သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

MEC ကို ၿဗိတိန္ ဒဏ္ခတ္အေရးယူ


A handout photograph released by the UK Parliament shows Britain's Foreign Secretary Dominic Raab delivering a statement to a hybrid, socially distanced session in the House of Commons in London on November 26, 2020. - Britain on Thursday defended swingei

{{Zawgyi/Unicode}}
ျမန္မာစစ္တပ္နဲ႔ဆက္စပ္ပတ္သက္ေနတဲ့ စီးပြါးေရးလုပ္ငန္းႀကီးတခုကို ၿဗိတိန္ႏုိင္ငံက ၾကာသပေတးေန႔မွာ အေရးယူ ဒဏ္ခတ္လိုက္ပါတယ္။ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) အေပၚ ၿဗိတိန္ႏုိင္ငံက အခုခ်မွတ္လိုက္တဲ့ ဒဏ္ခတ္မႈေတြ ခ်က္ခ်င္းအသက္၀င္မွာျဖစ္ပါတယ္။

ကေလးငယ္ေတြအပါအ၀င္ အျပစ္မဲ့ျပည္သူေတြကို မဆင္မျခင္ သတ္ျဖတ္ေနတဲ့ ျမန္မာစစ္တပ္ရဲ ႔ ေအာက္တန္းက်တဲ့လုပ္ရပ္ေတြ ပိုဆိုးလာတယ္လို႔လည္း ၿဗိတိန္ႏုိင္ငံျခားေရး၀န္ႀကီး Dominic Raab ကေျပာပါတယ္။

ျမန္မာ့စီးပြါးေရးလုပ္ငန္းအေတာ္မ်ားမ်ားကို ထိန္းခ်ဳပ္ထားတဲ့ စစ္တပ္ပိုိင္ ကုမၸဏီေတြကို အေရးယူဒဏ္ခတ္ေနတာမွာ ဦးပိုင္ကုမၸဏီလီမိတက္ (MEHL) ကိုေတာ့ ၿဗိတိန္အစိုးရက အေစာပိုင္းကတည္းက အေရးယူ ဒဏ္ခတ္ထားၿပီးပါၿပိီ။

ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္ (MEHL)၊ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) တို႔ကို အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာနကလည္း ပစ္မွတ္ထား အေရးယူထားၿပီးပါၿပီ။

ျမန္မာႏိုင္ငံမွာ စစ္တပ္ပိုင္ စီးပြားေရးကုမၸဏီေတြဟာ အရက္၊ ဘီယာ၊ စီးကရက္နဲ႔ ဆက္သြယ္ေရးလုပ္ငန္း၊ သတၱဳတူးေဖာ္ေရးနဲ႔ အိမ္ျခံေျမလုပ္ငန္းေတြထိ စီးပြားေရးလုပ္ငန္းက႑ေပါင္းစုံမွာ လုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။

.............................

{{Zawgyi/Unicode}}
မြန်မာစစ်တပ်နဲ့ဆက်စပ်ပတ်သက်နေတဲ့ စီးပွါးရေးလုပ်ငန်းကြီးတခုကို ဗြိတိန်နိုင်ငံက ကြာသပတေးနေ့မှာ အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အပေါ် ဗြိတိန်နိုင်ငံက အခုချမှတ်လိုက်တဲ့ ဒဏ်ခတ်မှုတွေ ချက်ချင်းအသက်ဝင်မှာဖြစ်ပါတယ်။

ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို မဆင်မခြင် သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ရဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေ ပိုဆိုးလာတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကပြောပါတယ်။

မြန်မာ့စီးပွါးရေးလုပ်ငန်းအတော်များများကို ထိန်းချုပ်ထားတဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေကို အရေးယူဒဏ်ခတ်နေတာမှာ ဦးပိုင်ကုမ္ပဏီလီမိတက် (MEHL) ကိုတော့ ဗြိတိန်အစိုးရက အစောပိုင်းကတည်းက အရေးယူ ဒဏ်ခတ်ထားပြီးပါပြီ။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ပစ်မှတ်ထား အရေးယူထားပြီးပါပြီ။

မြန်မာနိုင်ငံမှာ စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေဟာ အရက်၊ ဘီယာ၊ စီးကရက်နဲ့ ဆက်သွယ်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးနဲ့ အိမ်ခြံမြေလုပ်ငန်းတွေထိ စီးပွားရေးလုပ်ငန်းကဏ္ဍပေါင်းစုံမှာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG