သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတိုက်အခံခေါင်းဆောင် Navalny ရဲ့ဇနီး အပါအဝင် လူရာချီ အဖမ်းခံရ


ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ရဲ့ဇနီး Yulia Navalnaya. (သြဂုတ် ၂၁၊ ၂၀၂၀)
ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ရဲ့ဇနီး Yulia Navalnaya. (သြဂုတ် ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ရုရှားနိုင်ငံတလွှား စနေနေ့က အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ထောက်ခံတဲ့ ဆန္ဒပြသူ ရာနဲ့ချီ အဖမ်းခံခဲ့ရတဲ့ထဲမှာ Nalvany ရဲ့ဇနီးဖြစ်သူ Yulia Navalnaya လည်း ပါဝင်နေပါတယ်။

Yulia က သူ့ကိုဖမ်းသွားတဲ့ ရဲကားထဲကနေ သူအဖမ်းခံနေရကြောင်း Instagram မှာတင်ပြီး ပြောကြားခဲ့တာပါ။

ဆန္ဒပြပွဲတွေဟာ တရားမဝင်ဘူးလို့ ကြေညာထားပြီး ရဲတွေက ချေမှုန်းနေတဲ့ကြားကပဲ စနေနေ့က ရုရှားနိုင်ငံရဲ့ မြို့ကြီး ၆၀ ကျော်မှာ Navalny ကို ထောက်ခံသူ ထောင်ပေါင်းများစွာက သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေဟာ ရုရှားအရှေ့ဖျားက ဆိုက်ဘေးရီးယားပြည်နယ်မှာရှိတဲ့ မြို့ကြီးတွေမှာ စတင်ခဲ့တာဖြစ်ပြီး တရုတ်နယ်စပ်နားက Khabarovsk မြို့မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား အဓိကရုဏ်းတွေ ဖြစ်ခဲ့တာပါ။

မော်စကို အပါအဝင် နိုင်ငံအနှံ့မှာရှိတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကတော့ ဆန္ဒပြပွဲ မတိုင်ခင်ကတည်းက အဖမ်းခံနေရတာပါ။

အဆိပ်ခတ်ခံရတဲ့အတွက် ဂျာမနီမှာ ဆေးကုသမှု ခံယူနေရာကနေ မော်စကိုကို ပြန်ရောက်ရောက်ချင်းမှာပဲ Navalny အဖမ်းခံခဲ့ရသလို အဲဒီအချိန်ကတည်းက စပြီး သူ့ကို ထောက်ခံသူတွေက တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြကြဖို့ လုပ်ဆောင်နေကြတာပါ။

Navalny ကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သလို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုနေတာ ဖြစ်ပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင် Navalny ရဲ့ဇနီး အပါအဝင် လူရာချီ အဖမ်းခံရ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)





ဆန်ဒပွပှဲတှဟော ရုရှားအရှေ့ဖြားက ဆိုကျဘေးရီးယားပွညျနယျမှာရှိတဲ့ မွို့ကွီးတှမှော စတငျခဲ့တာဖွဈပွီး တရုတျနယျစပျနားက Khabarovsk မွို့မှာတော့ ဆန်ဒပွသူတှနေဲ့ ရဲတှကွေား အဓိကရုဏျးတှေ ဖွဈခဲ့တာပါ။




XS
SM
MD
LG