သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 Aleksei Navalny ရဲ့ ေရွ့ေနကို ရုရွားေထာက္လွမ္းေရးဖမ္းဆီး တရားစြဲ


ရုရွားအတိုက္အခံအဖြဲ႔အစည္း ရဲ႕ ေရွ႕ေန Lyubov Sobol (ဖေဖာ္ဝါရီလ၊ ၂၉ ၊ ၂ဝ၂ဝ)

{{Zawgyi/Unicode}}

အစိုးရအေပၚ ရွင္းရွင္းဘြင္းဘြင္း ေဝဖန္သူ Aleksei Navalny ရဲ့ အဂတိတိုက္ဖ်က္ေဖာင္ေဒးရွင္း (FBK) အတြက္ေဆာင္ရြက္ေနသူ ေရွ ံေန Lyubov Sobol ကို ရာဇဝတ္ေၾကာင္းနဲ ့တရားစြဲဆိုလိုက္ျပီး ေမးခြန္းမ်ားေမးျမန္းဖို႔ သူမကိုေခၚေဆာင္သြားျပီလို ့ FBK က ေျပာပါတယ္။

စာနယ္ဇင္းသမားနဲ ့နိုင္ငံေရးတက္ၾကြလွုပ္ရွားသူတဦးလည္းျဖစ္တဲ့ Sobol ရဲ့ အခန္းကို ရဲေတြက ဝင္ေရာက္ရွာေဖြျပီး သူမရဲ့ ကြန္ျပဴတာနဲ ့တယ္လီဖုန္းေတြကိုလည္း သိမ္းဆည္းသြားတယ္လို ့ဆိုပါတယ္။

Sobol ဟာ သူမနဲ ့အဆက္အသြယ္ျဖတ္ေတာက္မွုမတိုင္မီကေလးတင္မွာပဲ ဗြီဒီယိုဖိုင္တခုကို Twitter ေပၚမွာတင္ခဲ့တာပါ။ အခန္းအျပင္က တစုံတေယာက္က တခါးကိုထုေနတာမို ့ သူမရဲ့ ရ နွစ္အရြယ္သမီးေအာ္ငိုေနတာကို ဗြီဒီယိုထဲၾကားေနရပါတယ္။ ရဲေတြက သူမအိမ္တံခါးကို လာေခါက္ေနတာျဖစ္ျပီး ဒါပထမဦးဆံုးအၾကိမ္ အိမ္ကို လာေရာက္ရွာေဖြတာလို ့သူမက ဗီြဒီယိုထဲမွာ ေျပာထားပါတယ္။

သီးျခား ေစာင့္ၾကည္ကင္မရာတခုရဲ့ ဗီြဒီယိုဖိုင္ထဲမွာေတာ့ မ်တ္နွာဖံုးစြတ္ထားတဲ့ အနက္ေရာင္ ဝတ္စံုဝတ္ေတြကို ေမာ္စကိုျမိဳ ့က သူမေနထိုင္တဲ့ အေဆာက္အဦးထဲမွာ ေတြ ့ျမင္ရပါတယ္။

အတိုက္အခံတဦးျဖစ္တဲ့ Navalny ကို ရုရွေထာက္လွမ္းေရး FSB က အဆိပ္ခတ္ခဲ့ဖြယ္ရာရွိေၾကာင္း အသံသြင္းတိတ္ေခြမွတဆင့္ ထုတ္ေဖာ္ေျပာဆိုမွုေနာက္ပို္င္း Sobol က ျပီးခဲ့တဲ့ ဒီဇင္ဘာ ၂၁ မွာ FSB နဲ ့ဆက္ႏြယ္တဲ့ Konstantin Kudryavtsev နဲ ့ေတြ ့ဆံုဖို ့ၾကိဳးစားခဲ့တာျဖစ္ပါတယ္။

Sobol ရဲ့ ေရွ ့ေနကေတာ့ Kudryavtsev ရဲ့ ေယာကၡမျဖစ္သူက တိုင္တန္းျပီးတဲ့ေနာက္မွာ အခုလို သူမကုိ အခုလို ဖမ္းဆီးစစ္ေဆးမွုျဖစ္ေပၚလာတယ္လို ့ဆိုပါတယ္။

Navalny ကေတာ့ သူ ့ကို အဆိပ္ခတ္ခံရျခင္းကေန သူ ျပန္လည္သက္သာလာတဲ့ ဂ်ာမဏီနိုင္ငံမွာပဲ လက္တေလာေနထိုင္လ်က္ရွိျပီး ရုရွနို္င္ငံကို ျပန္မယ့္ရက္ကို မသက္မွတ္ရေသးဘူးလို ့ဆိုပါတယ္ ခင္ဗ်ာ။

..................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

Aleksei Navalny ရဲ့ ရှေ့နေကို ရုရှားထောက်လှမ်းရေးဖမ်းဆီး တရားစွဲ

အစိုးရအပေါ် ရှင်းရှင်းဘွင်းဘွင်း ဝေဖန်သူ Aleksei Navalny ရဲ့ အဂတိတိုက်ဖျက်ဖောင်ဒေးရှင်း (FBK) အတွက်ဆောင်ရွက်နေသူ ရှေ ံနေ Lyubov Sobol ကို ရာဇဝတ်ကြောင်းနဲ့တရားစွဲဆိုလိုက်ပြီး မေးခွန်းများမေးမြန်းဖို့ သူမကိုခေါ်ဆောင်သွားပြီလို့ FBK က ပြောပါတယ်။

စာနယ်ဇင်းသမားနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ Sobol ရဲ့ အခန်းကို ရဲတွေက ဝင်ရောက်ရှာဖွေပြီး သူမရဲ့ ကွန်ပြူတာနဲ့တယ်လီဖုန်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ဆိုပါတယ်။

Sobol ဟာ သူမနဲ့အဆက်အသွယ်ဖြတ်တောက်မှုမတိုင်မီကလေးတင်မှာပဲ ဗွီဒီယိုဖိုင်တခုကို Twitter ပေါ်မှာတင်ခဲ့တာပါ။ အခန်းအပြင်က တစုံတယောက်က တခါးကိုထုနေတာမို့ သူမရဲ့ ရ နှစ်အရွယ်သမီးအော်ငိုနေတာကို ဗွီဒီယိုထဲကြားနေရပါတယ်။ ရဲတွေက သူမအိမ်တံခါးကို လာခေါက်နေတာဖြစ်ပြီး ဒါပထမဦးဆုံးအကြိမ် အိမ်ကို လာရောက်ရှာဖွေတာလို့သူမက ဗွီဒီယိုထဲမှာ ပြောထားပါတယ်။

သီးခြား စောင့်ကြည်ကင်မရာတခုရဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ မျတ်နှာဖုံးစွတ်ထားတဲ့ အနက်ရောင် ဝတ်စုံဝတ်တွေကို မော်စကိုမြို့က သူမနေထိုင်တဲ့ အဆောက်အဦးထဲမှာ တွေ့မြင်ရပါတယ်။

အတိုက်အခံတဦးဖြစ်တဲ့ Navalny ကို ရုရှထောက်လှမ်းရေး FSB က အဆိပ်ခတ်ခဲ့ဖွယ်ရာရှိကြောင်း အသံသွင်းတိတ်ခွေမှတဆင့် ထုတ်ဖော်ပြောဆိုမှုနောက်ပိုင်း Sobol က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ မှာ FSB နဲ့ဆက်နွယ်တဲ့ Konstantin Kudryavtsev နဲ့တွေ့ဆုံဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

Sobol ရဲ့ ရှေ့နေကတော့ Kudryavtsev ရဲ့ ယောက္ခမဖြစ်သူက တိုင်တန်းပြီးတဲ့နောက်မှာ အခုလို သူမကို အခုလို ဖမ်းဆီးစစ်ဆေးမှုဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။

Navalny ကတော့ သူ့ကို အဆိပ်ခတ်ခံရခြင်းကနေ သူ ပြန်လည်သက်သာလာတဲ့ ဂျာမဏီနိုင်ငံမှာပဲ လက်တလောနေထိုင်လျက်ရှိပြီး ရုရှနိုင်ငံကို ပြန်မယ့်ရက်ကို မသက်မှတ်ရသေးဘူးလို့ဆိုပါတယ် ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG