သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အတိုက္အခံ ဆႏၵျပသမားေတြ ဖမ္းဆီးတဲ့ ႐ုရွားကို အေရးယူဒဏ္ခတ္ဖို႔ ျပင္သစ္ တိုက္တြန္း


႐ုရွားအတုိက္အခံေခါင္းေဆာင္ Alexei Navalny ေထာက္ခံ ဆႏၵျပသူေတြနဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြ ထိပ္တိုက္ေတြ႔ေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၂၃၊ ၂၀၂၁)

(Zawgyi / Unicode)

႐ုရွားႏိုင္ငံမွာ အတိုက္အခံေခါင္းေဆာင္ Alexei Navalny ကို ေထာက္ခံသူေတြရဲ႕ ဆႏၵျပပြဲေတြမွာ ေထာင္နဲ႔ခ်ီ အဖမ္းဆီးခံရတာဟာ တရားဥပေဒစိုးမိုးေရးကို ထိခိုက္ေစေၾကာင္းနဲ႔ ဒီီအတြက္ ႐ုရွားအစိုးရကို ဒဏ္ခတ္အေရးယူၾကဖို႔ ျပင္သစ္ႏုိင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian က တနဂၤေႏြေန႔မွာ ေတာင္းဆုိလိုက္ပါတယ္။

“အခုလို အာဏာရွင္ဆန္ဆန္ လုပ္ေဆာင္လာတာဟာ သိပ္စိုးရိမ္စရာေကာင္းေၾကာင္းနဲ႔ ဆႏၵျပသူေတြကို အခုလို ဖမ္းဆီးမႈေတြေၾကာင့္ တရားဥပေဒ စိုးမိုးေရးအတြက္ ေမးခြန္းထုတ္စရာေတြ ျဖစ္လာေၾကာင္း” ေျပာသြားတာပါ။

႐ုရွားႏိုင္ငံတလႊား စေနေန႔ ဆႏၵျပပြဲမွာ လူေပါင္း ေသာင္းနဲ႔ခ်ီ ပါဝင္ခဲ့ၾကတာျဖစ္ၿပီး ရဲေတြက လူေပါင္း ၃,၀၀၀ ေက်ာ္ကို ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

အဆိပ္ခတ္ခံခဲ့ရတဲ့ အတိုက္အခံေခါင္းေဆာင္ Navalny ဟာ ဂ်ာမနီမွာ ေဆးကုသမႈ ခံယူေနရာကေန ၿပီးခဲ့တဲ့သီတင္းပတ္ထဲ ေမာ္စကိုကို ျပန္ေရာက္ေရာက္ခ်င္း အဖမ္းခံခဲ့ရတဲ့ေနာက္ ဆႏၵထုတ္ေဖာ္ထုတ္ၾကဖို႔ သူ႔ကို ေထာက္ခံသူေတြကို သူက ေျပာၾကားခဲ့တာပါ။

အီးယူ ဥေရာပသမဂၢရဲ႕ အလွည့္က်သဘာပတိျဖစ္တဲ့ ဂ်ာမနီႏိုင္ငံကလည္း ႐ုရွားအတိုက္အခံေခါင္းေဆာင္ Navalny နဲ႔ ေထာင္နဲ႔ခ်ီတဲ့ သူ႔ကို ေထာက္ခံသူေတြကို ဖမ္းဆီးမႈနဲ႔ ႐ုရွားသမၼတ Vladimir Putin ကို အီးယူက အေရးယူ ဒဏ္ခတ္သင့္တယ္လို႔ တနဂၤေႏြေန႔မွာ ေျပာပါတယ္။

စေနေန႔ ဆႏၵျပမႈေတြအတြက္ ႐ုရွားလံုၿခံဳေရး တာဝန္ရွိသူေတြရဲ႕ ကိုင္တြယ္မႈနဲ႔ ပတ္သက္ၿပီး အေမရိကန္၊ အီးယူနဲ႔ ၿဗိတိန္တို႔လည္း ႐ႈတ္ခ်ခဲ့ၾကတာျဖစ္ၿပီး ျပင္သစ္နဲ႔ အီတလီ ႏုိင္ငံျခားေရးဝန္ႀကီးေတြကေတာ့ ႐ုရွားကို အေရးယူဒဏ္ခတ္ဖို႔ သေဘာတူေၾကာင္း ေျပာၾကားခဲ့ၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အတိုက်အခံ ဆန္ဒပြသမားတွေ ဖမ်းဆီးတဲ့ ရုရှားကို အရေးယူဒဏ်ခတ်ဖို့ ပြင်သစ် တိုက်တွန်း

ရုရှားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေမှာ ထောင်နဲ့ချီ အဖမ်းဆီးခံရတာဟာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေကြောင်းနဲ့ ဒီအတွက် ရုရှားအစိုးရကို ဒဏ်ခတ်အရေးယူကြဖို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

“အခုလို အာဏာရှင်ဆန်ဆန် လုပ်ဆောင်လာတာဟာ သိပ်စိုးရိမ်စရာကောင်းကြောင်းနဲ့ ဆန္ဒပြသူတွေကို အခုလို ဖမ်းဆီးမှုတွေကြောင့် တရားဥပဒေ စိုးမိုးရေးအတွက် မေးခွန်းထုတ်စရာတွေ ဖြစ်လာကြောင်း” ပြောသွားတာပါ။

ရုရှားနိုင်ငံတလွှား စနေနေ့ ဆန္ဒပြပွဲမှာ လူပေါင်း သောင်းနဲ့ချီ ပါဝင်ခဲ့ကြတာဖြစ်ပြီး ရဲတွေက လူပေါင်း ၃,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဆိပ်ခတ်ခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် Navalny ဟာ ဂျာမနီမှာ ဆေးကုသမှု ခံယူနေရာကနေ ပြီးခဲ့တဲ့သီတင်းပတ်ထဲ မော်စကိုကို ပြန်ရောက်ရောက်ချင်း အဖမ်းခံခဲ့ရတဲ့နောက် ဆန္ဒထုတ်ဖော်ထုတ်ကြဖို့ သူ့ကို ထောက်ခံသူတွေကို သူက ပြောကြားခဲ့တာပါ။

အီးယူ ဥရောပသမဂ္ဂရဲ့ အလှည့်ကျသဘာပတိဖြစ်တဲ့ ဂျာမနီနိုင်ငံကလည်း ရုရှားအတိုက်အခံခေါင်းဆောင် Navalny နဲ့ ထောင်နဲ့ချီတဲ့ သူ့ကို ထောက်ခံသူတွေကို ဖမ်းဆီးမှုနဲ့ ရုရှားသမ္မတ Vladimir Putin ကို အီးယူက အရေးယူ ဒဏ်ခတ်သင့်တယ်လို့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။

စနေနေ့ ဆန္ဒပြမှုတွေအတွက် ရုရှားလုံခြုံရေး တာဝန်ရှိသူတွေရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်၊ အီးယူနဲ့ ဗြိတိန်တို့လည်း ရှုတ်ချခဲ့ကြတာဖြစ်ပြီး ပြင်သစ်နဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီးတွေကတော့ ရုရှားကို အရေးယူဒဏ်ခတ်ဖို့ သဘောတူကြောင်း ပြောကြားခဲ့ကြတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG