သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတိုက်အခံခေါင်းဆောင် Novichok အဆိပ်ခတ်ခံရကြောင်း ဂျာမနီအတည်ပြု


Novichok အုပ်စုဝင် အာရုံကြောထိခိုက်စေတဲ့ ဓါတုအဆိပ် ဖြစ်ကြောင်း စမ်းသပ်
Novichok အုပ်စုဝင် အာရုံကြောထိခိုက်စေတဲ့ ဓါတုအဆိပ် ဖြစ်ကြောင်း စမ်းသပ်

(Zawgyi/Unicode)

ဂျာမဏီနိုင်ငံမှာ ဆေးကုသမှု ခံယူနေတဲ့ ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ဆီကရတဲ့ ဓါတ်ခွဲနမူနာ ကို စမ်းသပ်ကြည့်ရာမှာ ဆိုဗီယက်ရုရှားခေတ်က သုံးတဲ့ အာရုံကြောထိခိုက်စေတဲ့ Novichok အဆိပ် တမျိုးကို တွေ့ရတယ်လို့ ဂျာမဏီအစိုးရက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဒါဟာ Novichok အုပ်စုဝင် အာရုံကြောထိခိုက်စေတဲ့ ဓါတုအဆိပ် ဖြစ်ကြောင်း ဂျာမဏီစစ်တပ် အထူူး ဓါတ်ခွဲခန်းကအတည်ပြုကြောင်း ဂျာမဏီဝန်ကြီးချုပ် Angela Merkel ရဲ့ ပြောခွင့်ရ Steffen Seibert က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

Navalny ဟာ သြဂုတ်လ ၂၀ တုန်းက Siberia ကနေ မော်စကို ကိုလေယာဉ်နဲ့အလာ လမ်းမှာ နာမကျန်းဖြစ်တဲ့အတွက် Omsk မြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရပြီး အဲဒီမြို့ ဆေးရုံမှာ အကုသ ခံနေရာကနေ နောက်ပိုင်း ဂျာမဏီနိုင်ငံ ဘာလင်မြို့က ဆေးရုံကို ပြောင်းပြီး ဆေးကုသမှု ခံယူနေတာဖြစ်ပါတယ်။

အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ Navalny ဟာ ရုရှားသမ္မတ Vladimir Putin ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတဦးဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှု လုပ်နေသူလည်း ဖြစ်ပါတယ်။ သူ့ကိုထောက်ခံသူတွေက သူူ့ကို အာဏာပိုင်တွေက အဆိပ်ခတ်တာ ဖြစ်ကြောင်းပြောဆိုနေတာ ဖြစ်ပြီး ဒါကို ရုရှုားအစိုးရက ငြင်းဆိုပါတယ်။

Siberia မှာ သူ့ကို ကုသပေးတဲ့ ရုရှား ဆရာဝန်တွေကတော့ ဂျာမဏီဆေးရုံက သူအဆိပ်ခတ်ခံရတာ ဖြစ်ကြောင်းပြောဆိုချက်ကို လက်မခံပဲ သူတို့စမ်းသပ်မှုမှာ အဆိပ်ဓါတ် မတွေ့ရဘူးလို့ ပြောပါတယ်။

ရှားသူလ ျှို Sergei Skripal နဲ့သူ့သမီးတို့ ဟာလည်း ၂၀၁၈ တုန်းက ဗြိတိန်နိုင်ငံမှာ အလားတူ Novichok အဆိပ်ခတ်ခံရတာ ဖြစ်ပါတယ်။

Navalny ရဲ့ စမ်းသပ်စစ်ဆေးမှု ဆိုင်ရာ တွေ့ရှိချက်တွေကို ဂျာမဏီအစိုးရက အီးယူဥရောပသမဂ္ဂနဲ့ NATO မဟာမိတ် အဖွဲ့ကို အကြောင်းကြားမှာ ဖြစ်ပြီး ဒီကိစ္စအတွက် သင့်လေ ျှာ်တဲ့ ပူးတွဲတုံ့ပြန်မှုတွေ လုပ်ဖို့ တိုင်ပင်မှာ ဖြစ်ကြောင်း ဂျာမဏီ အစိုးရပြောခွင့်ရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


.......


(Unicode)








XS
SM
MD
LG