သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump အမှု ကြားနာဖို့ အထက်လွှတ်တော်ရီပတ်ပလင်ကန်အများစုကန့်ကွက်


အမေရိကန်လွှတ်တော်မြင်ကွင်း။ (ဇန်နဝါရီ ၂၅၊ ၂၀၂၁)
အမေရိကန်လွှတ်တော်မြင်ကွင်း။ (ဇန်နဝါရီ ၂၅၊ ၂၀၂၁)

[Zawgyi/Unicode]

သမ္မတဟောင်း ဒေါ်နယ်လ်ဒ် ထရမ့်ပ်အပေါ် အောက်လွှတ်တော်က တရားစွဲဆိုထားတာကို ကြားနာစစ်ဆေးရေး အထက်လွှတ်တော် ရီပတ်ဘလီကန်အမတ်အများစုက ကန့်ကွက်ခဲ့ကြပါတယ်။

သမ္မတဟောင်းကို တရားစွဲဆိုထားတဲ့အပေါ် ကြားနာပွဲလုပ်မလုပ် အင်္ဂါနေ့က အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲ ၅၅ မဲ၊ ကန့်ကွက်မဲ ၄၅ မဲနဲ့ ကြားနာပွဲလုပ်ဖို့ ကျခဲ့ပေမယ့် ဒီမိုကရက်အမတ် ၅၀ လုံးနဲ့အတူ ထောက်ခံမဲပေးခဲ့တာ ရီပတ်ဘလီကန်အမတ် ၅ ယောက်ပဲ ရှိပါတယ်။

ဒီအခြေအနေက သမ္မတဟောင်းထရမ့်ပ်မှာ အပြစ်ရှိတယ်ဆိုပြီး အထက်လွှတ်တော်မှာ ထောက်ခံမဲအများစုနဲ့ ဆုံးဖြတ်ချက်ကျဖို့ ဖြစ်နိုင်ခြေနည်းတာကို ပြနေပါတယ်။ သမ္မတဟောင်းထရမ့်ပ်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ဖို့ ဒီမိုကရက်အမတ် အယောက် ၅၀ လုံးက ထောက်ခံမဲပေးရမှာဖြစ်တဲ့အပြင် ရီပတ်ဘလီကန်အမတ် ၁၇ ယောက်ထက်မနည်းက ထောက်ခံဖို့လည်း လိုပါတယ်။

အထက်လွှတ်မှာ ကြားနာစစ်ဆေးတာကို ဖေဖော်ဝါရီလ ၉ ရက်နေ့ စတင်မှာဖြစ်ပြီး အဲဒီကြားနာပွဲပြီးတဲ့နောက်မှာမှ သမ္မတဟောင်းမှာ အပြစ်ရှိမရှိ မဲခွဲဆုံးဖြတ်ကြမှာပါ။

ဇန်နဝါရီလ ၆ ရက်နေ့က လွှတ်တော်အဆောက်အဦးထဲကို လူအုပ်ကြီး အတင်းဖျက်ဆီးဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ဆက်စပ်ပြီး အဲဒီအချိန်က သမ္မတထရမ့်ပ်ဟာ အစိုးရအပေါ် ပုန်ကန်ထကြွမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်ခဲ့သလားဆိုတာ အထက်လွှတ်တော်အမတ်တွေ ကြားနာစစ်ဆေးကြမှာဖြစ်ပါတယ်။

ကြားနာစစ်ဆေးပွဲ လုပ်မလုပ်ဆိုတာကို မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုခဲ့တဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Rand Paul က အထက်လွှတ်တော်ဟာ သာမန်နိုင်ငံသားတဦးအပေါ် တရားစစ်ဆေးတာမျိုး မလုပ်နိုင်ဘူးလို့ ငြင်းချက်ထုတ်ပါတယ်။ သမ္မတဟောင်းထရမ့်ပ်ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ Joe Biden သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် သာမန်နိုင်ငံသားတဦးဖြစ်နေပါပြီ။ ဒါပေမဲ့လည်း သာမန်နိုင်ငံသားတွေအပေါ် အထက်လွှတ်တော်မှာ တရားစစ်ဆေးတာမျိုး အရင်ကလည်း လုပ်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG