သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတိုက်အခံ Navalny ပြန်လွှတ်ဖို့ ကန်နဲ့ ဥရောပနိုင်ငံတချို့တောင်းဆို


ရုရှားအစိုးရအတိုက်အခံ Alexei Navalny။ (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀)
ရုရှားအစိုးရအတိုက်အခံ Alexei Navalny။ (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ရုရှားအစိုးရအတိုက်အခံ Alexei Navalny ကို ရုရှားအစိုးရက ဖမ်းဆီးခဲ့တဲ့အပေါ် အမေရိကန်အပါအဝင် ဥရောပနိုင်ငံတချို့က ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ပြီးခဲ့တဲ့နှစ် August လတုန်းက အဆိပ်ခပ်ခံခဲ့ရလို့ ဂျာမနီနိုင်ငံမှာ ဆေးကုသမှုခံယူခဲ့ပြီးနောက် ရုရှားနိုင်ငံကို တနင်္ဂနွေနေ့က ပြန်သွားတဲ့ Navalny ကို မော်စကိုလေဆိပ်အရောက်မှာပဲ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံရေးအတိုက်အခံ Alexei Navalny ကို ဖမ်းဆီးတဲ့အပေါ် အင်မတန် စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ ရေးသားပါတယ်။ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီးတွေကလည်း သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ရုရှားအပေါ် အမြန်ဆုံး ဒဏ်ခတ်အရေးယူဖို့ EU ဥရောပသမဂ္ဂကို တောင်းဆိုမယ်လို့ Lithuania နိုင်ငံကပြောသလို ဥရောပသမဂ္ဂထဲမှာ ဒဏ်ခတ်မှုတွေလုပ်ရေး ဆွေးနွေးစေချင်တယ်လို့ Czech သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောပါတယ်။

ခုလိုအနောက်နိုင်ငံတချို့ရဲ့ တောင်းဆိုမှုတွေကို ရုရှားအစိုးရကတော့ ပယ်ချခဲ့ပြီး အနောက်နိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံတွင်းက ပြဿနာကိုပဲ ဖြေရှင်းပါလို့ တုံ့ပြန်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ရုရှားအစိုးရအတိုက်အခံ Navalny ဟာ လွန်ခဲ့တဲ့ ၅ လလောက်က အာရုံကြောထိခိုက်တဲ့ အဆိပ်ခတ်ခံခဲ့ရတာပါ။ ရုရှားအစိုးရက သူ့ကိုလုပ်ကြံဖို့ကြိုးစားတယ်လို့ Navalny ကပြောပေမဲ့ ရုရှားအစိုးရက ငြင်းဆန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG