သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီရဲ႕ စီးပြားေရးလုပ္ငန္းေတြအေပၚ EU တဖဲြ႔လံုး ဒဏ္ခတ္ အေရးယူမည္


(Zawgyi/Unicode)

ျမန္မာ စစ္တပ္ရဲ႕ စီးပြားေရး အက်ိဳးစီးပြားေတြကို ပစ္မွတ္ထားၿပီး ဥေရာပ သမဂၢ EU က တေပါင္းတစည္းတည္း ျပစ္ဒဏ္ခတ္ အေရးယူမႈ ခ်မွတ္ေရး ျပင္ဆင္ေနေၾကာင္း ျပင္သစ္ ႏုိင္ငံျခားေရး ၀န္ႀကီး Jean-Yves Le Drian က အဂၤါေန႔မွာ ေျပာဆိုပါတယ္။

ျမန္မာ စစ္တပ္နဲ႔ ဆက္စပ္ေနတဲ႔ စီးပြားေရး လုပ္ငန္းေတြ အေပၚ စီးပြားေရး ဒဏ္ခတ္ ပိတ္ဆို႔မႈကို ဥေရာပ သမဂၢ အဖြဲ႔၀င္ ၂၇ ႏုိင္ငံ အဆင့္ထိ တိုးျမွင့္ ေဆာင္ရြက္မွာ ျဖစ္တဲ႔ အတြက္ ဒီ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ျမန္ျမန္ ဆန္ဆန္ က်င့္သံုးႏုိင္မွာ ျဖစ္ေၾကာင္း ျပင္သစ္ ႏုိင္ငံျခားေရး ၀န္ႀကီးက ပါရီၿမိဳ႕ေတာ္မွာ လႊတ္ေတာ္ အမတ္ေတြကို ေျပာဆိုခဲ႔တာပါ။

စစ္အာဏာသိမ္းမႈမွာ တာ၀န္ရွိသူေတြကို အေနာက္ႏုိင္ငံေတြက ျပစ္ဒဏ္ခတ္ ပိတ္ဆို႔မႈ ခ်မွတ္ေနတာေၾကာင့္ ျမန္မာႏုိင္ငံမွာ ျပည္တြင္းစစ္ ျဖစ္သြားႏုိင္ေၾကာင္း ရုရွားအစိုးရက ေျပာဆိုေၾကာင္း Interfax သတင္းေအဂ်င္စီကိုးကားၿပီး ရိုက္တာ သတင္းက ေဖာ္ျပပါတယ္။

စစ္အာဏာသိမ္းမႈမွာ တာ၀န္ရွိသူေတြ၊ ေနာက္သူတို႔နဲ႔ ပတ္သက္ဆက္ႏြယ္သူေတြ၊ စစ္တပ္နဲ႔ ဆက္စပ္တဲ႔ လုပ္ငန္းႀကီးေတြ အေပၚမွာ အေမရိကန္၊ ၿဗိတိန္၊ ကေနဒါနဲ႔ ဥေရာပ သမဂၢ EU တို႔က ဒဏ္ခတ္ ပိတ္ဆုိ႔မႈေတြ အသီးသီး ခ်မွတ္ေနတာ ျဖစ္ပါတယ္။

စစ္အာဏာသိမ္းသူေတြ အေပၚ ဖိအားေပး ၿခိမ္းေျခာက္တဲ႔ ဒဏ္ခတ္ အေရးယူမႈေတြက အက်ိဳးမရွိဘဲ အႏၱရာယ္ အလြန္ႀကီးေၾကာင္း၊ ျပည္တြင္း ပဋိပကၡႀကီး ျဖစ္ေအာင္ တြန္းပို႔သလို ျဖစ္မယ့္ အေၾကာင္း ရုရွား ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရကိုကိုးကားၿပီး Interfax သတင္းက ေဖာ္ျပပါတယ္။

ျမန္မာ့ စစ္အာဏာသိမ္းမႈ အေရးနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ အပါအ၀င္ စစ္ဘက္ အရပ္ဘက္ လူပုဂၢိဳလ္ ၁၁ ဦးကို ၿပီးခဲ႔တဲ႔ မတ္လ အတြင္း ဥေရာပ သမဂၢ EU က ဒဏ္ခတ္ အေရးယူထားတာပါ။

ဒါ႔အျပင္ ၿပီးခဲ႔တဲ႔ စေနေန႔က ေနျပည္ေတာ္မွာ စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး ေကာင္စီ က လုပ္တဲ႔ ဥေရာပ သမဂၢ အကူအညီမ်ားဆိုင္ရာ ၀န္ႀကီး အဆင့္ အစည္းအေ၀းကိုလည္း EU ကိုယ္စားလွယ္ေတြ မတက္ခဲ႔ၾကပါဘူး။ လက္ရွိ ႏုိင္ငံေရး အေျခအေန အရ ျမန္မာႏုိင္ငံ အတြက္ EU က ေပးအပ္ေ္နတဲ႔ ဖြံ႔ၿဖိဳးေရး အကူအညီေတြကိုလည္း ျပန္လည္ သံုးသပ္ေနေၾကာင္း EU ရဲ႕ ျမန္မာရံုးက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မြန်မာစစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် EU တဖွဲ့လုံး ဒဏ်ခတ် အရေးယူမည်
(Unicode)

မြန်မာ စစ်တပ်ရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး ဥရောပ သမဂ္ဂ EU က တပေါင်းတစည်းတည်း ပြစ်ဒဏ်ခတ် အရေးယူမှု ချမှတ်ရေး ပြင်ဆင်နေကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Yves Le Drian က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

မြန်မာ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ အပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံ အဆင့်ထိ တိုးမြှင့် ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် ဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မြန်မြန် ဆန်ဆန် ကျင့်သုံးနိုင်မှာ ဖြစ်ကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက ပါရီမြို့တော်မှာ လွှတ်တော် အမတ်တွေကို ပြောဆိုခဲ့တာပါ။

စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို အနောက်နိုင်ငံတွေက ပြစ်ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်နေတာကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်သွားနိုင်ကြောင်း ရုရှားအစိုးရက ပြောဆိုကြောင်း Interfax သတင်းအေဂျင်စီကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။

စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ၊ နောက်သူတို့နဲ့ ပတ်သက်ဆက်နွယ်သူတွေ၊ စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းကြီးတွေ အပေါ်မှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပ သမဂ္ဂ EU တို့က ဒဏ်ခတ် ပိတ်ဆို့မှုတွေ အသီးသီး ချမှတ်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းသူတွေ အပေါ် ဖိအားပေး ခြိမ်းခြောက်တဲ့ ဒဏ်ခတ် အရေးယူမှုတွေက အကျိုးမရှိဘဲ အန္တရာယ် အလွန်ကြီးကြောင်း၊ ပြည်တွင်း ပဋိပက္ခကြီး ဖြစ်အောင် တွန်းပို့သလို ဖြစ်မယ့် အကြောင်း ရုရှား နိုင်ငံခြားရေး ဌာန ပြောခွင့်ရကိုကိုးကားပြီး Interfax သတင်းက ဖော်ပြပါတယ်။

မြန်မာ့ စစ်အာဏာသိမ်းမှု အရေးနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက် အရပ်ဘက် လူပုဂ္ဂိုလ် ၁၁ ဦးကို ပြီးခဲ့တဲ့ မတ်လ အတွင်း ဥရောပ သမဂ္ဂ EU က ဒဏ်ခတ် အရေးယူထားတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ စနေနေ့က နေပြည်တော်မှာ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီ က လုပ်တဲ့ ဥရောပ သမဂ္ဂ အကူအညီများဆိုင်ရာ ဝန်ကြီး အဆင့် အစည်းအဝေးကိုလည်း EU ကိုယ်စားလှယ်တွေ မတက်ခဲ့ကြပါဘူး။ လက်ရှိ နိုင်ငံရေး အခြေအနေ အရ မြန်မာနိုင်ငံ အတွက် EU က ပေးအပ်ေ်နတဲ့ ဖွံ့ဖြိုးရေး အကူအညီတွေကိုလည်း ပြန်လည် သုံးသပ်နေကြောင်း EU ရဲ့ မြန်မာရုံးက ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG