သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကို ဆန္ဒပြပွဲ လူ ၁၀၀၀ ကျော် အဖမ်းခံရ


ဒီနှစ်ကုန်ပိုင်းကျင်းပမယ့် ဒေသဆိုင်ရာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ တချို့ကို ကိုယ်စားလှယ် လောင်းစာရင်းက ဖယ်ရှားလိုက်တဲ့အတွက်ရုရှားနိုင်ငံ မော်စကိုမြို့မှာ စနေနေ့က ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး လူ ၁၀၀၀ ကျော်ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ခွင့်ပြုချက်မရဘဲ မော်စကိုမြို့လယ်မှာလုပ်တဲ့ အဲဒီ ဆန္ဒပြပွဲထဲက လူ ၁၀၀၀ ကျော်ကို ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခဲ့ရကြောင့် ရုရှားရဲတွေက Tass နဲ့ RIA-Novosti သတင်းဌာနတွေကို ပြောပါတယ်။

အချို့ကိုတော့ ရဲက အကြမ်းဖက် ဖမ်းဆီးခဲ့ပြီး ရဲနဲ့ ဆန္ဒပြသူတွေကြား နပန်းလုံးခဲ့တာမျိုးတောင် ရှိသလို ရဲကလည်း နံပတ်တုတ်သုံးပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ကျင်းပမယ့် မော်စကိုမြို့တော်ကောင်စီ ရွေးကောက်ပွဲဝင်မယ့် အတိုက်အခံ ကိုယ်စားလှယ်တွေကို သတ်မှတ်ချက်နဲ့ မကိုက်ညီဘူးလို့ အကြောင်းပြပြီး ကိုယ်စားလှယ်စာရင်းထဲကနေ ပယ်ဖျက်ခဲ့တာကြောင့် ဒီစနေနေ့မှာ ဆန္ဒပြကြဖို့ အတိုက်အခံခေါင်းဆောင် Alexei Navalny ကလှုံ့ဆော်ခဲ့တာပါ။

Navalny ကတော့ ဒီသီတင်းပတ် အစောပိုင်းမှာထဲက အဖမ်းခံခဲ့ရပါတယ်။ အလားတူပဲ စနေနေ့ ဆန္ဒပြပွဲ မတိုင်ခင် အခြား အတိုက်ခံခေါင်းဆောင်တွေ အဖမ်းခံရပြီး အဲဒီထဲမှာ Ilya Yashin, Dmitry Gudkov နဲ့ Ivan Zhdanov တို့ ပါဝင်ကြပါတယ်။ စနေနေ့ ဆန္ဒပြပွဲမှာ လူ ၃၅၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

မော်စကို ဆန္ဒပြပွဲ လူ ၁၀၀၀ ကျော် အဖမ်းခံရ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG