သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုရွားအေပၚ ကန္ ဒဏ္ခတ္ အေရးယူမႈေဘာင္ခ်ဲ႕


၀ါရွင္တန္ဒီမွာ ရွိတဲ့ ရုရွားသံရံုး

(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စုမွာ ဆိုက္ဘာအင္တာနက္ တိုက္ခိုက္မႈ၊ ေရြးေကာက္ပဲြကို ေႏွာက္ယွက္မႈ၊ ခ႐ိုင္းမီးယား ေဒသမွာ ရန္လိုမႈေတြ အပါအ၀င္ အဖ်က္အေမွာင့္ လုပ္ရပ္ေတြအတြက္ ႐ုရွားႏိုင္ငံကို အေမရိကန္က ဒဏ္ခတ္ အေရးယူလိုက္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္ အေမရိကန္ သမၼတ ေရြးေကာက္ပဲြမွာ ၾကား၀င္ေႏွာက္ယွက္မႈ၊ သတင္းမွားေတြ ျဖန္႔ေ၀မႈနဲ႔ ဆက္ႏြယ္ၿပီး၊ ႐ုရွားနဲ႔ ဆက္ႏြယ္တဲ့ အဖဲြ႕အစည္းနဲ႔ လူပုဂၢိဳလ္ စုစုေပါင္း ၃၂ ခုကို ဒဏ္ခတ္အေရးယူလိုက္တာပါ။ ႐ုရွားေထာက္လွမ္းေရး တခ်ဳိ႕အပါအ၀င္ ဝါရွင္တန္ဒီစီ ႐ုရွားသံ႐ုံးက ၀န္ထမ္း ၁၀ ေယာက္ကိုလည္း ျပည္ႏွင္ဒဏ္ ေပးလိုက္ေၾကာင္း သမၼတ အိမ္ျဖဴေတာ္က ေျပာပါတယ္။ အေမရိကန္အေပၚ ႐ုရွားက အလားတူ လုပ္ရပ္မ်ဳိးေတြ ထပ္မလုပ္ေအာင္ ရည္ရြယ္ေၾကာင္းလည္း အိမ္ျဖဴေတာ္ ေျပာခြင့္ရ Jen Psaki ကေျပာပါတယ္။

“႐ုရွားအစိုးရရဲ႕ လုပ္ရပ္ေတြေၾကာင့္ ထိခိုက္နစ္နာမႈေတြဟာ လက္ခံႏိုင္စရာ မရွိတာေၾကာင့္ တုံ႔ျပန္အေရးယူဖို႔ ရည္ရြယ္တာ ျဖစ္ပါတယ္။” လို႔ အိမ္ျဖဴေတာ္ ေျပာခြင့္ရက ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုခဲ့တာပါ။

႐ုရွားႏိုင္ငံျခားေရး ၀န္ႀကီးဌာနက အေမရိကန္ရဲ႕ ဒဏ္ခတ္မႈဟာ ၂ ႏိုင္ငံ ဆက္ဆံေရးကို ထိခိုက္ေစတဲ့ လုပ္ရပ္ျဖစ္ၿပီး၊ ျပန္လည္တုံ႔ျပန္သြားမွာျဖစ္ေၾကာင္း အေမရိကန္ သံအမတ္ႀကီးကို အသိေပးခဲ့တယ္လို႔လည္း ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။

သမၼတ Joe Biden ကေတာ့ ႐ုရွားအစိုးရရဲ႕ အဖ်က္အေမွာင့္ လုပ္ရပ္ေတြေၾကာင့္ အေမရိကန္ရဲ႕ အမ်ဳိးသားလုံျခံဳေရး၊ ႏိုင္ငံျခားေရးနဲ႔ စီးပြားေရးအေပၚ ႀကီးမားတဲ့ ၿခိမ္းေျခာက္မႈေတြ ရွိေနတဲ့အေပၚ ႏိုင္ငံေတာ္ အေရးေပၚအေျခအေနတရပ္ သမၼတ အမိန္႔နဲ႔ ထုတ္ျပန္ထားေၾကာင္း ကြန္ဂရက္လႊတ္ေတာ္ကို စာေပးပို႔ အေၾကာင္းၾကားထားပါတယ္။

႐ုရွားအတိုက္အခံေခါင္းေဆာင္ Alexey Navalny အေပၚ က်ဳးလြန္တဲ့လုပ္ရပ္ေတြ အတြက္လည္း ႐ုရွားအစိုးရ အရာရွိ ၇ ေယာက္နဲ႔ အစိုးရဌာန ၁ ဒါဇင္ေက်ာ္ကို သမၼတ Biden အစိုးရက ၿပီးခဲ့တဲ့ လမွာပဲ ဒဏ္ခတ္အေရးယူထားပါတယ္။

ရုရွားအေပၚ ကန္ ဒဏ္ခတ္ အေရးယူမႈေဘာင္ခ်ဲ႕
please wait

No media source currently available

0:00 0:01:35 0:00
တိုက္႐ိုက္ လင့္ခ္


..............

ရုရှားအပေါ် ကန် ဒဏ်ခတ် အရေးယူမှု ဘောင်ချဲ့

(Unicode)

အမေရိကန် ပြည်ထောင်စုမှာ ဆိုက်ဘာအင်တာနက် တိုက်ခိုက်မှု၊ ရွေးကောက်ပွဲကို နှောက်ယှက်မှု၊ ခရိုင်းမီးယား ဒေသမှာ ရန်လိုမှုတွေ အပါအဝင် အဖျက်အမှောင့် လုပ်ရပ်တွေအတွက် ရုရှားနိုင်ငံကို အမေရိကန်က ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ကြားဝင်နှောက်ယှက်မှု၊ သတင်းမှားတွေ ဖြန့်ဝေမှုနဲ့ ဆက်နွယ်ပြီး၊ ရုရှားနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၃၂ ခုကို ဒဏ်ခတ်အရေးယူလိုက်တာပါ။ ရုရှားထောက်လှမ်းရေး တချို့အပါအဝင် ဝါရှင်တန်ဒီစီ ရုရှားသံရုံးက ဝန်ထမ်း ၁၀ ယောက်ကိုလည်း ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ အမေရိကန်အပေါ် ရုရှားက အလားတူ လုပ်ရပ်မျိုးတွေ ထပ်မလုပ်အောင် ရည်ရွယ်ကြောင်းလည်း အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ကပြောပါတယ်။

“ရုရှားအစိုးရရဲ့ လုပ်ရပ်တွေကြောင့် ထိခိုက်နစ်နာမှုတွေဟာ လက်ခံနိုင်စရာ မရှိတာကြောင့် တုံ့ပြန်အရေးယူဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။” လို့ အိမ်ဖြူတော် ပြောခွင့်ရက ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်ရဲ့ ဒဏ်ခတ်မှုဟာ ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်ပြီး၊ ပြန်လည်တုံ့ပြန်သွားမှာဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီးကို အသိပေးခဲ့တယ်လို့လည်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

သမ္မတ Joe Biden ကတော့ ရုရှားအစိုးရရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကြောင့် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးနဲ့ စီးပွားရေးအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အပေါ် နိုင်ငံတော် အရေးပေါ်အခြေအနေတရပ် သမ္မတ အမိန့်နဲ့ ထုတ်ပြန်ထားကြောင်း ကွန်ဂရက်လွှတ်တော်ကို စာပေးပို့ အကြောင်းကြားထားပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny အပေါ် ကျုးလွန်တဲ့လုပ်ရပ်တွေ အတွက်လည်း ရုရှားအစိုးရ အရာရှိ ၇ ယောက်နဲ့ အစိုးရဌာန ၁ ဒါဇင်ကျော်ကို သမ္မတ Biden အစိုးရက ပြီးခဲ့တဲ့ လမှာပဲ ဒဏ်ခတ်အရေးယူထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG