သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတသစ်နဲ့ ရုရှားသမ္မတ ပထမဆုံးအကြိမ် ဖုန်းစကားပြော


ကန်သမ္မတသစ် Joe Biden နဲ့ ရုရှားသမ္မတ Vladimir Putin။
ကန်သမ္မတသစ် Joe Biden နဲ့ ရုရှားသမ္မတ Vladimir Putin။

[Zawgyi/Unicode]

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်ဟာ ကျမ်းကျိန်ပွဲပြီးကတည်းက ပထမဆုံးအဖြစ် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အင်္ဂါနေ့က စကားပြောခဲ့ပါတယ်။

နျူကလီးယားလက်နက် ထိန်းချုပ်ရေးဆိုင်ရာ သမိုင်းဝင် သဘောတူစာချုပ်ကို သက်တမ်းတိုးဖို့ ခေါင်းဆောင်နှစ်ယောက် စကားပြောချိန်အတွင်း သဘောတူခဲ့ကြသလို ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို ဖမ်းထားတာ၊ ရုရှားရဲ့ ဆိုင်ဘာသူလ ျှိုလုပ်ငန်းကိစ္စ၊ အာဖဂန်နစ္စတန်က အမေရိကန်တပ်ဖွဲ့တွေကို သုတ်သင်ရင် ဆုချီးမြှင့်မယ်လို့ ရုရှားက လ ျှို့ဝှက်ကြေညာထားတယ်ဆိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကို သမ္မတဘိုင်ဒန်က ပြောဆိုခဲ့တယ်လို့ ဘိုင်ဒန်အစိုးရအဖွဲ့ အကြီးတန်းတာဝန်ရှိသူနှစ်ဦးက ပြောပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ အခုလိုပြောဆိုချက်တွေက သမ္မတဟောင်း ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ သိသိသာသာကွဲပြားတဲ့ ရပ်တည်ချက် နောက်တခုကို ထပ်ပြလိုက်သလိုပါပဲ။ သမ္မတထရမ့်ပ်ကတော့ သမ္မတတပူတင်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့အပေါ် မကြာခဏ အမွှမ်းတင်ပြောဆိုလေ့ရှိခဲ့သူပါ။

ရုရှားနဲ့အမေရိကန်ကြား နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ် လာမယ့် ဖေဖော်ဝါရီလအစပိုင်းမှာ သက်တမ်းမကုန်ခင် နောက်ထပ်ငါးနှစ် သက်တမ်းထပ်တိုးဖို့ သမ္မတဘိုင်ဒန်နဲ့ သမ္မတပူတင်တို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

သဘောတူစာချုပ်ကို အလျင်အမြန်သက်တမ်းတိုးရေး သံတမန်ရေးဆိုင်ရာ ဆက်သွယ်ချက်တွေ အပြန်အလှန် ပေးပို့ခဲ့ကြတဲ့အပေါ် ကျေနပ်တဲ့အကြောင်း ခေါင်းဆောင်တွေက ပြောခဲ့ကြတယ်လို့ ရုရှားအစိုးရ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ချုပ်ဆိုခဲ့တဲ့ ဒီသဘောတူညီချက်အရ နှစ်နိုင်ငံစလုံးရဲ့ နျူကလီးယားထိပ်ဖူးတပ် လက်နက်အရေအတွက်ကို ၁,၅၅၀ ထိပဲထားဖို့ သတ်မှတ်ထားတာပါ။

စာချုပ်သက်တမ်းတိုးရေးကို ရုရှားနိုင်ငံရဲ့ ဒူးမား အောက်လွှတ်တော်က ဒီကနေ့ အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

စာချုပ်သက်တမ်းတိုးရေးဆိုင်ရာ အစောပိုင်းက စေ့စပ်ညှိနှိုင်းတာတွေက အောင်မြင်မှုမရခဲ့ပါဘူး။ ဒီ နှစ်နိုင်ငံသဘောတူစာချုပ်ထဲမှာ တရုတ်နိုင်ငံကိုပါ ထည့်သွင်းဖို့ အရင် သမ္မတထရမ့်ပ်အစိုးရက တောင်းဆိုခဲ့တာကြောင့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ကန်သမ္မတသစ်နဲ့ ရုရှားသမ္မတ ပထမဆုံးအကြိမ် ဖုန်းစကားပြော
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG