သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိပ်ခတ်ခံရတဲ့ Navalny ကိစ္စ ပူးပေါင်းဆောင်ရွက်ဖို့မရှိရင် ရုရှားအပေါ် ဒဏ်ခတ် အရေးယူနိုင်ခြေရှိ - ဂျာမနီနိုင်ငံခြားရေးဝန်ကြီး


ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas.
ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas.

(Zawgyi / Unicode)

ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny အဆိပ်ခတ်ခံရတယ်လို့ သံသယရှိမှုနဲ့ ပတ်သက်ပြီး ရုရှားဘက်က အချက်အလက်တွေမပေးရင် ရုရှားအပေါ် ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဖို့ ဖြစ်လာနိုင်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas က ပြောပါတယ်။

ဒီအဆိပ်ခတ်မှုမှာ ရုရှားအစိုးရက နောက်ကွယ်မှာ ရှိနေတယ်လို့ ညွှန်းပြနေတဲ့အချက် အများအပြား ရှိနေတယ်လို့ ဂျာမနီသတင်းစာ Bild am Sonntag သတင်းဌာနကို ဝန်ကြီး Maas က ပြောကြားခဲ့တာပါ။

ရုရှားအစိုးရအနေနဲ့ ဒီအဆိပ်ခတ်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု မရှိဘူးဆိုရင် မပတ်သက်ကြောင်း အချက်လက်တွေ ချပြဖို့ ပြောခဲ့တဲ့အပြင် ဒီရာဇဝတ်မှုကို ရုရှားအစိုးရက ဖြေရှင်းပေးမယ်လို့ အထူးမျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

ဂျာမနီဟာ အခုအခါမှာ အီးယူ ဥရောပသမဂ္ဂရဲ့ အလှည့်ကျ သဘာပတိ တာဝန်ကို ယူနေရတာပါ။

ရုရှားနိုင်ငံက သဘာဝဓာတ်ငွေ့တွေ ဥရောပကိုတင်ပို့မယ့် ဒေါ်လာ ၁၁ ဘီလီယံတန် Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းကိစ္စနဲ့ ပတ်သက်ပြီး သဘောထား ပြောင်းသွားအောင် ရုရှားက မလုပ်ဖို့လည်း ဝန်ကြီး Maas က ပြောပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင် Navalny ဟာ အာရုံကြောကို ထိခိုက်စေတဲ့ Novichok အဆိပ်မိခဲ့တာဖြစ်ကြောင်း ဂျာမနီအစိုးရက ဒီသီတင်းပတ် အစောပိုင်းမှာ ပြောကြားခဲ့တာပါ။ Novichok အဆိပ်ကို လက်လှမ်းမီသူ အနည်းငယ်သာရှိပြီး ရုရှားသူလျှို Sergei Skripal ဗြိတိန်မှာ အလုပ်ကြံခံရတာဟာ ဒီအဆိပ်မျိုးဖြစ်ကြောင်းလည်း ဝန်ကြီး Maas က ပြောပါတယ်။

NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း ဘယ်ဓာတုလက်နက်မျိုးကိုပဲ သုံးသုံး ဒါဟာ လူ့အသက်ကို လုံးဝ လေးစားမှုမရှိရာ ရောက်သလို ဒါဟာ နိုင်ငံတကာ လိုက်နာရမယ့် စံသတ်မှတ်ချက်နဲ့ စည်းမျဉ်းဥပဒေကို ချိုးဖောက်တဲ့ လက်မခံနိုင်စရာလုပ်ရပ်ဖြစ်ကြောင်း သောကြာနေ့ NATO အရေးပေါ်အစည်းဝေးအပြီးမှာ ပြောကြားခဲ့တာပါ။

--------------------

(Unicode)





ဂြာမနီဟာ အခုအခါမှာ အီးယူ ဥရောပသမဂ်ဂရဲ့ အလှည့ျကြ သဘာပတိ တာဝနျကို ယူနရေတာပါ။




XS
SM
MD
LG