သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုရွားအတုိက္အခံ Navalny ကို ေမာ္စကိုမွာ ရက္ (၃၀) ခ်ဳပ္ထားမည္ 


ရုရွားအတုိက္အခံ Navalny အဖမ္းခံရ

(Zawgyi/Unicode)

တနဂၤေႏြေန႔က ရုရွားႏိုင္ငံကို ျပန္ေရာက္လာတဲ့ အတိုက္အခံေခါင္းေဆာင္ Alexei Navalny ကို ရက္ေပါင္း ၃၀ ခ်ဳပ္ထားဖို႔ ေမာ္စကိုက တရားသူႀကီးက တနလၤာေန႔မွာ အမိန္႔ခ်မွတ္ လိုက္ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လထဲမွာ အဆိပ္မိခဲ့တဲ့ Navalny ဟာ ဂ်ာမဏီႏိုင္ငံမွာ ေဆးကုသမႈ ခံယူ ေနရာ ကေန တနဂၤေႏြေန႔က ပထမဆံံုးအႀကိမ္အျဖစ္ ရုရွားကို ျပန္လာခ်ိန္မွာပဲ ေမာ္စကိုက Sheremetyevo ေလဆိပ္ ေရာက္ေရာက္ခ်င္း အဖမ္းခံခဲ့ရတာပါ။

သူ႔ကို မဖမ္းခင္မွာပဲ ျပန္ေရာက္လာတာအတြက္ သူသိပ္ဝမ္းသာေၾကာင္းနဲ႔ ၅ လအတြင္း ဒီေန႔ဟာ အေကာင္းဆံုးေန႔ ျဖစ္ေၾကာင္း သူက သတင္းေထာက္ေတြကို ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။

ၾသဂုတ္လမွာ Siberia မွာ ခရီးသြားရင္း စစ္တပ္သံုးအဆင့္ ရွိတဲ့ အာရံုေၾကာထိခိုက္ေစတဲ့ အဆိပ္ခတ္ ခံခဲ့ရခ်ိန္ကစၿပီး ၅ လေလာက္ ေဆးကုသမႈခံယူခဲ့ရတာပါ။ သူ႔ကို အဆိပ္ခတ္ဖို႔ ရုရွားသမၼတ Vladimir Putin က ေထာက္လွမ္းေရးေတြကို အမိန္႔ေပးခဲ့တာ ျဖစ္ေၾကာင္း Navalny က လူသိရွင္ၾကား စြပ္စြဲခဲ့ေပမယ့္ ရုရွားအစိုးရက ေတာ့ မဟုတ္မွန္ေၾကာင္း ျပင္းျပင္းထန္ထန္ ျငင္းဆိုပါတယ္။

တနဂၤေႏြေန႔ သူ႔ကို ဖမ္းဆီးတာဟာလည္း သူဟာ ၂၀၁၄ ခုႏွစ္တုန္းက က်ခံရမယ့္ အျပစ္ဒဏ္ကာလ မေစ့ခင္ ျပန္လႊတ္ေပးတုန္းက ခံဝန္ခ်က္ကတိကို ေဖာက္ဖ်က္မႈနဲ႔ ဖမ္းဆီးရတာ ျဖစ္ေၾကာင္း ရုရွားအာဏာပိုင္တြက ေျပာပါတယ္။

သူ႔ကို အခုလို ဖမ္းဆီးမႈအတြက္ အေမရိကန္နဲ႔ ဥေရာပ ႏိုင္ငံေတြက ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၾကတာေၾကာင့္ ရုရွားနဲ႔ အေနာက္ႏိုင္ငံေတြၾကား တင္းမာမႈ ေတြ တိုးလာေစပါတယ္။Navalny ကို အျမန္ဆံုး ျပန္လႊတ္ေပးဖို႔ ဥေရာပေကာ္မရွင္ အႀကီးအကဲ Ursula von der Leyen ၊ ကုလသမဂၢ လူ႔အခြင့္ေရးဆိုင္ရာ မဟာမင္းႀကီး၊ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Dominic Raab နဲ႔ အီးယူ ဥေရာပ ႏိုင္ငံေတြက ထိပ္တန္းအရာရွိေတြက ေတာင္းဆိုခဲ့ၾကပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က အခုလို ဖမ္းဆီးမႈအတြက္ ျပင္းျပင္းထန္ထန္ ရႈတ္ခ်ခဲ့သလို အမ်ိဳးသားလံုၿခံဳေရး အႀကံေပးအျဖစ္ အေရြးေကာက္ခံ သမၼတဂ်ိဳးဘိုင္ဒန္ ေရြးခ်ယ္ထားတဲ့ Jake Sullivan ကလည္း Navalny ကိုလႊတ္ေပးဖို႔ ရုရွားအာဏာပိုင္ေတြကို ေတာင္းဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


........

ရုရှားအတိုက်အခံ Navalny ကို မော်စကိုမှာ ရက် (၃၀) ချုပ်ထားမည်

(Unicode)

တနင်္ဂနွေနေ့က ရုရှားနိုင်ငံကို ပြန်ရောက်လာတဲ့ အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ရက်ပေါင်း ၃၀ ချုပ်ထားဖို့ မော်စကိုက တရားသူကြီးက တနင်္လာနေ့မှာ အမိန့်ချမှတ် လိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ အဆိပ်မိခဲ့တဲ့ Navalny ဟာ ဂျာမဏီနိုင်ငံမှာ ဆေးကုသမှု ခံယူ နေရာ ကနေ တနင်္ဂနွေနေ့က ပထမဆံုံးအကြိမ်အဖြစ် ရုရှားကို ပြန်လာချိန်မှာပဲ မော်စကိုက Sheremetyevo လေဆိပ် ရောက်ရောက်ချင်း အဖမ်းခံခဲ့ရတာပါ။

သူ့ကို မဖမ်းခင်မှာပဲ ပြန်ရောက်လာတာအတွက် သူသိပ်ဝမ်းသာကြောင်းနဲ့ ၅ လအတွင်း ဒီနေ့ဟာ အကောင်းဆုံးနေ့ ဖြစ်ကြောင်း သူက သတင်းထောက်တွေကို ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

သြဂုတ်လမှာ Siberia မှာ ခရီးသွားရင်း စစ်တပ်သုံးအဆင့် ရှိတဲ့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်ခတ် ခံခဲ့ရချိန်ကစပြီး ၅ လလောက် ဆေးကုသမှုခံယူခဲ့ရတာပါ။ သူ့ကို အဆိပ်ခတ်ဖို့ ရုရှားသမ္မတ Vladimir Putin က ထောက်လှမ်းရေးတွေကို အမိန့်ပေးခဲ့တာ ဖြစ်ကြောင်း Navalny က လူသိရှင်ကြား စွပ်စွဲခဲ့ပေမယ့် ရုရှားအစိုးရက တော့ မဟုတ်မှန်ကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုပါတယ်။

တနင်္ဂနွေနေ့ သူ့ကို ဖမ်းဆီးတာဟာလည်း သူဟာ ၂၀၁၄ ခုနှစ်တုန်းက ကျခံရမယ့် အပြစ်ဒဏ်ကာလ မစေ့ခင် ပြန်လွှတ်ပေးတုန်းက ခံဝန်ချက်ကတိကို ဖောက်ဖျက်မှုနဲ့ ဖမ်းဆီးရတာ ဖြစ်ကြောင်း ရုရှားအာဏာပိုင်တွက ပြောပါတယ်။

သူ့ကို အခုလို ဖမ်းဆီးမှုအတွက် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှု တွေ တိုးလာစေပါတယ်။Navalny ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen ၊ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab နဲ့ အီးယူ ဥရောပ နိုင်ငံတွေက ထိပ်တန်းအရာရှိတွေက တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အခုလို ဖမ်းဆီးမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သလို အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် အရွေးကောက်ခံ သမ္မတဂျိုးဘိုင်ဒန် ရွေးချယ်ထားတဲ့ Jake Sullivan ကလည်း Navalny ကိုလွှတ်ပေးဖို့ ရုရှားအာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG