သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိပ်ခတ်ခံရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Navalny ကျန်းမာရေးပြန်လည်တိုးတက်


ရုရှားအတိုက်အခံ ခေါင်းဆောင် Alexei Navalny ဆေးကုသနေတဲ့ ဆေးရုံအပြင်ဘက်
ရုရှားအတိုက်အခံ ခေါင်းဆောင် Alexei Navalny ဆေးကုသနေတဲ့ ဆေးရုံအပြင်ဘက်

(Zawgyi/Unicode)

ဂျာမဏီဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ရုရှားအတိုက်အခံ ခေါင်းဆောင် Alexei Navalny ရဲ့ ကျန်းမာရေး အခြေနေဟာ တိုးတက်လာနေပြီး အခုဆို တပ်ထားတဲ့စက်တွေပါ ဖယ်ရှားလိုက်ပြီဖြစ်သလို ကိုယ်တွင်းအင်္ဂါတွေလည်း ပြန်အလုပ်လုပ် နေပြီဖြစ်ကြောင်း ဆေးရုံက ကြေညာချက် ထုတ်ပြန်ပြောပါတယ်။

ရုရှားသမ္မတ Vladimir Putin ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ Navalny ဟာ Serbia ကနေ မော်စကို ကို လေယာဉ်နဲ့အသွား နာမကျန်းဖြစ်ခဲ့တဲ့ အတွက် လမ်းမှာ အရေးပေါ်ဆင်းခဲ့ရပြီး Omsk မြို့မှာ ဆေးကုသမှုခံယူရာကနေ ၂ ရက်အကြာ သြဂုတ်လ ၂၂ ရက်နေ့မှာတော့ ဂျာမဏီ ဆေးရုံကို ပြောင်းရွှေ့ ကုသခံခဲ့တာ ဖြစ်ပါတယ်။ ဂျာမန် ဓါတုလက်နက် ကျွမ်းကျင်သူတွေက သူဟာ ဆိုဗီယက်ရုရှားခေတ် ကသုံးတဲ့ အာရုံကြောထိခိုက်စေတဲ့ Novichok အမျိုးအစား ဓါတုအဆိပ်မိခဲ့တာ ဖြစ်ကြောင်း ပြောပေမယ့် ရုရှား ဘက်ကတော့ လက်မခံပါဘူး။

အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ Navalny ရဲ့ အခြေနေဟာ တိုးတက်လာကြောင်းနဲ့ သူဟာ ပြောဆိုတာကို နားလည်တုံ့ပြန်ပြီ ဖြစ်ပေမယ့် ပြင်းထန်တဲ့ အဆိပ်ဒဏ် ခံစားနေရဆဲပဲ ဖြစ်ကြောင်း ဘာလင်မြို့က Charite ဆေးရုံက ပြောပါတယ်။

ဂျာမဏီအစိုးရကတော့ ဓါတ်ခွဲခန်း အဖြေအရ ဒီဓါတုအဆိပ်ခတ်ခံရတာ ဖြစ်ကြောင်း သံသယရှိစရာ မလိုဘူးလို့ ပြောကြားခဲ့သလို Navalny အဆိပ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ ရုရှားကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီအဆိပ်ခတ်မှုမှာ ရုရှားအစိုးရ ပါဝင် ပတ်သက်နေတယ်လို့ Navalny မိတ်ဆွေတွေရဲ့ စွပ်စွဲ ပြောဆိုမှုတွေအတွက် ရုရှားအစိုးရက ငြင်းဆိုထားတာပါ။

ရုရှားအတိုက်အခံအရေးနဲ့ ပတ်သက်ပြီး ဂျာမဏီဝန်ကြီးချုပ် Angela Merkel က သူထောက်ခံမှု ပေးထားတဲ့ အငြင်းပွါးဖွယ် ဂျာမဏီ- ရုရှား ဓါတ်ငွေ့ပိုက်လိုင်းကိစ္စနဲ့ ပတ်သက်ပြီး ပြန်စဉ်းစားလာနိုင်ကြောင် ဝန်ကြီးချုပ်ကရုံးက တနင်္လာနေ့မှာ အရိပ်အခြေပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.........


(Unicode)






XS
SM
MD
LG