ဖမ်းဆီးခံတွေ ပြန်လွှတ်ပေးရေး ရုရှား ဆန္ဒပြပွဲ
ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ တနင်္ဂနွေနေ့က လူထုဆန္ဒပြပွဲကြီးတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လက အစိုးရဆန့်ကျင်ရေး အကြမ်းမဖက် ဆန္ဒပြပွဲတွေအတွင်း အဖမ်းခံခဲ့ရသူတွေကို ပြန်လွှတ်ပေးဖို့ အဓိက တောင်းဆိုခဲ့ကြတာပါ။ ဗီအိုအေသတင်းထောက် Zlatica Hoke ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။