်စစ်ပွဲဆင်နွဲှနေကြတဲ့ စစ်သွေးကြွတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံထဲက တခြားလက်နက်ကိုင်အဖွဲ့အားလုံးကို အကြမ်းဖက်အဖွဲ့တွေလို့ ပြောတဲ့ အစိုးရဖက်ကတော့ Aleppo အနောက်မြောက်ပိုင်းနဲ့ Idlib နယ်နေရာတော်တော်များများမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ တိုက်ပွဲမှာ အစိုးရတပ်တွေဘက်က မြန်မြန်ဆန်ဆန် ရှေ့တိုးထိုး စစ်ဆင်နိုင်ခဲ့တယ်လို့ အစိုးရပိုင် SANA သတင်းက ဖော်ပြပါတယ်။

နိုင်ငံတောင်ပိုင်း Damascus မြို့တော်နဲ့ မြောက်ပိုင်းက Aleppo မြို့ကို ဆက်သွယ်ထားတဲ့ M5 အဝေးပြေးလမ်းမကြီးကို အစိုးရတပ်တွေဘက်က ထိန်းချုပ်လိုက်ပြီးနောက်မှာ ခုလို တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Aleppo အနီးကျေးရွာတွေကို ဆီးရီးယားအစိုးရ ပြန်လည်ထိန်းချုပ်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG