သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS နောက်ဆုံးစခန်း မဟာမိတ် ထိုးစစ်အရှိန်မြှင့်


ဆီးရီးယား ဒီမိုကရက်တစ်တပ် (SDF) တပ်ဖွဲ့ဝင်တွေကို Deir Al Zor ခရိုင်၊ Baghouz ရွာနားမှာ တွေ့ရစဉ်။ (မတ် ၁၊ ၂၀၁၉)
ဆီးရီးယား ဒီမိုကရက်တစ်တပ် (SDF) တပ်ဖွဲ့ဝင်တွေကို Deir Al Zor ခရိုင်၊ Baghouz ရွာနားမှာ တွေ့ရစဉ်။ (မတ် ၁၊ ၂၀၁၉)

ဆီးရီးယားနိုင်ငံမှာ IS စစ်သွေးကြွတွေက အစ္စလာမ်သာသနာစောင့်နိုင်ငံ ဒီနေရာကို သူတို့ပိုင်တဲ့နေရာလို့ ကြွေးကြော်ထားတဲ့ ဒေသက နောက်ဆုံး ခြေကုတ်စခန်းကို အမေရိကန်က ကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့ဝင်တွေ သောကြာနေ့က ပြန်ပြီး သိမ်းယူဖို့လှုပ်ရှားနေကြပါပြီ။

အဲဒီ နေရာမှာ ကျန်နေတဲ့ IS စစ်သွေးကြွတွေကို ရှင်းလင်းဖို့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ဝင်တွေ ဆောင်ရွက်နေကြတယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တွစ်တာ လူမှု ကွန်ယက်ကနေ တဆင့်ကြေညာခဲ့တာပါ။ အချိန်တပါတ်အတွင်းမှာပဲ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက IS တွေ ထိန်းချုပ်ထားတဲ့ Baghuz ရွာဟာ ပြန်ပြီးလွတ်လပ်မှု ရှိလာလိမ့်မယ်လို့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ရဲ့တပ်မှူးက ပြောခဲ့ပြီး နောက် တရက်မှာပဲ ရှင်းလင်းရေးတွေလုပ်ဆောင်လာတာပါ။

ဓါးစားခံအဖြစ်ရှိနေကြတဲ့ ထောင်နဲ့ချီတဲ့ အရပ်သူအရပ်သားတွေကို ဘေးလွတ်ရာ ကယ် ထုတ်ခဲ့ပြီး IS စစ်သွေးကြွတွေရဲ့ နောက်ဆုံးခြေကုပ်စခန်း Baghuz ရွာကိုရှင်းဖို့ သောကြာနေ့ ညနေ ၆ နာရီမှာ စစ်ဆင်ရေးစတင်ခဲ့တယ်လို့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Mustafa Baliက တွစ်တာမှာရေးသား ဖေါ်ပြပါတယ်။ ဒီစစ်ဆင်ရေးမှာ တပ်ဖွဲ့ဝင်အင်အား တသောင်းခွဲ ပါဝင်ပြီး အမေရိကန်နဲ့ညွန့်ပေါင်း တပ်ဖွဲ့ တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးတွေနဲ့ပါ ဆင်နွဲနေကြတယ်လို့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ရဲ့အရာရှိတဦးက ဗွီအိုအေကိုပြောပါတယ်။

IS နောက်ဆုံးစခန်း မဟာမိတ် ထိုးစစ်အရှိန်မြှင့်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG